ရိုးရှင်းလွယ်ကူပြီး ပွဲလည်းတိုးတဲ့ ဆံပင်စည်းနည်း (၂) ခု
mystylemyanmar.com
|
2024-06-18

MyStyle Myanmar ကနေ ဆံကေသာတွေကို စီရင်ထုံးဖွဲ့နည်းတွေ မိတ်ဆက်မျှဝေပေးနေရာမှာ ဒီတစ်ခါတော့ ရိုးရိုးရှင်းရှင်းနဲ့ လွယ်ကူတဲ့အပြင် ပွဲလည်းတိုးတဲ့ ဆံပင်စည်းနည်းလေးကို မျှဝေပေးချင်ပါတယ်။

နည်းလမ်း (၁)


ဆံပင် တစ်ဝက်ကို ဘေးတစ်ခြမ်းစည်းပြီး ကျန်တစ်ဝက်ကို ကျစ်ဆံမြီးကျစ်လိုက်ပါ။


စည်းထားတဲ့ဆံပင်နားမှာ ကျစ်ထားတဲ့ ဆံပင်နဲ့ ပတ်ပြီး ကလစ်ထိုးထားပေးပါ။


ပြီးရင် အလှဆံထုံးတစ်ခုခုတပ်တာပဲဖြစ်ဖြစ် ဆံပင်ကို အလှပါတဲ့ ခေါင်းစည်းကြိုးနဲ့ စည်းထာတဲ့ဖြစ်ဖြစ် လုပ်ပေးနိုင်ပါတယ်။


ရိုးရိုးလေးနဲ့ လှနေမှာနော်။

နည်းလမ်း (၂)



ဆံပင်ကို စုပြီး စည်းလိုက်ပါ။ ပြီးရင် အလည်ကနေခွဲပြီး စည်းထားတဲ့ သရေပင်ကြားမှာ ဆံပင်တွေကို လိမ့်ထည့်ပါ။



ကျန်တဲ့ဆံပင်တွေကို အဖျားနားမှာ တစ်ခါလိမ့်ပြီး စောစောက လိမ့်ထည့်ထားတဲ့ ဆံပင်တွေနဲ့ စုပြီး ကလစ်နဲ့ ညှပ်ထားပေးလိုက်ပါ။



ပြီးရင်တော့ မိမိကြိုက်နှစ်သက်တဲ့ ဆံထိုး ကလစ် တစ်ခုခုကို ပန်လိုက်ပါ။


#Style
#ကလစ်
#ဆံထုံး
#ခေါင်းစည်း
#ဆံပင်

Some text some message..