မိန်းကလေးများအတွက် အကောင်းဆုံး ဖက်ရှင်အကြံပြုချက်များ
mystylemyanmar.com
|
2024-06-08

ဖက်ရှင်ဆိုတာ လူတိုင်းအတွက် မရှိမဖြစ်တဲ့အရာပါ။ ဒါကြောင့် အဝတ်အစားရွေးတဲ့အခါ ဝတ်ရတာ သက်တောင့်သက်သာရှိပြီး ဖက်ရှင်ကျကျဝတ်ရတာ ကြိုက်တဲ့ပျိုမေတွေအတွက် သိထားသင့်တဲ့အချက်တချို့ကို ဝေမျှပေးချင်ပါတယ်။

ဒါတွေကတော့ မိန်းကလေးတွေ အမြဲတမ်းစတိုင်ကျနေစေဖို့ ရိုးရှင်းပြီး လွယ်ကူတဲ့ ဖက်ရှင်အကြံပြုချက်အချို့ပါ။

ကိုယ်နဲ့အဆင်ပြေတာကို ရွေးပါ။ အဆင်မပြေတဲ့အရာကို အတင်းကျိတ်မှိတ်မဝတ်ဘဲ သက်တောင့်သက်သာရှိဖို့ အရေးကြီးပါတယ်။


တင်းလွန်း ကြပ်လွန်းတဲ့အဝတ်အစားတွေ မဝတ်ဘဲ ကိုယ့်ခန္ဓာကိုယ်ကောက်ကြောင်းပေါ်တာမျိုး ရွေးဝတ်ပါ။


ကိုယ့်ခန္ဓာကိုယ် အမျိုးအစား ၊ အရွယ်အစားနဲ့လိုက်ဖက်တဲ့ အဝတ်အစားတွေကို သေချာရွေးချယ်ပါ။


ဘယ်တော့မှရိုးမသွားတဲ့ Denim ဂျင်းက ဖက်ရှင်အတွက် မရှိမဖြစ်လိုအပ်တဲ့ Outfit ပါ။


ဒေါင်လိုက်အစင်းတွေက လူကိုပိန်တယ်ထင်ရစေသလို ကန့်လန့်အစင်းတွေက ပြောင်းပြန်ဖြစ်စေတာမလို့ အစင်းကြောင်းလေးတွေက မျက်လုံးကိုလှည့်စားနိုင်တဲ့ ဖက်ရှင် Magic ပါ။


Animal Print Outfit တွေကတော့ အဆင့်အတန်းရှိပြီး ဆွဲဆောင်မှုရှိတဲ့ပုံ ပေါ်စေပါတယ်။


ဗီရိုကို ဘယ်တော့မှ အသုံးမဝင်တဲ့အရာတွေနဲ့ ရှုပ်ပွနေအောင် မလုပ်ပါနဲ့။


မိန်းကလေးတိုင်အတွက်တော့ Sexy အနက်ရောင်ဝတ်စုံတစ်စုံက မရှိမဖြစ်ပါ။


နောက်ဆုံးပေါ်ဖက်ရှင်ခေတ်ရေစီးကြောင်းအားလုံးကို အမြဲလိုက်နေဖို့ မလိုပါဘူး။


ကြည့်ကောင်းအောင် ဈေးကြီးတဲ့အဝတ်အစားတွေ ဝယ်ရမယ်လို့မတွေးဘဲ ဘယ်တော့မှ အသုံးမဝင်တဲ့ အပိုင်းတွေအပေါ် အလွန်အကျွံ မသုံးပါနဲ့။



#ဖက်ရှင်
#ခန္ဓာကိုယ်
#မိန်းကလေး
#အဝတ်အစား
#Outfit

Some text some message..