မိန်းကလေးတိုင်းနဲ့လိုက်ဖက်တဲ့ လှပသောလက်သည်းဒီဇိုင်း ၁၀ မျိုး
mystylemyanmar.com
|
2024-06-10

မိန်းကလေးတိုင်းနဲ့လိုက်ဖက်တဲ့ လှပသောလက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ဘယ်လိုလက်သည်း Shape မျိုးနဲ့မဆိုလည်း လိုက်ဖက်တာကြောင့် လက်သည်းပုံဖော်မယ်ဆိုရင် ခေါင်းရှုပ်ခံပြီး ဒီဇိုင်းတွေမစဉ်းစားနေတော့ပဲ ဒီလက်သည်းဒီဇိုင်းလေးတွေထဲကသာ ရွေးချယ်လိုက်တော့နော်။

မိန်းကလေးဆန်တဲ့ လက်သည်းဒီဇိုင်းလေး နုနုရွရွပုံစံလေးကို ပုံဖော်ချင်တာဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်လိုက်နော်။ ချစ်ဖို့လည်းကောင်းသလို လှလည်းလှပါတယ်။


Ribbon လက်သည်းဒီဇိုင်းလေးကတော့ 2024 Trends ဆိုတာ အားလုံးလည်းသိပြီးသား ဖြစ်မှာပါ။ ဒီလက်သည်းဒီဇိုင်းလေးဆိုရင် အရောင်လေးကလည်း ငြိမ်ပြီးလှတာကြောင့် ပုံဖော်ကြည့်သင့်ပါတယ်။


ရှင်းရှင်းလေးနဲ့ ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ လက်သည်းအရှည်တိုင်းနဲ့ကို လိုက်ဖက်တာပါ။


အရောင်နုနုလေးတွေဆိုးပြီး ပုံဖော်မယ်ဆိုရင် အရမ်းကိုလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။


လက်သည်းနီအရောင်တွေဆိုးတာ စုံနေပြီဆိုရင် ဒီလက်သည်းဒီဇိုင်းလေးအတိုင်း ဆိုးပြီးပုံဖော်ကြည့်ပါ။ အရမ်းလှပြီး အမြင်ဆန်းစေပါတယ်။


အနီနဲ့အနက်ကိုတွဲဆိုးပြီး ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းလေးကတော့ လှလည်းလှသလို လက်သည်းအတိုအရှည် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။


Cat eye ကိုမှ လှလှလေးနဲ့ဆန်းသစ်နေအောင် ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အရောင်ကလည်း အသားဆောင်တဲ့ အရောင်လေးနော်။


လက်သည်းနီအဖြူဗြောင်ဆိုးမယ်ဆိုရင် ဒီလို Ribbon ဒီဇိုင်းလေးကို တစ်ချောင်းပုံဖော်ကြည့်ပါ။ လူငယ်ဆန်ပြီး ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။


ရှင်းရှင်းလေးနဲ့ ဒီဇိုင်းဆန်းပြီးလှတာမျိုးဆိုရင်တော့ ဒီလက်သည်းဒီဇိုင်းလေးကိုသာ ရွေးချယ်လိုက်နော်။


လက်သည်းမှာ Accessories လေးတွေကပ်ရတာမျိုး ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်လိုက်ပါ။ အရမ်းလှပါတယ်။



#လက်သည်းနီ
#လက်သည်းဒီဇိုင်း
#မိန်းကလေး
#Trend
#ဒီဇိုင်း

Some text some message..