ကိုယ့် အသားအရေ Skin Tone နဲ့လိုက်ဖက်တဲ့ အရောင်ကို ဘယ်လိုရွေးမလဲ ?
mystylemyanmar.com
|
2024-06-22

တစ်ခါတစ်လေ အရောင်လေးကိုကြိုက်လို့ ဒါမှမဟုတ် သူများဝတ်ထားတာလှလို့ လိုက်ဝတ်မိပေမယ့် ကိုယ်နဲ့မလိုက်ဘူး ခံစားရတာမျိုး ကြုံဖူးလား ? ဒီလိုမျိုး ထပ်မဖြစ်ရအောင် အသားအရောင်ပေါ်မူတည်ပြီး ဘယ်အရောင်က အကောင်းဆုံးဖြစ်မလဲဆိုတာကို ခွဲခြားသိနိုင်ဖို့ အကြံပြုချက်တချို့ကို ဝေမျှလိုက်ပါတယ်။

Lighter Skin Tones


သင့်အသားအရေက ဖြူပြီးဖျော့တယ်ဆိုရင် နီညိုရောင် ၊ မြစိမ်းရောင် ၊ အပြာရောင်နဲ့ ခရမ်းရောင်တို့ကို ရွေးဝတ်ပါ ။ ဒီအရောင်တွေက အသားအရေနဲ့ လိုက်လျောညီထွေဖြစ်ပြီး အသားအရေကို လင်းစေတဲ့အပြင် မျက်နှာကို တောက်ပစေပါတယ်။

Medium Skin Tones


သင့်အသားအရေက မဖြူမညို အလယ်အလတ်ဆိုရင် လိမ္မော်ရောင်နဲ့ အဝါရောင်လို လင်းတဲ့အရောင်မျိုး ရွေးဝတ်ပါ။ တခြားအရောင်နဲ့တွဲဝတ်ချင်ရင်တော့ စိမ်းပြာရောင် သို့မဟုတ် ခရမ်းရောင်တို့နဲ့ တွဲဝတ်လို့ရပါတယ်။

Darker Skin Tones


အသားအရေက ညိုတယ်ဆိုရင်တော့ အနက်ရောင်၊ အဖြူဖျော့စတဲ့ အရောင်အားလုံးနီးပါးကို ဝတ်လို့ရပါတယ်။ ဒါပေမယ့် ဝေးဝေးရှောင်ရမယ့်အရောင်ကတော့ အညိုရောင်ပါ။


#အသားအရေ
#အပြာရောင်
#အညိုရောင်
#ခရမ်းရောင်
#SkinTone

Some text some message..