ပါးဖောင်းတဲ့ကောင်မလေးတွေအတွက် ဆွဲဆောင်မှုရှိနေအောင်ပြင်ဆင်ခြယ်သနည်း
myanmaplatform.com
|
2019-01-10



မိမိကိုယ်ကိုယုံကြည်မှု ရှိဖို့နဲ့ ပိုလှချင်လို့ မိန်းကလေးတွေ မိတ်ကပ်ပြင်ဆင်ခြယ်သကြပါတယ်။ မိတ်ကပ်လိမ်းတာက ဆေးရောင်လှလှတွေ ခြယ်သရတဲ့အတွက်အနုပညာရပ်တစ်ရပ်လို့ ဆိုရင်လည်း မမှားပါဘူး။အလှဆုံးဖြစ်အောင် မိတ်ကပ်ပြင်ဆင်ခြယ်သတတ်ဖို့ဆိုတာကလည်း မလွယ်ကူလှပါဘူး။ ဒီတော့.. ပါးဖောင်းဖောင်းကောင်မလေးတွေအတွက် မျက်နှာသွယ်လျသွားသယောင် ထင်ရစေပြီး ချစ်စရာကောင်းသွားစေမယ့် မိတ်ကပ်ပြင်ဆင်ခြယ်သ နည်းလမ်းများကို ဝေမျှပေးလိုက်ပါတယ်။


(၁) နှာခေါင်းနဲ့ နဖူးကို Highlight လုပ်ပေးပါ







Highlight လုပ်တယ်ဆိုတာကတော့ နည်းနည်းပြောင်ပြောင်လေး ဖြစ်သွားအောင် လုပ်ပေးတာကိုပြောတာပါ။ နဖူးနဲ့ နှာစင်းလေးမှာ Highlight လေးတွေကိုထည့်ပေးပါ။ ဘေးနှစ်ဖက်ကိုတော့ Concealer လေးနဲ့ လုပ်ပေးလို့ရပါတယ်။ ဒါဆိုရင်တော့ နှာတံစင်းစင်းနဲ့ သွယ်လျလှပတဲ့ မျက်နှာအဖြစ် မြင်တွေ့ရမှာပါ။


(၂) မေးရိုးကို ပုံဖော်ပါ







မေးရိုးကလည်း သင့်မျက်နှာပေါ်က ဆွဲဆောင်မှုရှိတဲ့အရာတစ်ခုပါပဲ။ မေးရိုးတွေကို ပုံဖော်ပေးပါ။ သင့်မျက်နှာ သွယ်သွယ်လေးဖြစ်နေတယ်လို့ထင်ရဖို့ မေးရိုးနားမှာ contouring လုပ်ပြီး သွယ်လျသွားအောင် လုပ်လို့ ရပါတယ်နော်။


(၃) ပါးရိုးကို Highlight လုပ်ပေးပါ







ပါးပေါ်မှာ ပါးနီခြယ်သပေးပြီးရင် ပြောင်ပြောင်လေးဖြစ်သွားအောင် Highlight လုပ်ပေးပါ။အဲဒီလိုဆိုရင် ပါးလေးက ပြောင်ပြောင်တင်းတင်းလေးဖြစ်နေပြီး သင့်ကိုပိုဆွဲဆောင်မှုရှိစေမှာပါ။ နောက်ပြီး မျက်နှာက သွယ်လျလှပသွားသယောင် မြင်တွေ့ရမှာပါ။


(၄) မျက်ခုံမွှေးကို သေချာဆွဲပါ







မျက်ခုံးမွှေးကိုအရမ်းလည်းမထူ၊အရမ်းလည်း မပါးအောင်ဆွဲပါ။ မျက်ခုံးမွှေးဟာလည်း မိတ်ကပ်ပြင်ဆင်ခြယ်သတဲ့အခါမှာအရေးကြီးဆုံး လုပ်ဆောင်ရမယ့်အရာတစ်ခုထဲမှာပါပါတယ်နော်။ မျက်ခုံးမွှေးကို သေချာဆွဲပေးပါ။အကောင်းဆုံးက မျက်ခုံးမွှေးပုံဖော်ထားတာအကောင်းဆုံးပါပဲ။


(၅) နှုတ်ခမ်းကို ပြည့်ပြည့်ဖူးဖူးလေးဖြစ်အောင် ဆိုးပါ







နှုတ်ခမ်းနီဆိုးတဲ့နေရာမှာ ပိုပြီးပြည့်ပြည့်ဖူးဖူးလေးလို့ ထင်ရအောင်ဆိုးပေးပါ။ နှုတ်ခမ်းအတွင်းဖက်မှာအနီရင့်ရင့်နဲ့အပြင်ဖက်မှာ နည်းနည်းဖျော့ဖျော့လေး ဆိုးပေးနိုင်သလို ကိုယ်ဆိုးနေကျထက် ပိုပြီး ပြည့်ပြည့်ဖူးဖူးလေးဖြစ်အောင် ဆိုးပေးပါ။ နှုတ်ခမ်းဖူးဖူးလေးဖြစ်နေတာကြောင့်လည်း သင့်ရဲ့ မျက်နှာက ကြီးနေတာမျိုး၊ ပါးကြီးဖောင်းနေတာမျိုး ဖြစ်မနေတော့ပါဘူး။


(၆) နားထင်ကိုလည်း Highlight လုပ်ပေးပါ







သင့်မျက်နှာကို သွယ်သွယ်လေးထင်ရစေဖို့အတွက် နားထင်ကိုလည်း Highlight လုပ်ပေးဖို့ မမေ့ပါနဲ့။ Highlight ကိုများသောအားဖြင့် ပါးမို့မိ့ုရဲ့အပေါ်နားလောက်ကို လုပ်ကြတာများပါတယ်။ ဒါပေမယ့် သေးသွယ်တဲ့ မျက်နှာအသွင်လိုချင်တယ်ဆိုရင်တော့ နားထင်နားတစ်ဝိုက်ကိုလည်း Highlight စမ်းလုပ်ကြည့်လိုက်ပါ။


#မေးရိုး
#မျက်နှာ
#မိတ်ကပ်
#နားထင်
#နဖူး

Some text some message..