မိုးရာသီ မှာ မဖြစ်မနေလုပ်သင့်တဲ့ Skin Care Tips ( 7 ) မျိုး
mystylemyanmar.com
|
2024-06-24

အသားအရေအမျိုးအစားအားလုံးတိုင်းလိုလိုက ရာသီပြောင်းသလို Skin Care Routine တွေကိုလည်း ရာသီအလိုက် ပြောင်းသုံးပေးဖို့ လိုပါတယ်၊။ ဒီလိုပြောင်းသုံးပေးတာက အသားအရေကို ထင်ထားတာထက် ပိုအကျိုးသက်ရောက်မှုရှိပါတယ်။ ဒါကတော့ မိုးရာသီမှာ မဖြစ်မနေ လုပ်သင့်တဲ့ kin Care Routine ပါ။

1. Exfoliation


အသားအရေကို ထိန်းသိမ်းဖို့နဲ့ က်ခြံဖြစ်နိုင်ချေကို လျှော့ချဖို့ သဘာဝ Exfoliating Scrub ကိုသုံးပြီး ပုံမှန် Exfoliation လုပ်ပေးပါ။

2. Sunscreen


အပြင်မှာ တိမ်ထူနေရင်တောင် Sunscreen က မဖြစ်မနေလိမ်းဖို့လိုပါတယ် ။ အပြင်မထွက်ခင် မိနစ် 20 လောက် ကြိုလိမ်းဖို့နဲ့ အပြင်ထွက်ပြီး နှစ်နာရီခြားတိုင်း ထပ်လိမ်းဖို့ မမေ့ပါနဲ့။

3. Minimal Makeup


မိုးရာသီဖြစ်တာမလို့ ရေစိုခံပစ္စည်းတွေကို သေချာရွေးဝယ်ပြီး သုံးပေးပါ။ Heavy Foundation လိမ်းမယ့်အစား ပေါ့ပေါ့ပါးပါး CC Cream BB Cream တို့က မိုးရာသီနဲ့ ပိုသင့်တော်ပါတယ်။

4. Moisturizer


အရေပြားကို အစိုဓာတ်ထိန်းပေးဖို့နဲ့ အဆီပြန်တာကို သက်သာဖို့ Moisturizer က Sunscreen လိုဘဲ ဘယ်လိုရာသီဥတုမျိုးမဆို မဖြစ်မနေလိမ်းဖို့လိုပါတယ်။ တကယ်လို့ သင့်အသားအရေက အဆီပြန်တတ်တယ်ဆိုရင် ရေကိုအခြေခံထားတဲ့ Moisturizer ကို ရွေးသုံးပါ။

5. အဆီပြန်တဲ့အသားအရေအတွက်


မိုးတွင်းမှာ အသားအရေက ပိုပြီးအဆီပြန်လွယ်တာမလို့ နူးညံ့တဲ့မျက်နှာသစ်ဆေးနဲ့ တစ်နေ့ နှစ်ကြိမ် အနည်းဆုံးသစ်ပေးပါ။ အသားအရေကို ကျန်းမာစေဖို့နဲ့ ချွေးပေါက်တွေကို တင်းရင်းစေဖို့ နူးညံ့တဲ့ Toner ကို သုံးပေးပါ။ ပေါ့ပေါ့ပါးပါး Moisturizer လိမ်းပေးပါ။

6. ခြောက်တဲ့အသားအရေအတွက်


မိုးရာသီက အသားအရေကို ပိုခြောက်စေတာကြောင့် ရေဓာတ်ရှိနေဖို့ အသားအရေကို အစိုဓာတ်ထိန်းပေးပါ။ ရေနွေးပူပူနဲ့ ရေချိုးတာကို ရှောင်ပါ။ မိတ်ကပ်လိမ်းပြီး ဘယ်တော့မှ မအိပ်ပါနဲ့။

7. ယားယံတတ်တဲ့အသားအရေအတွက်


ဆပ်ပြာမပါတဲ့ Cleansers နဲ့ အမွှေးနံ့သာမပါတဲ့ သဘာဝအသားအရေထိန်းပစ္စည်းတွေကို သုံးပါ။ နေရောင်ကာခရင်မ်ကို ဘယ်တော့မှ မမေ့ပါနဲ့။ ရေဓာတ်ပြည့်ဝနေအောင် နေပါ။ မိုးရေစိုရင် ချက်ချင်းဆေးပါ။ အတတ်နိုင်ဆုံး မိတ်ကပ်လိမ်းတာကို ရှောင်ပါ။


#အသားအရေ
#သဘာဝ
#မိုးရာသီ
#ရေဓာတ်
#Cream

Some text some message..