လူငယ်ဆန်ပြီးလှတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုး
mystylemyanmar.com
|
2024-07-03

လက်သည်းပုံဖော်မယ့် ကောင်မလေးတွေအတွက် ဒီတစ်ခါမှာတော့ လူငယ်ဆန်ပြီး လှပတဲ့ လက်သည်းဒီဇိုင်း ၁၀ မျိုးကို မျှဝေပေးလိုက်ပါတယ်။ ရှုပ်ယှက်ခတ်နေတဲ့ ဒီဇိုင်းမျိုးတွေ ပုံဖော်ရတာကို မကြိုက်တဲ့သူတွေအတွက်လည်း အဆင်ပြေတဲ့ လက်သည်းဒီဇိုင်းတွေ ဖြစ်ပါတယ်။

Queen of Tears drama ပြီးထဲက ခေတ်စားနေတဲ့ clover leaf လေးကို ပုံဖော်ထားတဲ့ ဒီလက်သည်းဒီဇိုင်းက ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။


Cat eye ဆိုးတဲ့အခါ ရိုးရိုးမဆိုးချင်ရင် ဒီလို အသည်းပုံလေးရအောင် ပုံဖော်ကြည့်ပါ။ လူငယ်ဆန်ပြီးလှပတဲ့ လက်သည်းဒီဇိုင်းလေးပါပဲ။


Ribbon လက်သည်းဒီဇိုင်းကိုမှ ရှင်းရှင်းလေး ပုံဖော်ထားတာပါ။ ဆိုးထားတဲ့အရောင်ကလည်း အသားဆောင်တဲ့အဝါလေးမို့ ပိုပြီးလှသွားတာပါ။


အနက်ရောင်ဆိုးမယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကို ပုံဖော်ကြည့်ပါ။ လူငယ်ဆန်ပြီးလှတဲ့အပြင် လက်သည်းအတိုအရှည် အားလုံးနဲ့လည်း လိုက်ဖက်ပါတယ်။


အရောင်စပ်ထားတာလေးက အမြင်ဆန်းပြီး ဒီဇိုင်းကလည်း ရိုးရိုးလေးနဲ့ လှပါတယ်။ မိုးပြာရောင်ကြိုက်ရင် ဒီလိုလေးပုံဖော်ကြည့်နော်။


ဒီဇိုင်းဆန်းပြီး လူငယ်ဆန်ဆန်နဲ့လှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အပြာရောင်ကြိုက်တယ်ဆိုရင် ဒီလိုလေးလည်း ပုံဖော်ကြည့်သင့်ပါတယ်။


ခရမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် လူငယ်ဆန်ပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ ပုံဖော်ထားတဲ့ ပန်းဒီဇိုင်းလေးကလည်း ရှင်းရှင်းလေးနဲ့ အရမ်းလှပါတယ်။


အဖြူရောင်ဆိုးမယ်လို့စဉ်းစားထားရင် ဒီလက်သည်းဒီဇိုင်းကို ပုံဖော်ကြည့်ပါ။ ရှင်းရှင်းလေးနဲ့ အမြင်ဆန်းစေမယ့် ဒီဇိုင်းလေး ဖြစ်ပါတယ်။


Accessories တွေကပ်ရတာမျိုး ကြိုက်တယ်ဆိုရင် ဒီလက်သည်းဒီဇိုင်းလေးကိုသာ ပုံဖော်ကြည့်ပါ။ ဒီဇိုင်းဆန်းပြီး လူငယ်ဆန်ဆန်နဲ့ အရမ်းလှပါတယ်။


ခရမ်းရောင်ကြိုက်တဲ့ ကောင်မလေးတွေအတွက် နောက်ထပ် မိန်းကလေးဆန်ပြီးလှတဲ့ လက်သည်းဒီဇိုင်းလေးပါ။ အသည်းပုံဒီဇိုင်းကြောင့် ပိုပြီးလူငယ်ဆန်သွားစေတာပါ။



#အပြာရောင်
#ခရမ်းရောင်
#လက်သည်းဒီဇိုင်း
#မိန်းကလေး
#ဒီဇိုင်း

Some text some message..