ဒီဇိုင်းပုံမဖော်ချင်တဲ့အခါမှာဆိုးသင့်တဲ့ ခြေသည်းနီအရောင်များ
mystylemyanmar.com
|
2024-05-10

ခြေသည်းကို ဒီဇိုင်းပုံဖော်တာမျိုး မလုပ်ချင်တဲ့သူတွေအနေနဲ့ ဆိုးသင့်တဲ့ ခြေသည်းနီအရောင်လေးတွေကို ဖော်ပြပေးလိုက်ပါတယ်။ Gel ဆိုးမယ်ဆိုရင် ဒီခြေသည်းဒီဇိုင်းအရောင်တွေက အရမ်းလှပါတယ်။

အရောင်စုံစပ်ထားတာမျိုးဖြစ်လို့ ကြည့်ရတာအမြင်ဆန်းပြီး လှပါတယ်။ လူငယ်ကောင်မလေးတွေ ပိုပြီးသဘောကျမှာပါ။


ဘာအရောင်မှမဆိုးချင်တဲ့အခါ အဖြူရောင်ကို glitter ငွေရောင်လေးဖောက်ပြီးသာ ဆိုးလိုက်ပါ။ ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။


အစိမ်းရောင်ကြိုက်တယ်ဆိုရင် ခြေသည်းကို ဒီလိုလေးဆိုးကြည့်ပါ။ အရမ်းလှပါတယ်။ အရောင်က လူငယ်ဆန်တဲ့အရောင်လေးပါ။


Cat eye ဆိုးမယ်ဆိုရင် ဒီအရောင်လေးက အသားဆောင်ပြီး အရမ်းလှပါတယ်။ Glitter ဖောက်ထားတော့ ပိုလင်းသွားတာပေါ့။


ပန်းရောင်လို မိန်းကလေးဆန်တဲ့အရောင်လေးတွေ ကြိုက်တယ်ဆိုရင်တော့ ဒီခြေသည်းအရောင်လေးကိုလည်း ကြိုက်မှာပါ။ အသားလည်းဆောင်ပြီး အရမ်းလှပါတယ်။


ဘယ်အချိန်မေးမေး အနက်ပဲဆိုးမယ့်သူတွေက မရိုးအောင် ဒီလိုငွေရောင်လေး ဖောက်ဆိုးကြည့်နော်။ ပိုလှပါတယ်။


ခြေသည်းကိုဆိုးမယ်ဆိုရင် နက်ပြာရောင်ကလည်း အရမ်းလှပါတယ်။ Glitter ဖောက်လိုက်ရင် ပိုလင်းပြီး ပေါ်လွင်စေပါတယ်။


ဒီခြေသည်းအရောင်လေးတွေကလည်း ငြိမ်ပြီး ဘိုဆန်ဆန်နဲ့ လှပါတယ်။


ခရမ်းရောင်ကြိုက်တဲ့ကောင်မလေးတွေက cat eye နဲ့ glitter ကို ဒီလိုလေးဖောက်ဆိုးကြည့်ပါ။ ပိုလှပါတယ်။


အရောင်ငြိမ်ငြိမ်လေးကို နီညိုရောင်လေး ဖောက်ဆိုးထားတာဆိုတော့ ငြိမ်ပြီး အရမ်းလှပါတယ်။ ခြေထောက်မှာဆိုးရင် ဘယ်တော့မှမရိုးတဲ့ အရောင်လေးတွေပါ။



#ခြေထောက်
#ခြေသည်း
#eye
#ခြေသည်းနီ
#ဒီဇိုင်း

Some text some message..