၇ ရက်အတွင်း ဗိုက်ချပ်အောင် ဘယ်လိုလုပ်မလဲ ?
mystylemyanmar.com
|
2024-06-25

တစ်ပတ်အတွင်း ဗိုက်ချပ်ချပ်လေး ဟာ အိပ်မက်တစ်ခုလိုပါပဲ..။ ဒါပေမယ့် အခုပြောပြမယ့် နည်းလမ်းလေးတွေအတိုင်း လိုက်နာမယ်ဆိုရင်တော့ တစ်ပတ်အတွင်း ဗိုက်ချပ်ချပ်လေးက တကယ်ဖြစ်လာမှာ အသေချာပါ။

အမျှင်ဓာတ်များများစားပေးပါ


အစားစားတဲ့အခါ အမျှင်ဓာတ်တဲ့အစားအစာတွေက အစာချေဖျက်မှုကို နှေးကွေးစေပြီး အစာစားချင်စိတ်ကို လျော့ကျစေပါတယ်။ ဒါ့အပြင် ကယ်လိုရီစားသုံးမှုကို လျှော့ချပေးပြီး ကျန်းမာသော အစာခြေစနစ်ကို မြှင့်တင်ပေးပါသေးတယ်။

ပိုတက်စီယမ် ကြွယ်ဝတဲ့အစားအစာများကို စားပေးပါ


ဝမ်းဗိုက်ဖောတာက ဗိုက်ကို ပိုပြီးပူစေတာကြောင့် ပိုတက်စီယမ် ကြွယ်ဝတဲ့အစားအစာများကို စားပေးပါ။ ပိုတက်စီယမ်က ခန္ဓာကိုယ်ရဲ့ဆိုဒီယမ်ပမာဏကို ဟန်ချက်ညီစေပြီး ရေဓာတ်ထိန်းထားမှုနဲ့ ရောင်ရမ်းမှုကို လျှော့ချပေးပါတယ်။

Green Tea သောက်ပါ


အဆီလောင်ကျွမ်းဖို့ အစွမ်းထက်တဲ့ Green Tea က ဇီဝဖြစ်ပျက်မှုကို မြှင့်တင်ပေးပြီး အဆီလောင်ကျွမ်းမှုကို တိုးမြှင့်ပေးတာကြောင့် Green Tea ကို ၂-၃ ခွက် နေ့စဉ်သောက်ပါ။

ဂျင်းစားပေးပါ


ဂျင်းဟာ အစာချေဖျက်ရာမှာ အထောက်အကူဖြစ်စေပြီး ရောင်ရမ်းမှုကို လျှော့ချပေးနိုင်တဲ့ အစွမ်းထက်တဲ့အမြစ်ပါ။ အစာအိမ်နဲ့ အူလမ်းကြောင်း ကြွက်သားတွေကို ပြေလျော့စေပြီး ရောင်ရမ်းမှုကို လျှော့ချပေးကာ ဝမ်းဗိုက်ကို ပွလာစေနိုင်တဲ့ ဓာတ်ငွေ့နဲ့ ရောင်ရမ်းခြင်းတွေကို ကာကွယ်ပေးပါတယ်။

ဗိုက်လေ့ကျင့်ခန်းလုပ်ပေးပါ


ဗိုက်ရဲ့ကြွက်သားတွေကို အဓိကထားတဲ့လေ့ကျင့်ခန်းတွေက ကိုယ်ဟန်အနေအထားကို ပိုပြီး ကောင်းစေတဲ့အပြင် ခါးနာခြင်းဖြစ်နိုင်ခြေကို လျှော့ချပေးပါသေးတယ်။


#ခန္ဓာကိုယ်
#ကြွက်သား
#လေ့ကျင့်ခန်း
#ဗိုက်ချပ်
#ဝမ်းဗိုက်

Some text some message..