ကိုယ်တွေမှားယွင်းစွာပြုမူသုံးစွဲနေတဲ့အလှအပရေးရာပစ္စည်းများ
trend.com.mm
|
2019-05-15




အလှအပရေးရာနဲ့ပတ်သက်လာရင် ကိုယ်တွေသိထားတာထက်ကို သိသင့်တဲ့အကြောင်းအရာတွေက မကုန်မခမ်းနိုင်အောင်ပါပဲ။အသားအရည်ဆိုတာ
သေချာဂရုစိုက်ရတာဖြစ်တဲ့အတွက် ကိုယ်သုံးနေတဲ့ပစ္စည်းတွေ၊ကိုယ်လိမ်းနေတဲ့ Skin care တွေအကြောင်းသိထားဖို့လိုအပ်ပါတယ်။တစ်ခါတစ်လေဆိုရင်
ကိုယ်တွေနေ့စဉ်သုံးစွဲနေတဲ့အလှအပရေးရာပစ္စည်းတွေနဲ့ပတ်သက်ပြီးအမှားအယွင်းလေးတွေလည်းဖြစ်တတ်ပါတယ်။ဒါကြောင့် ပျိုမေတို့သိထားရအောင်
ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


*နေ့တိုင်း မိတ်ကပ်ဖျက်တစ်ရှူးသုံးစွဲခြင်း








မိတ်ကပ်တွေကိုနေ့တိုင်းဖျက်ရမယ်ဆိုတာမှန်ပါတယ်။ဒါပေမဲ့ မိတ်ကပ်ဖျက်တစ်ရှူးကိုတော့နေ့တိုင်းမသုံးသင့်ပါဘူး။မိတ်ကပ်ဖျက်တစ်ရှူးကြောင့်
အခန့်မသင့်ရင်အသားအရည်နီမြန်းယားယံတာတွေဖြစ်တတ်ပါတယ်။ဒါကြောင့် ပုံမှန်ဆိုရင် မျက်နှာသစ်ဆေးကိုသာ သေချာသုံးစွဲပေးသင့်ပါတယ်။မိတ်ကပ်
ဖျက်တစ်ရှူးကိုတော့ မိတ်ကပ်ထူထူလိမ်းထားတဲ့နေ့တွေ ဒါမှမဟုတ် ၂ရက်ခြားတစ်ခါလောက်သာ သုံးပေးသင့်ပါတယ်။


*မိတ်ကပ်လိမ်းဖော့ကိုအခြောက်သုံးခြင်း







အလှအပရေးရာကျွမ်းကျင်သူတွေက မိတ်ကပ်လိမ်းခြယ်တော့မယ်ဆိုရင် မိတ်ကပ်လိမ်းဖော့ကို ရေအနည်းငယ်ဆွတ်ဖို့အကြံပေးထားပါတယ်။အရမ်းခြောက်နေတဲ့အခါ မိတ်ကပ်တွေက မျက်နှာအနှံ့ညင်သာစွာ မပျံ့နှံ့သွားပါဘူး။ဒါကြောင့် ရေလေးအနည်းငယ်ဆွတ်ပြီးလိမ်းခြယ်သင့်ပါတယ်။


*Mask ကိုမှားယွင်းသုံးစွဲခြင်း








တစ်ချို့တွေက Mask ကိုတစ်ညလုံးထားထားလေ့ရှိပါတယ်။ဒါပေမဲ့အကောင်းဆုံးကတော့ Mask မခြောက်သွားခင် ခွာတာဖြစ်စေ၊ရေနဲ့ပြန်သန့်စင်တာဖြစ်စေ
လုပ်ပေးတာပါပဲ။အဲ့ဒီလိုမလုပ်ပဲ Mask ကအရည်တွေခြောက်သွားတဲ့အထိ မျက်နှာမှာကပ်ထားမယ်ဆိုရင်အသားအရည်ကိုပိုပြီးခြောက်သွေ့စေပါတယ်။
ရွံ့စေး Mask သုံးတဲ့အခါမှာလည်း ထို့အတူပါပဲ။အရမ်းခြောက်သွေ့တင်းရင်းမသွားခင် ရေနဲ့သေချာပြန်လည်ဆေးကြောသင့်ပါတယ်။


*လက်သည်းနီဆိုးတဲ့အခါ ပုလင်းကိုလှုပ်ခြင်း








အများစုက လက်သည်းနီဆိုးတဲ့အခါပုလင်းကို လှုပ်လိုက်လေ့ရှိပါတယ်။တကယ်တော့အဲ့ဒီလို လှုပ်စရာမလိုပါဘူး။ပုလင်းကိုလက်ဖဝါးနှစ်ဖက်ကြား
ထည့်ပြီးအနည်းငယ်လှိမ့်ပေးလိုက်ရုံပါပဲ။ဒါဆို မှန်ကန်တဲ့လက်သည်းနီရောင်ကိုရရှိပါလိမ့်မယ်။


*မိတ်ကပ်လိမ်းတဲ့အခါ လက်ချောင်းကိုအသုံးပြုခြင်း








မိတ်ကပ်လိမ်းတဲ့ဖော့မရှိတဲ့အခါမှသာ လက်ချောင်းကိုအသုံးပြုပြီးလိမ်းခြယ်သင့်ပါတယ်။မိတ်ကပ်လိမ်းတဲ့အခါမှာ မျက်နှာကိုဘတ်တီးရီးယားပိုးမကူးစက်
စေဖို့နဲ့ ညီညာချောမွေ့ဖို့ မိတ်ကပ်လိမ်းတဲ့ဖော့ဖြစ်စေ၊ဘရက်ရှ်ဖြစ်စေအသုံးပြုသင့်ပါတယ်။




#မိတ်ကပ်
#ရှူး
#အသားအရည်
#လက်သည်း
#ပုလင်း

Some text some message..