သင့်ဆံသားကို ပျက်စီးစေသော ခေါင်းလျှော်နည်း ၅ မျိုး
hellosayarwon.com
|
2019-06-14


သင်ဟာ ဆံပင်ကို ပုံသွင်းဖို့ ထုတ်ကုန်ပစ္စည်းအမျိုးမျိုးကိုအသုံးပြုနေပါလိမ့်မယ်။ သင့်ဆံပင်ဟာ တစ်နေကုန် ပုံမကျ ပန်းမကျဖြစ်နေတာဟာအံ့သြစရာတော့ မရှိပါဘူး။ ဆံပင်ဟာ ပျက်စီးနိုင်ပြီးတော့ နှစ်ခွတွေဖြစ်ပြီး ထိန်းမရနိုင်အောင် ရှုပ်ထွေးလာပါလိမ့်မယ်။အသက်ကြီးလာတာနဲ့အမျှ ဆံပင်ပါးလာပြီးအရောင်မွဲလာပါလိမ့်မယ်။ဒါပေမယ့်လည်း ဆံပင်ပျက်စီးမှုကို ပြန်ကောင်းအောင် လုပ်လို့ရပါတယ်။အောက်ဖေါ်ပြပါအမှားတွေ ကျူးလွန်မိခြင်းကနေ ရှောင်ကြဉ်သင့်ပြီး ဆံပင်ပညာရှင်တွေအကြံပေးထားတဲ့အချက်တွေကိုလိုက်နာခြင်းဟာ ဆံပင်ကို ပြန်ကောင်းလာစေမှာပါ။  

၁။ နေ့တိုင်းလိုလို ခေါင်းလျှော်ခြင်း
ပုံမှန်အားဖြင့် ခေါင်းကို လိုအပ်တဲ့အခါမှ လျှော်သင့်ပါတယ်။ ဆံပင်ပညာရှင်တွေကတော့ လိုအပ်မှဆိုတာ နှစ်ရက်သုံးရက်တစ်ခါ ဆိုလိုပါတယ်။ ဆံပင်ကို ကျန်းမာသန်စွမ်းပြီးတောက်ပစေတဲ့အဆီတွေ ဆုံးရှုံးမှု ဖြစ်နိုင်ပါတယ်။ ဒါဟာ ဆံပင်ဆိုးထားတဲ့သူတွေအတွက် မှန်ကန်ပေမယ့် နေ့တိုင်းခေါင်းလျှော်ခြင်းဟာ ဆံပင်ရဲ့အရောင်ကို ထိုင်းမှိုင်းစေပါတယ်။အခြားအချက်တွေလည်း ပါဝင်ပါသေးတယ်။ တကယ်လို့ တစ်နေကုန် လေ့ကျင့်ခန်းလုပ်ပြီး ချွေးအများကြီးထွက်တယ်ဆိုရင် နောက်သုံးရက်လောက်စောင့်ဖို့ဆိုတာ ခက်ခဲပါတယ်။ ဒီလိုအချိန်ဆိုရင် ခေါင်းအခြောက်လျှော်နိုင်ပြီးအဖျားတွေကို ပျော့ဆေးသုံးပေးနိုင်ပါတယ်။  

၂။ လိုအပ်တာထက်ပိုပြီး ပျော့ဆေးအများကြီးသုံးခြင်း
အဆီထွက်တဲ့ ဆံပင်တွေကို ကာကွယ်ဖို့အဖျားတွေကို ပျော့ဆေးသုံးပေးသင့်ပါတယ်။ ဒါပေမယ့် ဦးရေပြားတော့ မပါပါဘူး။အန်စာတုံးအရွယ်အစားရှိတဲ့ ပမာဏလောက်နဲ့ စတင်ပြီး ဆံပင်အနှံ့ကို ညီမျှစွာ သုံးပါ။ တကယ်လို့ လိုအပ်မယ်ဆိုရင် ထပ်ထည့်ပါ။ ဒါပေမယ့် ၂၅ ဆင့်အကြွေအရွယ်အစားထက်တော့ မပိုသင့်ပါဘူး။ တစ်ကယ်လို့ ဒေါ်လာဝက် ပမာဏလောက်သုံမိပြီဆိုရင်တော့ ဆံပင်ကို ဘာမှမထူးစေပဲ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးအတွက် ပိုက်ဆံအများကြီး သုံးမိနေတာ သေချာပါတယ်။  

