မိန်းကလေးတွေအတွက်အရပ်ရှည်သယောင် ထင်ရစေမယ့် ဝတ်စားဆင်ယင်ပုံများ
shwemom.com
|
2019-02-26

အရပ်ပုတာက လူကို နုပျိုသယောင်ထင်ရပါတယ်။ ဒါပေမယ့် တကယ်လို့များ ကိုယ်နဲ့မလိုက်ဖက်တဲ့အဝတ်အစားနဲ့ ဆင်ယင်ထုံးဖွဲ့မှုတို့ပေါင်းစပ်မိခဲ့ရင် မသိမသာဖုံးကွယ်လိုတဲ့ ကိုယ့်အရပ်ကို ပိုသိသာအောင် လုပ်လိုက်သလို ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့်အရပ်ပုတဲ့ ပျိုမေတို့အနေနဲ့အများအမြင်မှာ ကိုယ်ဟာအရပ်ပုတယ်လို့ မသိသာအောင်အောက်မှာ ဖော်ပြထားတဲ့အချက်တွေနဲ့အရပ်အရမ်းကြီး မပုသယောင် စွမ်းဆောင်နိုင်ပါတယ်။

ဆံပင်တိုထားပါ



HairStyleHub

တကယ်လို့ သင်ဟာ ခန္ဓာကိုယ်သေးသွယ်ပြီး ပုတယ်ဆိုရင် ဆံပင်အရှည်ကြီး မထားသင့်ပါဘူး။ ဆံပင်တိုထားတာက ကိုယ့်ရဲ့ ပုံမှန်အရပ်ထက်အရပ်ပိုရှည်သယောင် ထင်ရပါတယ်။အထူးသဖြင့်အရပ်ပုသူတွေအနေနဲ့ ဆံပင်ရှည်ကို ပခုံးအောက် လက်မအနည်းငယ်ထိပဲအရှည်ဆုံးထားတာအကောင်းဆုံးပါ။

ထိပ်မှာ စုပုံပြီးဆံထုံး ထုံးပါ



Pinterest

သင်ကအရပ်တော့ပုတယ်၊ ဒါပေမယ့် ဆံပင်အရှည်လဲ ထားချင်တယ်ဆိုရင်တော့ နောက်တစ်နည်းက ဆံပင်အားလုံးကို စုစည်းပြီး ထိပ်မှာ ဆံထုံးလေးထုံးပေးနိုင်ပါတယ်။ ဆံထုံးကြောင့် လက်မအနည်းငယ်လောက်အရပ်ရှည်သွားသယောင် ထင်ရစေပါတယ်။

ခါးအထက် ဘောင်းဘီကို ဝတ်ဆင်ပါ



Fashion Nova

အရပ်ပုတဲ့သူတွေအဖို့ ချက်ပြုတ်မဟုတ်တဲ့ ခါးအထက်ပိုင်းထိရောက်တဲ့ ဘောင်းဘီမျိုးကို ဝတ်ဆင်သင့်ပါတယ်။ စကတ်၊ ဘောင်းဘီတို၊ ဘောင်းဘီရှည်တွေကို ဝတ်ဆင်တဲ့အခါ ခါးအပေါ်ရောက်အောင် ဝတ်ဆင်တာက သင့်ကို ရှိရင်းစွဲထက် ပိုအရပ်ရှည်သယောင် ထင်ရမှာပါ။

အိတ်အကြီးကြီးတွေ မလွယ်ပါနဲ့



Favim

အရပ်ပုပါတယ်ဆိုမှအိတ်အကြီးကြီးတွေ လွယ်တဲ့အခါ လူကို ပိုပြီး ဖိုးရိုးဖားယားဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် သင့်ရဲ့ပခုံးအကျယ်ထက် သေးတဲ့အိတ်တွေကို ရွေးချယ်ဝယ်ယူတာကအသင့်တော်ဆုံးဖြစ်ပါတယ်။

ဖိနပ်ဆိုက်ဒ်မှန်ပါစေ



Favim

အရပ်ပုသူတွေအဖို့ ထိပ်ချွန်ဖိနပ်တွေ၊ ထောက်ပါတဲ့ ကြိုးသိုင်းဖိနပ်တွေနဲ့ ခြေထိပ်တွေကို မြင်ရတဲ့ ဒေါက်မြင့်ဖိနပ်တွေကို စီးသင့်ပါတယ်။ ဒါမှသာ သင့် ခြေထောက်ဟာ ပိုသွယ်လျပြီး ခြေချောင်းလေးတွေ ပိုရှည်သယောင် ထင်မြင်ရစေမှာဖြစ်ပါတယ်။

လင်းလင်း (ShweMom)

Ref: elitereaders


#အရပ်
#ဆံထုံး
#ဆံပင်
#ဘောင်းဘီ
#ဖိနပ်

Some text some message..