ဆံပင်ပုံစံအသစ်တွေက မျိူးစုံ ဆန်းသစ်ပြောင်းလဲနေသလို ကိုယ့် ကိုယ်တိုင်ကလဲ တစ်ခုမဟုတ် တစ်ခု စမ်းကြည့်ဖို့ စဉ်းစားမိမှာပါ။။ ဒါပေမယ့် ညှပ်လိုက်ပြီးကာမှအဆင်မပြေဖြစ်မှာကို စိုးရိမ်နေတဲ့ လေဒီတွေအတွက် ဘယ်လို ဆံပင်ပုံစံမျိူးက ကိုယ်နဲ့အလိုက်ဖက်ဆုံးဖြစ်မလဲဆိုတာ ရွေးချယ်လို့ရအောင် ကူညီပေးသွားမယ်နော်။
ပထမဦးဆုံးစဉ်းစားရမှာက ကိုယ့်မျက်နှာကျ က ဘာဆိုတာ သိဖို့ပါပဲ။ လူတော်တော်များများက ကိုယ် ဘယ်လိုမျက်နှာကျရှိလဲဆိုတာ မသိကြဘူးတဲ့နော်။ ဆံပင်အကုန်သိမ်းစည်းလိုက်ပြီး မှန်ရှေ့ရပ်ပါ။ မှန်မှာ ပေါ်နေတဲ့ ကိုယ့်မျက်နှာကို မှန်ပေါ်မှာပဲ Marker Pen နဲ့ဖြစ်ဖြစ်ဆွဲလိုက်ပါ။ မှန်ပေါ်မှာ ဆွဲထားတဲ့ ကိုယ့်မျက်နှာပုံကို ကြည့်ပြီး ဘယ်လိုမျက်နှာကျလဲဆိုတာ ခန့်မှန်းလို့ရပါတယ်။ မျက်နှာကျအမျိူးမျိူးရှိတဲ့အထဲက ဘဲဥပုံ မျက်နှာပိုင်ရှင်တွေက ကံအကောင်းဆုံးလို့ဆိုရမှာပါ။ သူမျက်နှာကျ က ဆံပင်ပုံစံတိုင်းနဲ့လိုက်ပြီး ဘယ်လိုညှပ်ညှပ် ကြည့်ကောင်းနေတတ်ကြပါတယ်။
Round Face
မျက်နှာဝိုင်းတဲ့သူတွေက Baby Face မျက်နှာပိုင်ရှင်တွေဖြစ်ပြီး ရှိရင်းစွဲအသက်ထက် ငယ်ရွယ်တဲ့အသွင် ပေါက်ကြပါတယ်။ ဒီမျက်နှာပိုင်ရှင်တွေက Layer များများပါတဲ့ Hair Style မျိူးကို ရွေးချယ်သင့်ပါတယ်။ Layer တွေက မျက်နှာကိုအချိူးကျကျပုံစံဖြစ်သွားစေတဲ့အတွက်ကြောင့်ပါ။ ဆံပင်အတို ညှပ်ချင်တဲ့သူတွေက Layer ခပ်များများပါဝင်တဲ့ Pixie Hair Cut နဲ့ လိုက်ဖက်လှပါတယ်။ ဆံပင်အရှည်သမားတွေအတွက် ကတော့ မေးစေ့လောက်ကစပြီး Layer များသွားတဲ့ Hair Cut မျိူးကအသင့်တော်ဆုံးပါ။
Long Face
Oval Shape မျက်နှာပိုင်ရှင်တွေကိုမှအနည်းငယ်ရှည်သွားတဲ့ မျက်နှာကျတွေပါ။ မျက်နှာရှည်တာကို မသိသာဖို့အတွက် မျက်နှာအနည်းငယ်ကြီးသယောင်ထင်ရမယ့် ဆံပင်ပုံစံမျိူးကို ရွေးချယ်ရမှာပါ။ Flat Iron Wave တွေက Long Face တွေနဲ့ လိုက်ဖက်လှပါတယ်။ Cheekbone နားက ဆံပင်တွေကို Waveအနည်းငယ်ထည့်လိုက်ခြင်းက မျက်နှာရှည်တာကို ပျောက်သွားစေပါတယ်။အရင်းကနေ ကောက်တဲ့ ဆံပင်ပုံစံမျိူးတွေက လည်း Long Face နဲ့ လိုက်ဖက်ပါတယ်။
Oval Face
ဆံပင်ပုံစံတိုင်းနဲ့ လိုက်ဖက်တဲ့အတွက်အဓိက ရွေးချယ်ရမှာက ကိုယ့် ဘယ်လိုပုံစံ ညှပ်ချင်လဲဆိုတာပါပဲ။ ကိုယ့် Personally ကိုဖော်ပြတဲ့ Hair Style မျိူးကိုုလဲ ရွေးချယ်သင့်ပါတယ်။ ခေတ်စားနေတဲ့ ဆံပင်ပုံစံတိုင်းကို Try လို့ရပြီး လိုက်ဖက်နေမှာပါ။ Bohemian Style ကို ကြိုက်တယ်ဆိုရင်တော့ Beach Wave များများနဲ့ Sleek Hair ပုံစံမျိူးကိုရွေးချယ်သင့်ပြီး Short Hair ဆိုရင်တော့ Blunt Bob တွေ Mid Forehead Bang တွေကအထာကျကျနဲ့ မိုက်နေမှာပါ။
Heart Face
အသဲပုံ မျက်နှာပိုင်ရှင်တွေက နှဖူးက မျက်နှာ တစ်ပြင်လုံးမှာအကြီးမားဆုံးဖြစ်နေတတ်ပြီး မေးစေ့နဲ့ Jaw Line တွေကအသေးသွယ်ဆုံးအနေအထားမှာ ရှိကြပါတယ်။ Lob Hair တွေက Heart Shape မျက်နှာပိုင်ရှင်တွေနဲ့အလိုက်ဖက်ဆုံးပါ။ Natural ကျကျ Hair Style မျိူးတွေကို ရွေးချယ်သင့်ပြီး ဆံပင်ရှေ့အတိလိုမျိူး Blunt Bang Hair Style တွေကို ရှောင်ရမှာပါ။ ဆံပင်အရှည်ထားချင်တဲ့သူတွေအတွက် နှဖူးကိုအာရုံမရောက်အောင် Collarbone နားကို Wave များများပါတဲ့ ပုံစံကို ရွေးချယ်သင့်ပါတယ်။
Square Face
လေးထောင့်ဆန်ဆန်မျက်နှာကျ ရှိတဲ့သူတွေက Cheekbone ကို ပေါ်လွင်စေတဲ့ ဆံပင်ပုံစံမျိူးကို ရွေးချယ်ရမှာပါ။ Blunt Bang နဲ့ Short Bob တွေက မေးရိုးကို သေးသွယ်သွားသယောင် ဖြစ်စေပါတယ်။ Soft Wispy Bang တွေက Square Face တွေနဲ့အသင့်တော်ဆုံးဖြစ်ပြီး နူးညံတဲ့မျက်နှာပေါက်ကို ရရှိစေပါတယ်။ ဆံပင်အကောက်ကြီးကြီးနဲ့ ရှေ့ဆံပင်အတိ ထူထူတွေက မျက်နှာကို ကြီးသွားစေတဲ့အတွက် ရှောင်ရမှာပါ။
Editor: Pan JN