မိန်းကလေးဆန်ပြီးလှတဲ့ ပို့စ်ပေးနည်းများ
mystylemyanmar.com
|
2024-04-28

ဓာတ်ပုံရိုက်ရတာဝါသနာပါတဲ့သူတွေအတွက် မိန်းကလေးဆန်ပြီးလှတဲ့ ပို့စ်ပေးနည်းတွေကို မျှဝေပေးလိုက်ပါတယ်။ ဒီပို့စ်ပေးနည်းတွေက ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက်တောင် အဆင်ပြေတဲ့ ပို့စ်လေးတွေဖြစ်ပါတယ်။

ဒီပို့စ်လေးဆိုရင် လမ်းသွားလာရင်းနဲ့ ရိုက်ရင်တောင်မှ လှနေစေမယ့် ပို့စ်လေးပါ။ ခေါင်းလေးစောင်းပြီး နည်းနည်းပြုံးလိုက်ရင် အဆင်ပြေပါတယ်။ အရမ်းလွယ်ကူပါတယ်နော်။


ရေကူးကန်မှာဘောင်မှာရိုက်တဲ့အခါ ဒီလိုလေးပို့စ်ပေးကြည့်ပါ။ မိန်းကလေးဆန်ပြီး အရမ်းလှသလို ချစ်ဖို့လည်းကောင်းနေစေမှာပါ။


ပန်းစည်းလေးကိုင်ပြီး ဓာတ်ပုံရိုက်တဲ့အခါမှာ လှပနေစေမယ့် ပို့စ်ပေးနည်းလေးပါ။ အရမ်းလည်းလွယ်ကူပါတယ်။


ပို့စ်သိပ်မပေးတတ်လည်း ရယ်ပြုံးတတ်ရင် အဆင်ပြေတဲ့ ပို့စ်လေးပါ။ အရမ်းလှသလို ချစ်ဖို့လည်းကောင်းတာကြောင့် ဒီလိုလေးလည်း ရိုက်ကြည့်နော်။


ကင်မရာကို မကြည့်ချင်တဲ့အခါမှာတော့ ဒီလိုလေးပို့စ်ပေးလိုက်ရုံပဲနော်။ တကူးတက စတိုင်လ်ထုတ် ပို့စ်ပေးနေစရာမလိုတဲ့ ပို့စ်မျိုးတွေဖြစ်လို့ natural ဆန်ပြီးလှပါတယ်။


ဒီလိုလေးလည်း ပို့စ်ပေးရိုက်ကြည့်ပါ။ ပို့စ်ပေးရလွယ်ကူပြီး မိန်းကလေးဆန်ဆန်နဲ့ လှတာပါပဲ။


ငုတ်တုတ်ထိုင်ပြီးရိုက်တဲ့အခါမှာတောင် ချစ်ဖို့ကောင်းပြီး လှပနေစေမယ့် ပို့စ်မျိုးဖြစ်ပါတယ်။ ဒီလိုလေးလည်း ရိုက်ကြည့်နော်။


ဆံပင်လှန်တင်နေတဲ့ပုံလေးရိုက်ရင် လက်နှစ်ဖက်လုံးကို ဒီလိုလေးမြှောက်ထားပြီး ပို့စ်ပေးပါ။ မျက်နှာက တည်နေလည်းလှသလို ရယ်ပြုံးနေလည်း လှနေမှာပါ။


Portrait ပုံလေးတွေရိုက်တဲ့အခါမှာတော့ အပြင်မှာရိုက်ရင် ဒီလိုလှည့်ကြည့်နေတဲ့ပုံစံလေးသာ ပို့စ်ပေးလိုက်ပါ။ ရိုးရိုးလေးနဲ့ မိန်းကလေးဆန်ပြီးလှနေပါလိမ့်မယ်။


ရေကူးကန်မှာရိုက်တဲ့အခါ ဆွဲဆောင်မှုရှိတဲ့ပုံစံတွေ sexy look တွေ မရိုက်ချင်ဘူးဆိုရင် ဒီလိုလေးသာ ပို့စ်ပေးလိုက်နော်။ အရမ်းလှပါတယ်။



#ကင်မရာ
#မျက်နှာ
#ပို့စ်ပေးနည်း
#မိန်းကလေး
#ဓာတ်ပုံ

Some text some message..