Jeans ဘောင်းဘီအတိုလေးတွေကို ချစ်ဖို့ကောင်းအောင် ဝတ်ဆင်နိုင်မယ့် Outfit Idea များ
mystylemyanmar.com
|
2024-05-13

Jeans ဘောင်းဘီတွေက အတိုဖြစ်ဖြစ် အရှည်ဖြစ်ဖြစ် ဘယ်အချိန်ကြည့်ကြည့် ရိုးမသွားစေပါဘူး။ ကိုယ်တွဲဝတ်တဲ့ outfit design ပေါ်မူတည်ပြီး တည်ငြိမ်တဲ့ look ဆွဲဆောင်မှုရှိတဲ့ look ချစ်ဖို့ကောင်းတဲ့ look တွေ အမျိုးမျိုး ပြောင်းလဲသွားစေတာပါ။ ဒါကြောင့် ဒီတစ်ခါမှာတော့ jeans ဘောင်းဘီအတိုလေးတွေကို ချစ်ဖို့ကောင်းအောင် ဝတ်ဆင်နိုင်မယ့် outfit idea တွေကို မျှဝေပေးလိုက်ပါတယ်။

ဒီ outfit idea လေးဆိုရင် လွတ်လပ်ပေါ့ပါးပြီး ချစ်ဖို့ကောင်းပါတယ်။ ထသွားထလာ ပေါ့ပေါ့ပါးပါး ဝတ်ဆင်ဖို့အတွက် ပိုသင့်တော်ပါတယ်။


Jeans ဘောင်းဘီအတိုကို jeans color ပဲဖြစ်ဖြစ် အနက်ပဲဖြစ်ဖြစ် အဖြူပဲဖြစ်ဖြစ် ဝတ်တဲ့အခါ ဒီလို မိန်းကလေးဆန်ပြီး ချစ်ဖို့ကောင်းတဲ့ အရောင်တောက်တောက် အင်္ကျီလေးတွေနဲ့ တွဲဝတ်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းပါတယ်။


ပေါ့ပါးမှုရှိပြီး ချစ်ဖို့အရမ်းကောင်းတဲ့ outfit idea လေးပါ။ ဒီလို outfit လေးဝတ်ရင် ဆံပင်ကို ဖားလျားမချပဲ စည်းတာမျိုးတွေ၊ ဒီလိုကျစ်ဆံမြီးကျစ်တာမျိုးတွေ လုပ်မယ်ဆိုရင် ပိုချစ်ဖို့ကောင်းစေမှာပါ။


ရိုးရှင်းပြီး မိန်းကလေးဆန်ဆန်နဲ့ ချစ်ဖို့ကောင်းစေမယ့် outfit idea လေးပါ။ ရာသီဥတုမရွေး ဝတ်လို့အဆင်ပြေတယ်နော်။


ဒီ outfit idea လေးကတော့ ဘယ်တော့မှလည်း ရိုးမသွားစေသလို လုံးဝကို simple ဖြစ်ပြီး ချစ်ဖို့ကောင်းနေစေပါတယ်။


ဒီလိုအင်္ကျီအဖြူအပွလေးတွေ လက်ဖောင်းအင်္ကျီလေးတွေကို jeans ဘောင်းဘီအတိုနဲ့ တွဲဝတ်တာက ရိုးရှင်းပြီး ချစ်ဖို့ကောင်းသလို ကြည့်လိုက်တာနဲ့ လွတ်လပ်ပေါ့ပါးမှုရှိမှန်း သိသာစေပါတယ်။



မိုးရာသီနဲ့ ဆောင်းရာသီမှာဆိုရင် jeans ဘောင်းဘီအတိုကို ဒီလိုလေးဝတ်လို့ရတယ်နော်။ ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းတာပါပဲ။


လွတ်လပ်ပေါ့ပါးပြီး ဝတ်ရတာလည်း သက်တောင့်သက်သာဖြစ်ပြီး ချစ်ဖို့ကောင်းစေမယ့် ဒီ outfit idea လေးကတော့ မိန်းကလေးတိုင်း သဘောကျမယ်လို့ ထင်ပါတယ်။


ထသွားထလာ အလွယ်တကူ ကောက်ဝတ်သွားဖို့အတွက် အရမ်းအဆင်ပြေတဲ့ fashion လေးပါ။ ဒါလည်း ရိုးရှင်းပြီး ချစ်ဖို့ကောင်းပါတယ်။


ထသွားထလာဝတ်ဖို့ လွတ်လပ်ပေါ့ပါးမှုရှိစေမယ့် outfit idea လေးပါ။ မိန်းကလေး တော်တော်များများလည်း ဝတ်လေ့ရှိတဲ့ပုံစံလေးပါ။


Jeans ဘောင်းဘီအတိုကို ချစ်ဖို့ကောင်းအောင် ဒီလို outfit idea လေးအတိုင်းလည်း ဝတ်လို့ရပါသေးတယ်။



#fashion
#မိန်းကလေး
#ဘောင်းဘီ
#Jeans
#Idea

Some text some message..