ဘယ်တော့မှရိုးမသွားတဲ့ ချယ်ရီအနီရောင် လက်သည်းဒီဇိုင်းများ
mystylemyanmar.com
|
2024-05-09

လက်သည်းအရောင်တွေထဲမှာ မျက်လုံးထဲထင်းပြီး ဆွဲဆောင်မှုရှိတဲ့ အရောင်တွေထဲကမှ ရွှဲရွှဲစိုပြီးလှနေတဲ့ ချယ်ရီအနီရောင်လေးက လက်သည်းအလှကိုလည်း ပိုပြီးပေါ်လွင်စေတဲ့အရောင်ပါ။ ဒါကြောင့် ဒီလိုအရောင်စိုစိုကြိုက်တဲ့ ပျိုမေတွေအတွက် ချယ်ရီအနီရောင်လက်သည်းဒီဇိုင်းတချို့ကို ဝေမျှပေးချင်ပါတယ်။

အနီရောင်တောက်တောက်လေးက ဘယ်နှစ်ကြိမ်ဆိုးဆိုး ရိုးမသွားပါဘူး။


Coquette Vibe အတွက်ဆို လက်သည်းနီနီပေါ်မှာ ဖဲပြားအဖြူလေးထည့်ပြီး ပုံဖော်ကြည့်ပါ။


3D Look လေးဖြစ်အောင် အသီးလေးတွေနေရာမှာ ကျောက်အနီလေးတွေထည့်ပြီး အလှဆင်လို့ရပါတယ်။


ချယ်ရီအနီရောင်ကိုမှ နည်းနည်းမှိုင်းတာမျိုးကြိုက်ရင် Cherry Mocha ကို ရွေးပါ။


အရမ်းမမှောင် အရမ်းမတောက်လွန်းတာမျိုးအတွက်ဆိုရင်တော့ ဒီလို Deep Red ကို ရွေးပါ။


ကတ္တီပါလေးလိုကိုမှ Cat Eye Effect ထည့်ဆိုးရင်လည်း လှပါတယ်။


Shimmer ကြိုက်တဲ့သူဆိုရင်လည်း ဒီလို Shimmer လေးထည့်ဆိုးကြည့်ပါ။


လက်သည်းကို လေးထောင့်ပုံစံထားတဲ့သူဆိုရင် ဒီလို ချယ်ရီအနီရောင်က လက်သည်းရဲ့အလှကို ပိုပေါ်စေပါတယ်။



#လက်သည်းအရောင်
#မျက်လုံး
#အနီရောင်
#လက်သည်းဒီဇိုင်း
#ဒီဇိုင်း

Some text some message..