ဘယ်အချိန်မှာ ဘယ်လို နေကာမျက်မှန်ဒီဇိုင်းတွေ ဝတ်သင့်သလဲ
mystylemyanmar.com
|
2024-06-06

Sunglasses တွေဟာ နွေရာသီဖက်ရှင်အတွက် အကောင်းဆုံး Accessory ထဲမှာ ပါပါတယ်။ နေကာမျက်မှန်ကောင်းတစ်လက်ဟာ မျက်လုံးကျန်းမာရေးအတွက် ကာကွယ်ပေးနိုင်သလို မျက်နှာကျကိုလည်း ပိုမှန်စေလို့ ရုပ်အသွင်အပြင်ကိုပါ ပိုကြည့်ကောင်းစေနိုင်ပါတယ်။

အောက်မှာ ပြောထားတာကတော့ ဘယ်အချိန်မှာ ဘယ်လို နေကာမျက်မှန်ဒီဇိုင်းတွေ ဝတ်သင့်သလဲဆိုတာနဲ့ ပတ်သက်တဲ့ အကြံပြုချက်တစ်ချို့ပဲ ဖြစ်ပါတယ်။

(၁) အားလပ်ရက်အပြင်ထွက်ချိန်



အချိန်ရလို့ ကားလေးနဲ့ နီးနီးနားနားပဲ သွားမယ်ဆိုရင် နေကာမျက်မှန်ကိုမှ Aviator Sunglasses စတိုင်တွေက ဒီနေရာမှာ အကောင်းဆုံးပါပဲ။

(၂) ပေါ့ပေါ့ပါးပါး Casualဆို



ဒီအတိုင်း အပြင်ထွက်ချိန်မှာ ကွန်ပိုးဆစ်ဖရိန်နဲ့ Classic စတိုင် Sunglasses မျိုး ရွေးသင့်ပါတယ်။

(၃) အပန်းပြေခရီးသွားချိန်



Vocation မှာ စိတ်ရော လူပါ လွတ်လပ်ပေါ့ပါးနေဖို့ အရေးကြီးပါတယ်။ သင့်ရဲ့ စတိုင်ဟာလည်း လွတ်လပ်မြူးကြွနေရမှာပါ။ ဒီအတွက် မျက်မှန်ကိုင်းအဝိုင်းနဲ့ ဖက်ရှင်ကို ရွေးသင့်ပါတယ််။


#ဖက်ရှင်
#မျက်မှန်
#နေကာမျက်မှန်
#အကောင်းဆုံး
#ဒီဇိုင်း

Some text some message..