ပျိုမေတို့ အသုံးများပြီး အရည်အသွေးကောင်းတဲ့ ရေချိုးဆပ်ပြာ (၅) မျိုး
mystylemyanmar.com
|
2024-06-07

အခုခေတ်ထဲမှာ ရေချိုးဆပ်ပြာရည်ကလည်း တော်တော်လေးကို ဂရုတစိုက်နဲ့ အသုံးပြုလာကြတာကို တွေ့ရပါတယ်။ ခေတ်တွေတိုးတက်လာတာနဲ့အမျှ ဆပ်ပြာခဲတွေထက် ရေချိုးဆပ်ပြာအရည်တွေကို ပိုသုံးလာကြတာပါ။

အရည်ဖြစ်သည့်အားလျော်စွာ သုံးစွဲရတာသာမက သိမ်းဆည်းရတာ၊ အမွှေးနံ့ပိုပါတာ၊ ပမာဏပိုများတာ စတာတွေကြောင့် ရေချိုးဆပ်ပြာရည်တွေက ပိုပြီး တွင်ကျယ်စွာ အသုံးပြုလာကြတာဖြစ်ပါတယ်။

နောက်ပြီး ရေချိုးဆပ်ပြာရည်တွေမှာက အသားအရေကို ပိုပြီးချောမွေ့စေတယ်၊ ပိုပြီးအသားဖြူလာစေတယ်၊ ပိုပြီးနူးညံ့လာစေတယ် စတဲ့ အားသာချက်တွေ ပါဝင်နေပါတယ်။

အခုတစ်ခေါက် ပြောပြပေးချင်တဲ့ ရေချိုးဆပ်ပြာရည်တွေကတော့ ပျိုမေတို့ အသုံးများနေတဲ့ တံဆိပ်တွေထဲက တချို့ဖြစ်ပါတယ်။

Lux Dazzling Pomegranate Shower Gel


Pomegranate ရဲ့သင်းပျံ့တဲ့ ရနံ့လေးကြောင့် စိတ်ကိုကြည်လင်စေတဲ့အပြင် ရေချိုးပြီးရင် နူးညံ့တဲ့အထိအတွေ့လေးနဲ့အတူ အသားလေးကို စိုစိုအိအိ မွှေးမွှေးလေး ကျန်ခဲ့စေတဲ့ Shower Gel လေးဖြစ်ပါတယ်။ စွဲသုံးရင် အသားအရေ မညီညာတာတွေကို သက်သာစေပြီး ကြည်လင်စိုပြေစေပါတယ်။

Vaseline Gluta Glow Gel Serum


သာမန် ရေချိုးဆပ်ပြာတွေလို မဟုတ်ပဲ Glutathione 10X ပါဝင်တာကြောင့် အသားအရေကို ဖြူကြည်ဝင်းလက် စိုအိနေစေပြီး အသားမညီတာ အသားအရေညစ်တာတွေကို သက်သာစေပါတယ်။ Smooth Glow က ခြောက်သွေ့ကြမ်းတမ်းပြီး ညစ်နွမ်းနေတာတွေကို သက်သာစေကာ အသားရေကို နူးညံ့ချောမွတ် စိုပြေစေပါတယ်။

Luminous Glow ကတော့ အသားအရေကိုဖြူစေပြီး စိုစိုအိအိလေးနဲ့ ကြည်တောက်ရှင်း Glow အသားရည်ကို ပိုင်ဆိုင်စေပါတယ်။ နောက်ဆုံးတစ်မျိုးဖြစ်တဲ့ Youthful Glow လေးက အသားအရေကို စိုပြေတင်းရင်းလှပစေပြီး ကြည်လင်တောက်ပတဲ့ အသားရည်လေးကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

Dove Deeply Nourishing Body Wash (Milk)


အနံ့မွှေးရုံတင်မဟုတ်ပဲ ရေချိုးပြီးတိုင်း အသားအရေက အာဟာရပြည့်၀ ကြည်စိုသွားတယ်ဆိုတဲ့ ခံစားချက်ကိုပါ ရစေတဲ့အပြင် အသားအရေကို နူးညံ့ချောမွေ့သွားစေမယ့် Shower လေးဖြစ်ပါတယ်။ နို့နဲ့ရေချိုးရသလိုကို ခံစားရစေပြီး အစိုဓာတ် အပြည့်ပေးတာမို့ အသားခြောက်ကြမ်းတာကို ကာကွယ်ပေးပြီး အသားအရေကို ချောမွေ့အိစက်စေပါတယ်။

Boots 3 In 1 Shower Gel


Boots ကထုတ်တဲ့ Shower Gel, Bubble Bath, Shampoo သုံးမျိုးလုံး သုံးနိုင်တဲ့ 3 in 1 shower series လေးပါ။

Peach Cotton Candy ကတော့ မက်မွန်သီးအနံ့လေးကိုမှ ချိုချဉ်အနံ့လေး ပါတာမလို့ လန်းဆန်းပြီးသက်တောင့်သက်သာရှိတဲ့ Feeling ကို ခံစားရစေမှာပါ။

Vanilla White Chocolate Macaron ရဲ့ အနံ့ကတော့ ချိုချိုအီအီနဲ့ မွှေးကြိုင်နေစေပြီး ကိုယ့်ရဲ့ပျော်ရွင်ဖွယ် အမှတ်တရတွေကို ပြန်အမှတ်စေပါလိမ့်မယ်။

Strawberry Sundae မှာတော့ Fresh strawberry & creamy vanilla ပါဝင်တာမလို့ စတော်ဘယ်ရီ ရေခဲမုန့်အနံ့လေးနဲ့ ရေခဲမုန့်စားနေရသလို Feeling မျိုးရရှိစေမှာပါ။

ချိုချိုအီအီ အုန်းသီးနံ့မွှေးမွှေးလေးကိုကြိုက်ရင် Coconut Mousse Cake လေးရွေးပါ။ Coconut, Vanilla, Caramel ပါဝင်တာမလို့ ချိုအီမွှေးအနံ့လေးနဲ့ ကိုယ့်ရဲ့ Perfect Summer Time ကို သတိရနေစေပါတယ်။

Berry Bliss Cheesecake ကတော့ Berry သီးအနံ့ချဉ်ချဉ်လေးကိုမှ Cheesecake အနံ့လေးရောထားတဲ့အတွက် အီသလိုလိုနဲ့ ချဉ်စူးစူးမဖြစ်နေပါဘူး။

Shokubutsu Monogatari Shower Cream


99% သန့်ရှင်းတဲ့ အပင်နဲ့ပန်းကရတဲ့ Ingredients တွေပဲသုံးထားလို့ မနက်ပိုင်းအလုပ်သွား အပြင်သွား တစ်နေကုန်ပင်ပန်းလာတဲ့သူဆို သူ့ရဲ့ ပန်းအနံ့က ကိုယ်ပေါ်တင်တာနဲ့ ပင်ပန်းသမျှ ပျော်ကျသွားစေမယ့် အနံမျိုးဖြစ်ပါတယ်။


#အသားအရေ
#ခံစားချက်
#ပျိုမေ
#ဆပ်ပြာ
#showergel

Some text some message..