ဂျိုင်းချွေးနံ့ထွက်တဲ့ပြဿနာကို ဖြေရှင်းနိုင်စေမယ့် အကောင်းဆုံး ဂျိုင်းလိမ်းတောင့်တွေ
mystylemyanmar.com
|
2024-05-04

နေပူထဲပဲသွားသွား၊ အဲကွန်းအခန်းထဲမှာပဲနေနေ အချို့လူတွေအနေနဲ့ကတော့ အမြဲတမ်းကို ချွေးထွက်တတ်ပါတယ်။ ဒီလိုမျိုးကြည့်မကောင်းအောင် ချွေးတွေထွက်နေမယ်ဆိုရင် လူကြားထဲသွားလာရတာလည်း အလွန်ကို စိတ်အနှောင့်အယှက်ဖြစ်လာရပါတယ်။

ကိုယ့်ချွေးအနံ့ကြောင့် ကိုယ့်ကိုသူများတွေ ရှောင်ဖယ်သွားမလား ရွံမုန်းမလားဆိုတာကို ခေါင်းထဲအမြဲတွေးနေမိမယ်ဆိုရင် သွားရလာရတာ အဆင်ပြေနေတော့မှာ မဟုတ်ပါဘူး။

ချွေးတွေထွက်လွန်းလို့ လူကြားထဲရောက်ကာမှ ဂျိုင်းနံ့ဆိုးတာမျိုးမဖြစ်ရအောင် ဂျိုင်းလိမ့်တောင့်တွေကို သုံးရတာလည်း အမောပါပဲ။ ဒါပေမယ့် ကိုယ်နဲ့မအပ်စပ်တဲ့၊ အရည်အသွေးမကောင်းတတွေ သုံးမိမယ်ဆိုရင်တော့ ဘယ်လိုမှထိရောက်မှုရှိနိုင်မှာမဟုတ်ပါဘူး။

ဒါကြောင့် ကြုံတွေ့နေရတဲ့ ဂျိုင်းချွေးနံ့ထွက်တဲ့ပြဿနာကို ဖြေရှင်းနိုင်စေမယ့် အကောင်းဆုံး ဂျိုင်းလိမ်းတောင့်တွေကို ဖော်ပြပေးလိုက်ရပါတယ်။

Dove Advanced Care Anti-Perspirant Deodorant


နွေရာသီအချိန်မျိုးနဲ့ အရမ်းသင့်တော်တဲ့ သခွားသီးနံ့လေးဖြစ်ပြီးတော့ ဘယ်တော့မှ ရိုးသွားမှာမဟုတ်ပါဘူး။ အခဲ Type မို့ ခြောက်သွားအောင်စောင့်စရာလဲ မလိုသလို စိုစိစိလည်း ဖြစ်မနေပါဘူး။ ရေမွှေးမဆွတ်ဖြစ်တဲ့နေ့တွေ ဒါလေးသုံးထားရင်တောင် ရေမွှေးဆွတ်ထားသလိုကို မွှေးနေမှာဖြစ်ပါတယ်။

Degree Shower Clean Deodorant


လုံးဝအနံ့သင်းသင်းလေးနဲ့ အေးအေးလေး စိတ်ကြည်ပြီး Fresh ဖြစ်တဲ့အနံ့လေးဖြစ်ပါတယ်။ Roll On ထက်ကို ပိုကောင်းတဲ့ Deodorant လေးဖြစ်ပြီးတော့ အကျီတွေစွန်းမှာပူစရာမလို ခြောက်တာကိုလည်း စောင့်စရာမလိုပါဘူး။
Shower Clean ဆိုတဲ့အတိုင်းပဲ ရေချိုးပြီးခါစ Fresh ဖြစ်ပြီး အေးသလိုခံစားချက်လေးရလို့ ပူအိုက်တဲ့အချိန်မျိုးနဲ့ဆို အလိုက်ဆုံးလေးလို့ပြောလို့ရပါတယ်။

Kiehl’s Superbly Efficient Perspirant & Deodorant Cream


Kiehl’s ရဲ့ Deodorant လေးက ချွေးအရမ်းထွက်တာကို လျှော့ချပေးနိုင်တဲ့အပြင် ချိုင်းသားကိုပါ Moisturize ဖြစ်စေလို့ ချိုင်းလေးကို နူးညံ့ချောမွေ့စေမှာဖြစ်ပါတယ်။ အင်္ကျီတွေမှာ အရောင်စွန်းတာမျိုးတွေလည်း မဖြစ်စေဘဲ 24 hrs ကြာအောင်ပါချွေးနံ့ထိန်းပေးနိုင်တော့ အရမ်းအဆင်ပြေပါတယ်။ Deodorant ထက်ပိုပြီး Repair Cream နဲ့တောင်တူလို့ Wax လုပ်တာများပြီး ချိုင်းက Chicken Skin လိုဖြစ်နေတဲ့သူတွေတွက်လည်း Smooth Skin လေးဖြည်းဖြည်းချင်းပြန်ရစေပါတယ်။

