ပုဝါတစ်ထည်နဲ့HAIR LOOKအမျိုးမျိုးဘယ်လိုဖန်တီးမလည်း ?
moda.com.mm
|
2019-05-21

အခုတစ်ခါမှာတော့ လှပတဲ့ပိုးခြည်ပဝါလေးတွေရဲ့အသုံးဝင်ပုံနဲ့အဲ့ဒီအရာလေးတွေကြောင့်သင့်ရဲ့Outfit ကိုပိုပြီးပြည့်စုံုစေတဲ့အကြောင်းပြောပြချင်ပါတယ်။တနေကုန်အပြင်မှာရှိနေရတဲ့အခါ ဆံပင်

စီးချင်လာရင်လည်းအလွယ်တကူစီးလို့ရပြီးရုတ်တရက်ပေါ်လာတဲ့အပြင်သွားစရာအတွက်လွယ်လွယ်ကူကူ Hair Look လေးလုပ်လို့ရပါတယ်။ဒါကြောင့်မိန်းကလေးတိုင်းရဲ့အဝတ်ဘီဒိုမှာတစ်ခုလောက်တော့ရှိထားသင့်တဲ့အရာလေးပါ။

အဲဒီပဝါလေးတစ်ထည်ကနေဆံပင်ပုံစံကိုသမားရိုးကျ ပုံစံသာမကပုံဆန်းဆန်းလေးတွေကိုပါလုပ်နိုင်မှာဖြစ်ပြီးတကယ့်ကိုအမိုက်စား Hair look ကိုရရှိမှာဖြစ်ပါတယ်။ဆံပင်တစ်ခုတည်းအတွက်အသုံးဝင်တာမဟုတ်ပါဘူး ။

ဒီ Silk scarf လေးတွေကို ခါးပတ်အနေနဲ့သုံးနိုင်သလို လည်တိုင်နဲ့လက်ကောက်ဝတ်မှာလည်းပတ်လေ့ရှိကြပါတယ်။ချစ်စရာကောင်းတဲ့ Silk Scarf လေးတွေကို ပိုက်ဆံအိတ်တွေမှာချည်နှောင်ပြီး

ဖက်ရှင်ကျကျကိုင်နိုင်သလို Silk Scarf တွေရဲ့အရွယ်အစား ၊ ပုံစံ ဒီဇိုင်းအလိုက်အထာကျတဲ့ဖက်ရှင်ကိုဖန်တီးနိုင်ပါတယ်။နေရာတော်တော်များများမှာအသုံးဝင်တဲ့ပဝါလေးတွေနဲ့သင့်ရဲ့Outfit တွေကိုပို

အထာကျအောင်ဖန်တီးလို့ရပြီနော်။ဒီနှစ်ထဲမှာခေတ်စားနေတဲ့Hair look လေးကတော့ ကပိုကယိုစည်းထားတဲ့Low pony tail လေးကကိုပိုးပဝါနဲ့ချည်တဲ့Trend လေးရယ်နောက်ပြီး Grandma scarf style လို Look

မျိုးကိုလည်းဒီနှစ်ရဲ့Runway မှာတွေ့ရပါတယ်။Accessory တစ်ခုအနေနဲ့ဘယ်တော့မှမရိုးသွားတဲ့ ဒီလိုပဝါလေးတွေကိုသုံးပြီး လုပ်တဲ့ Hair style တွေကလည်းအများကြီးရှိပါတယ်။Classic ဆန်ဆန်လုပ်ရလွယ်ကူပြီး

တကယ်လှတဲ့Hair look လေးပါ။ဒီတော့သင့်ရဲ့တနေ့တာဖက်ရှင်ကိုပိုပြီးဆန်းသစ်အထာကျစေဖို့ဒီ Hair look လေးတွေကကူညီမှာပါ။

Editor :Bo


#ဖက်ရှင်
#ဘီဒို
#လည်တိုင်
#ဆံပင်
#လက်ကောက်ဝတ်

Some text some message..