ကမ္ဘာကျော်ဆယ်လီတွေ အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းများ
mystylemyanmar.com
|
2024-04-28

အနုပညာရှင်တွေ ပရိသတ်တွေရှေ့ ထွက်လာကြပြီဆိုရင် အပြစ်ပြောစရာမရှိအောင်ကို လှပကြတာမို့ ဘာတွေများသုံးနေလို့ ဒီလောက်လှနေတာလဲဆိုပြီး တွေးမိရလောက်အောင်ကိုပါပဲ။

ဆယ်လီတွေဖြစ်တာမို့ သူတို့ပဲ အသုံးပြုနိုင်တဲ့ ဈေးကြီးမိတ်ကပ်တွေပဲ သုံးမှာပါပဲလေလို့ ထင်မယ်ဆိုရင်တော့ မှားသွားပါလိမ့်မယ်။

ဒီကမ္ဘာကျော်အနုပညာရှင်တွေဟာဆိုရင်လည်း ဈေးကြီးတာမကြီးတာထက် သူတို့အသားအရေအတွက် သင့်တော်ပြီးတော့ သူတို့ကြိုက်တယ်ဆိုရင် Budget ဖြစ်တဲ့ အလှကုန်လည်း သုံးတယ်ဆိုတာကို ဒီအနုပညာရှင်တွေက ပြောပြနေပါတယ်။

Kylie Jenner အသုံးပြုနေတဲ့ Mario Badescu Drying Lotion


ဝက်ခြံတွေအတွက် အဆင်ပြေတဲ့ Spot Treatment ဖြစ်ပြီးတော့ ဝက်ခြံနဲ့အဆီဖုတွေကို (၅)ရက်အတွင်း ချပ်စေပါတယ်။ Zinc Oxide , Glycerin , Salicylic Acid ပါလို့ နီမြန်းရောင်ရမ်းနေတာတွေ သက်သာစေပါတယ်။

Amal Clooney အသုံးပြုနေတဲ့ Charlotte Tilbury Eyes To Mesmerise Eyeshadow


eye shadow ဆိုရင် ကာလာတွေ palette တွေအများကြီးနဲ့ အရောင်တွေလဲမစပ်ချင်ဘူး တစ်မျိုးထဲကိုပဲ လှလှလေး ရွေးချင်တဲ့သူတွေအတွက် သင့်တော်ပါတယ်။ cream eyeshadow ကိုမှ shimmer လေးတွေပါပြီးတော့ လက်လေးနဲ့ဖြစ်ဖြစ် brush နဲ့ဖြစ်ဖြစ်လိမ်းလို့ရပါတယ်။ water infused formula ဖြစ်လို့ လိမ်းလိုက်ရင် အေးအေးလေးနဲ့ refresh ဖြစ်သွားတဲ့အတွက် tired eyes တွေအတွက် hydrate လုပ်ပြီးသားလဲဖြစ်သွားပါတယ်။

Black Lively အသုံးပြုတဲ့ L’Oreal Color Riche Made For Me Lipstick


အရောင်ထွက်အားကောင်းပြီး ဆိုးလိုက်ရင် နူးညံ့စိုအိသွားစေတဲ့ lipstick လေး ဖြစ်ပါတယ်။ Argan oil vitamineတို့ပါလို့ နူတ်ခမ်းသားမခေါက်စေပဲ အစိုဓါတ်ပါဖြည့်ပေးပါတယ်။

Sarah Hyland သုံးတဲ့ e.l.f. Camo CC Cream


e.l.f. ရဲ့ SPF 30 ပါဝင်တဲ့ ဒီ CC Cream ကတော့ နေရောင်ခြည်မှလည်း ကာကွယ်ပေးမှာဖြစ်ပါတယ်။ ၁၀၀ ရာခိုင်နှုန်း cruelty-free နဲ့ vegan ဖြစ်တာမို့ ချက်ချင်းတောင် ပြေးဝင်သွားချင်ပါလိမ့်မယ်။

Taylor Swift ဆိုးတဲ့ Mac Retro matte lipstick


နာမည်ကြီးပြီးလူကြိက်များတဲ့ အနီရောင်တွေထဲမှာ နာမည်ကြီးပြီး လူကြိုက်များဆုံးလေးပါ။ Elegant , strong and feminine look အတွက် အပြည့်ဆိုးရင်လှသလို cute, young and Korean look အတွက်လည်း အရမ်းလှပါတယ်။

Margot Robbie သုံးတဲ့ 111SKIN Y Theorem Bio Cellulose Facial Mask


stress ဖြစ်နေတေဲ့ skin ကို calm ဖြစ်စေတဲ့ 111skin ရဲ့ soothing effect ပေးတဲ့ sheet mask လေးပါ၊ collagen ထုတ်လုပ်မှုလည်းမြန်စေပြီး အထူးသဖြင့် ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ရှင်သန်လာစေပြီး ပြန်တည်တင်းရင်းစေပါတယ်

Khloe Kardashian သုံးတဲ့ Origins Clear Improvement Active Charcoal Mask


ချွေးပေါက်ကျယ်တာ အဆီပြန်တာတွေကို သက်သာစေတဲ့ origins ရဲ့ နာမည်ကြီး charcoal mask လေးက ချွေးပေါက်ထဲမှာ ပိတ်စို့နေတဲ့ အညစ်အကြေးတွေ အဆီတွေ အဆိပ်တွေကို ဖယ်ရှားပေးတာမို့ အဆီဖုနဲ့ ဝက်ခြံဖြစ်တာကို ကာကွယ်ပေးတဲ့အပြင် ချွေးပေါက်ကျယ်တာကိုလည်း သက်သာစေပါတယ်။


#အနီရောင်
#အနုပညာရှင်
#ကမ္ဘာကျော်
#နာမည်ကြီး
#နာမည်

Some text some message..