လူငယ်ကောင်မလေးတွေအတွက် ပို့စ်ပေးနည်းများ
mystylemyanmar.com
|
2024-07-29

ဓာတ်ပုံရိုက်မယ့် လူငယ်ကောင်မလေးတွေအတွက် ပို့စ်ပေးနည်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ ပို့စ်ပေးတတ်တဲ့သူတွေအတွက်ကတော့ ဘယ်နေရာရောက်ရောက် အလွယ်တကူ ပို့စ်ပေးတတ်ပေမယ့် ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက်ကျတော့ ဓာတ်ပုံရိုက်ရင် ဘယ်လိုနေရမလဲ၊ ဘယ်လိုပို့စ်ပေးရမလဲနဲ့ ပုံကောင်းကောင်းသေချာမရတော့ပါဘူး။

တစ်ကိုယ်လုံးပုံလေးကို ထိုင်ပြီးရိုက်တဲ့အခါ ဒီပို့စ်လေးက ချစ်ဖို့ကောင်းသလို လှလည်းလှပါတယ်။ လက်နှစ်ဖက်လုံးနဲ့ ပိုက်ဆံအိတ်ကို ကိုင်ထားတာဆိုတော့ လက်ကိုဘယ်နားထားရမှန်း မသိတဲ့သူတွေအတွက်လည်း အရမ်းအဆင်ပြေတာပေါ့။


မြက်ခင်းမှာပဲဖြစ်ဖြစ်၊ ကြမ်းပြင်မှာပဲဖြစ်ဖြစ် မိန်းကလေးဆန်ဆန် လှလှပပလေး ဝတ်ထားတဲ့အခါ ဒီလိုလေး ထိုင်ရိုက်ကြည့်နော်။ လှတာပါပဲ။


လူငယ်ကောင်မလေးတွေအတွက် mirror selfie လေးရိုက်တဲ့အခါမှာ ချစ်ဖို့ကောင်းနေစေမယ့် ပို့စ်ပေးနည်းလေးပါ။ တစ်ကိုယ်လုံးပေါ်တာမို့ ကိုယ်ဝတ်ထားတဲ့ ဖက်ရှင်ကိုလည်း ခေါင်းအစခြေအဆုံး ပေါ်လွင်စေပါတယ်။


ထိုင်ခုံလေးတွေမှာ ထိုင်ရိုက်တဲ့အခါ ဒီပို့စ်လေးက အရမ်းလွယ်ကူတယ်နော်။ ချစ်ဖို့လည်းကောင်းပါတယ်။


ဒီပို့စ်လေးကတော့ တော်တော်များများလည်း ရိုက်ပါတယ်။ ဒေါက်ဖိနပ်လေးတွေစီးထားရင် အရမ်းရိုက်လို့ကောင်းတဲ့ ပို့စ်လေးပါ။


ကမ်းခြေမှာရိုက်တဲ့အခါ ဒီပို့စ်လေးအတိုင်း ရိုက်ကြည့်ပါ။ မျက်နှာသိပ်မပေါ်ပေမယ့် ချစ်ဖို့လည်းကောင်းသလို လှလည်းလှတဲ့ look မျိုးရစေပါတယ်။


ဒီပို့စ်လေးအတိုင်းလည်း ရိုက်ဖြစ်အောင်ရိုက်ကြည့်နော်။ မိန်းကလေးဆန်ဆန် လှလှပပလေးတွေဝတ်ထားပြီး ရိုက်မယ်ဆိုရင် ပိုလှပါတယ်။


အရမ်းချစ်ဖို့ကောင်းတဲ့ပုံစံမျိုးလေး ဖြစ်နေစေမယ့် ဒီပို့စ်လေးက လူငယ်ကောင်မလေးတွေနဲ့ အရမ်းကိုလိုက်ဖက်ပါတယ်။


ဒီပုံလေးအတိုင်း ထိုင်ရိုက်တာမျိုးကလည်း လှပတဲ့ပုံလေး ချစ်ဖို့ကောင်းတဲ့ပုံလေး ရစေပါတယ်။ ရိုက်ဖြစ်အောင်ရိုက်ကြည့်သင့်တဲ့ ပို့စ်ပါပဲ။


ခုံမှာထိုင်ရိုက်တဲ့အခါ ပို့စ်သိပ်မပေးတတ်တဲ့သူတွေအတွက်လည်း အဆင်ပြေစေမယ့် လွယ်ကူသော ပို့စ်ပေးနည်းလေးပါ။ ချစ်ဖို့ကောင်းသလို လှလည်းလှတဲ့ပုံလေးရလာမှာ သေချာပါတယ်။



#ဖက်ရှင်
#မျက်နှာ
#ပို့စ်ပေးနည်း
#မိန်းကလေး
#ဒေါက်ဖိနပ်

Some text some message..