တစ်ကိုယ်လုံးပုံလေးတွေရိုက်တဲ့အခါမှာ Perfect ဖြစ်ပြီးလှနေစေမယ့် Pose Idea များ
mystylemyanmar.com
|
2024-05-30

မိန်းကလေးတွေအတွက် တစ်ကိုယ်လုံးပုံလေးတွေရိုက်တဲ့အခါမှာ Perfect ဖြစ်ပြီးလှနေတဲ့ ပုံလေးတွေရလာအောင် ရိုက်နိုင်မယ့် Pose Idea တွေကို မျှဝေပေးလိုက်ပါတယ်။ Fashion ကိုလည်းသေချာလေးဝတ်စားပြီး ရိုက်မယ်ဆိုရင်တော့ လုံးဝကို Perfect ဖြစ်နေမှာနော်။

ကော်ဖီဆိုင်မှာ ခုံအမြင့်လေးရှိရင် အဲ့မှာ ဒီလိုလေးထိုင်ပြီး Pose လေးကြည့်ပါ။ အထာကျကျ Fashion လေးတွေဝတ်ထားပြီး ရိုက်မယ်ဆိုရင်တော့ ဒီ Pose လေးနဲ့က ပိုလိုက်ဖက်ပါတယ်။


ထိုင်ရိုက်တာတောင်မှ တစ်ကိုယ်လုံးပုံလေးရအောင် ဒီလိုရိုက်လို့ရတယ်နော်။ မိုးရာသီမှာ အဆွေးဓာတ်လေး ရစေမယ့် Pose လေးပါပဲ။


ဒီ Pose ဆိုရင် မျက်နှာသိပ်မပေါ်တာတောင်မှ လှပါတယ်။ မတ်တပ်ရပ်နေတဲ့ပုံနဲ့ လက်အနေအထားတွေက အသက်ပါပဲ။


ထိုင်ပြီးရိုက်ရင်တော့ ဒီ Pose လေးအတိုင်း ရိုက်ကြည့်ပါ။ လုံးဝကို Perfect ဖြစ်ပြီးလှတဲ့ပုံလေး ရလာမှာ သေချာပါတယ်။


ခရီးသွားတဲ့အခါမှာ ခရီးဆောင်အိတ်နဲ့ ဒီလိုလေး Pose ပေးရိုက်နိုင်ပါတယ်။ လှပကြော့ရှင်းပြီး Perfect ဖြစ်နေမှာနော်။


မျက်မှန်ရှိရင် ဒီ Pose လေးအတိုင်း ရိုက်ကြည့်ပါ။ Fashion ကိုသာ အမိုက်စားဝတ်ထားရင် ဒီ Pose နဲ့က လုံးဝကို Perfect ပါပဲ။


ရိုးရိုးလေးပေမယ့် Perfect ဖြစ်ပြီးလှနေစေမယ့် Pose Idea လေးပါ။ တစ်ကိုယ်လုံးပုံလေးတွေရိုက်ရင် ဒီလိုလေးရိုက်ကြည့်နော်။


ဒီ Pose လေးကတော့ ဆွဲဆောင်မှုရှိပြီး လှနေစေမယ့် Pose ပေးပဲဖြစ်ပါတယ်။ ခြေထောက်အနေအထားကြောင့် အရပ်လည်း ပိုရှည်သလို ဖြစ်သွားစေပါတယ်။


ကမ်းခြေမှာရိုက်တဲ့အခါ ကျောက်ဆောင်တွေပေါ်မှာ ဒီလိုလေးထိုင်ပြီး Pose ပေးကြည့်ပါ။ Bodyfit Dress တွေ Swimsuit တွေဝတ်ပြီး ရိုက်မယ်ဆိုရင်တော့ Perfect ဖြစ်ပြီး ပိုလှနေမှာပါ။


ထိုင်ရိုက်တဲ့အခါမှာတော့ ဒီ Pose လေးက ဆွဲဆောင်မှုရှိပြီး လှစေပါတယ်။



#Pose
#ဆွဲဆောင်မှု
#Idea
#မိန်းကလေး
#ကော်ဖီဆိုင်

Some text some message..