Megababe Fruit Daily Deodorant


Roll on တွေလို ခြောက်သွားဖို့လည်း စိတ်မပူရဘဲ တနေ့လုံးနီးပါးကို အနံ့ကစွဲနေမှာပါ။ ပီကေ ချိုမွှေးအနံ့လေးကိုမှ Fresh ဖြစ်တဲ့အနံ့လေးမို့ အနံ့ပြင်းပြီး စူးတာတွေမခံနိုင်တဲ့သူလေးတွေအတွက် အရမ်းအဆင်ပြေတာပါတယ်။ Bilberry, Lemon နဲ့ Orange သစ်သီးပေါင်းစုံ ပေါင်းစပ်ထားလို့ ချိုင်းသားမဲတာ ကြမ်းတာတွေ သက်သာစေပြီး ချိုင်းသားလေးလည်း ဖြူလာစေမှာဖြစ်ပါတယ်။

Drunk Elephant Deodorant cream


Deodorant တွေမှာ ပါဝင်တတ်တဲ့ အရေပြားကို အန္တရာယ်ဖြစ်စေတဲ့ Aluminium-derived Ingredientsတွေ မပါပါဘူး။ ဂျိုင်းချွေးနံ့ နံစေတဲ့ Bacteria ပိုးမွှားတွေကိုသေစေပြီး ချွေးထွက်လွယ်တာကို သက်သာစေပါတယ်။ တစ်နေ့ တကြိမ်လိမ်းထားရုံနဲ့ အနံ့ကို ၁၀နာရီလောက် ထိန်းထားနိုင်ပြီး ဂျိုင်းသားကိုလဲ ဖြူဝင်းလာစေမှာပါ။

Rexona Deodorant Spray


ပူလောင်တဲ့ ရာသီဥတုကို အံတုပြီး ကိုယ်သင်းနံ့ သင်းသင်းလေးနဲ့ ချိုင်းသားကို ခြောက်သွေ့အေးမြနေဖို့အတွက် Rexona Deodorant Spray တို့ကိုလည်း ရွေးချယ်နိုင်ပါတယ်။ Sakura Radiance က Sakura နံ့ သင်းသင်းလေးနဲ့ နူးညံ့သိမ်မွေ့တဲ့ ခံစားချက်ကို ရရှိစေပြီး Rose Glow ကတော့ သဘာဝ နှင်းဆီပန်းရနံ့လေးနဲ့ ချိုင်းမြှောက်လိုက်တိုင်း ယုံကြည်ချက်ရှိစေမှာပါ။

Cotton Dry လေးကတော့ ချိုင်းသားကို ခြောက်သွေ့စေပြီး အေးအေးမွှေးမွှေးလေးနဲ့ တစ်နေကုန် Fresh ဖြစ်နေစေမှာဖြစ်ပါတယ်။ Spray Type မို့ သုံးရတာ လွယ်ကူတဲ့အပြင် စေးကပ်ခြင်းမရှိဘဲ ဖြန်းလိုက်တာနဲ့ အေးမြလန်းဆန်းတဲ့ ခံစားချက်ကို ရရှိစေမှာပါ။

Vaseline GlutaGlow Serum Deodorant


Ampoule Serum ဆိုတဲ့အတိုင်းလေးပဲ Serum လောက်လဲမကျဲပဲ Ampoule မကျ Serum မကျ Type လေး Deodorant တွေလောက်လည်း မပြစ်နေဘဲ Lightweight ဖြစ်ပါတယ်။ ချိုင်းသားကို ဖြူဝင်းစေတဲ့ Niacinamide နဲ့
Vitamin E ပါဝင်ပြီး Wax လုပ်ရင်း အပူလောင်လို့ ညိုမဲတာကိုပါ သက်သာစေပါတယ်။ Sunflower seed oil, Glutathione နဲ့ Collagen က ချိုင်းသားကို နူးညံ့ချောမွေ့စေပါတယ်။


#သဘာဝ
#ခံစားချက်
#အခန်း
#ပြဿနာ
#ရာသီ

Some text some message..