နာမည်ကြီးတွေဆီက Inspire ယူပြီး ဝတ်လို့ရတဲ့ Denim Skirt Outfit Ideas များ
mystylemyanmar.com
|
2024-06-06

အခုလက်ရှိ ဂျင်းစကတ်တွေကို ကြိုက်နေပြီး ဂျင်းစကတ် Trend ကို အမှီလိုက်ဖို့ စိတ်ကူးနေတဲ့ ပျိုမေတွေအတွက် ဖက်ရှင်ကျကျဝတ်နိုင်ဖို့ Ananya Panday နဲ့ Janhvi Kapoor တို့လို နာမည်ကြီးတွေဆီက Inspire ယူနိုင်တဲ့ Outfit Idea တချို့ကို ဝေမျှပေးချင်ပါတယ်။

Janhvi Kapoor လိုမျိုး Crop Top နဲ့ Skirt ပါတဲ့ ဂျင်းအတွဲအစပ်လေးက ပေါ့ပေါ့ပါးပါး နေ့လည်စာစားဖို့ ဒါမှမဟုတ် ပိတ်ရက်မှာ ခရီးထွက်တာပဲဖြစ်ဖြစ် လိုက်ဖက်ပါတယ်။


ဂျင်းစကတ်ဆို အမြဲတမ်း မိုးပြာရောင်ဘဲဝတ်နေမယ့်အစား Ananya Panday လိုမျိုး ဂျင်းအဖြူကိုမှ Top လှလှလေးနဲ့တွဲဝတ်ရင်လည်း သက်တောင့်သက်သာရှိပြီး စတိုင်ကျပါတယ်။


သူငယ်ချင်းတွေနဲ့ နေ့လည်စာစားဖို့သွားတာပဲဖြစ်ဖြစ် ပေါ့ပေါ့ပါးပါး ပွဲတက်တာပဲဖြစ်ဖြစ်၊ Maxi-အရှည် denim စကတ်ကို အလန်းစား အင်္ကျီနဲ့တွဲဝတ်ရင်လည်း ပေါ့ပေါ့ပါးပါးနဲ့ ခေတ်မီဆန်းသစ်တဲ့ ခံစားမှုကို ရမှာပါ။


သက်တောင့်သက်သာရှိပြီး စတိုင်ကျကျနဲ့ ခေတ်မီတာမျိုးမှကြိုက်ရင်တော့ ချစ်စရာဂျင်းစကတ်ကို ရွေးပြီး အနက်ရောင်၊ အဖြူ ဒါမှမဟုတ် အရောင်ရင့်ရင့်နဲ့ တွဲဝတ်လိုက်ပါ။


သက်တောင့်သက်သာရှိပြီး ပေါ့ပေါ့ပါးပါး စတိုင်လ်ကိုကြိုက်ရင် ဒီလို ဂျင်းစကတ်အရှည်ကို Cardigan လေးနဲ့တွဲဝတ်ကြည့်ပါ။


ဖက်ရှင်ကျကျ နဲ့ လူငယ်ဆန်တဲ့ Vibe မျိုး အတွက်တော့ ဂျင်းစကတ်ကို ဒီလို Corset နဲ့ တွဲဝတ်ပါ။



#ဖက်ရှင်
#Outfit
#Idea
#Skirt
#သူငယ်ချင်း

Some text some message..