၃။ မှားယွင်းတဲ့ ခေါင်းလျှော်ရည်အသုံးပြုခြင်း
ပြင်းထန်တဲ့ ကျန်းမာရေး လက္ခဏာတွေ မပြပေမယ့် ပါဝင်တဲ့ ဓါတုပစ္စည်းတွေဟာ ဆံပင်၊အရေပြား၊ ဦးရေပြားတို့ကို ခြောက်သွေ့စေပြီးအရောင် ကျွတ်စေပါတယ်။ ဆံပင်တွေ ရှုပ်နေပြီး နှစ်ခွ ဖြစ်နေတယ်ဆိုရင် sulfate မပါတဲ့ ခေါင်းလျှော်ရည်ကိုအသုံးပြုပါ။ သူတို့ဟာ ဆံပင်ကို ချောမွေ့စေနိုင်ပါတယ်။ ဒါပေမယ့် ပုံမှန် ခေါင်းလျှော်ရည်တွေမျိုးတော့အမြှုပ်ထမှာ မဟုတ်ပါဘူး။  

၄။ ပြင်းတဲ့ ပျော့ဆေးတွေကို ဘယ်တော့မှ မသုံးခြင်း
ဒါဟာ ရွေးချယ်လို့ ရတဲ့အဆင့်လို့တော့ ထင်စရာရှိပေမယ့် ပညာရှင်တွေက တကယ်လို့ သင့်ဆံပင်ဟာ ခြောက်သွေ့ ပျက်စီးပြီး နှစ်ခွဖြစ်နေမယ်ဆိုရင် ဆံသားအတွင်းထဲထိအာနိသင်သက်ရောက်တဲ့ ပေါင်းဆေး (deep conditioner) တွေကိုအသုံးပြုသင့်တယ်လို့ ဆိုပါတယ်။ ဆံပင်ကို ဂရုစိုက်ပါ။ ဆံပင်ပေါင်းတင် mask ကိုအနည်းဆုံး တစ်ပတ်တစ်ကြိမ်အသုံးပြုပါ။ ဆံပင်ကို ဂရုစိုက်မယ်ဆိုရင် တိုးတက်မှုကို မြင်ရပါလိမ့်မယ်။  

၅။အထက်တန်းကျောင်းတက်တုံးကအသုံးပြုခဲ့တဲ့ ခေါင်းလျှော်ရည်နဲ့ ဆံပင်ပျော့ဆေးကိုအသုံပြုနေတုံးပဲ
သင့်ဆံပင်ဟာ ခေါင်းလျှော်ရည်နဲ့ ပျော့ဆေးတွေကို သုံးနေကျဖြစ်သွားပြီး နောက်ပိုင်းမှာအကပ်အသပ်တွေ ကျန်နေတတ်ပါတယ်။ တကယ်လို့ တစ်ခုခုကို သုံးမှဖြစ်မယ်ဆိုတဲ့ စိတ်မျိုးမရှိဘူးဆိုရင် ခေါင်းလျှော်နေစဉ်မှာ ဘယ်လိုခံစားရလဲ ဆိုတာပေါ်မူတည်ပြီး ခေါင်းလျှော်ရည်ပုံစံအမျိုးမျိုးကို စမ်းသပ် ကြည့်နိုင်ပါတယ်။ ခြောက်သွေ့နေပါသလား။ deep conditioner တွေကိုအသုံးပြုပါ။ တကယ်လို့ ဆပင်အားနည်းနေတယ်ဆိုရင်တော့ ပျော့တဲ့ ဆံပင်ပျော့ဆေးတွေကိုအသုံးပြုပါ။ ဆံပင်ရှုပ်နေတယ်ဆိုရင်တော့အစိုဓါတ်ထိန်းပျော့ဆေးကိုအသုံးပြုပါ။ သင့်ဆံပင်ကို ကြည့်ပြီးတော့ သူဘာလိုလဲဆိုတာ နားထောင်တတ်ပါစေ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#ဆံပင်
#ခေါင်းလျှော်ရည်
#ပင်ကို
#ဆေး
#ဦးရေပြား

Some text some message..