မျက်နှာခွဲစိတ်ဆရာဝန်တွေပြောတဲ့ ပြီးပြည့်စုံတဲ့အလှတရားကိုပိုင်ဆိုင်ထားတဲ့ မင်းသမီး(၁၀) ဦး
popolay.com
|
2019-06-24

တောင်ကိုးရီးယားနိုင်ငံရှိ သရုပ်ဆောင်မင်းသမီးများဟာဆိုရင် သရုပ်ဆောင်ပညာမှာ တစ်ဖက်ကမ်းခတ်တော်ရုံသာမက သူမတို့ရဲ့အလှတရားတွေကလဲ မဟာဆန်တယ်ဆိုတာ ငြင်းမရတဲ့အချက်ပဲဖြစ်ပါတယ်။ တစ်ဖန် တောင်ကိုးရီးယားဟာ မျက်နှာခွဲစိတ်ပြုပြင်သူ များပြားတာကြောင့် သဘာဝအတိုင်း လှပသူဆိုတာအင်မတန်မှ ရှားပါလာပါတယ်။ သဘာဝအတိုင်းလှပပြီး မျက်နှာခွဲစိတ်ထားခြင်းမရှိတဲ့ မင်းသမီးတွေထဲက ပြီးပြည့်စုံတဲ့အလှပိုင်ရှင်မင်းသမီး (၁၀) ယောက်က ဘယ်သူတွေဖြစ်မလဲဆိုတာသိရှိဖို့ ဆက်လက်ဖတ်ရှုလိုက်ရအောင်။


>>ဆက်လက်ဖတ်ရှုရန် Read More ကိုနှိပ်ပါ။<<


မျက်နှာခွဲစိတ်ပြုပြင်ထားခြင်းမရှိပဲ သဘာဝအတိုင်းလှတဲ့ မင်းသမီးတွေထဲကအလှဆုံး (၁၀) ဦးကို ဆရာဝန်တွေက ထုတ်ဖော်ပြောကြားလာတာဖြစ်ပါတယ်။


Kim Tae Hee




အဆိုတော်၊ သရုပ်ဆောင် Rain ရဲ့ ဇနီးသည် Kim Tae Hee ဟာဆိုရင် သေးသွယ်တဲ့ မျက်နှာကျပုံနဲ့ ပါးလွှာတဲ့ နှုတ်ခမ်းပါးတို့က သူမကို ပြီးပြည့်စုံစေတာပဲဖြစ်ပါတယ်။ သူမရဲ့ v shape မျက်နှာနဲ့ သဘာဝအတိုင်း ဖြစ်ပေါ်နေတဲ့ မျက်ရစ်နှစ်ထပ်တို့က ပြီးပြည့်စုံခြင်းရဲ့ လျှို့ဝှက်ချက်ဖြစ်လို့နေပါတယ်။


Han Ji Min




သရုပ်ဆောင် Han Ji Min ရဲ့ မျက်နှာကတော့ 1:3:3:1အချိုးအစားဖြစ်ပြီး ဘဲဥပုံ မျက်နှာက သူမအလှအပတွေရဲ့အဓိကအကြောင်းအရင်းပဲဖြစ်ပါတယ်။


Jun Ji Hyun




တောင်ကိုးရီးယားရဲ့အလှနတ်ဘုရားမလို့ တင်စားခေါ်ဝေါ်ကြတဲ့မင်းသမီး Jun Ji Hyun ရဲ့အလှအပဟာဆိုရင်အပြစ်ပြောစရာတစ်ကွက်မှမရှိအောင် ပြီးပြည့်စုံနေတာတွေ့ရမှာပါ။


Kim Hee Sun




မျက်လုံး၊ နှာခေါင်း၊ နှုတ်ခမ်းတို့ သူ့နေရာသူအချိုးကျကျ ဖြစ်တည်လှပနေတဲ့ သူမပါပဲ။ “Kim Hee Sun လိုအလှမျိုးဟာ နှစ် ၁၀၀ မှာတစ်ယောက်သာထွက်ပေါ်တဲ့အလှမျိုး” ဖြစ်တယ်လို့ ခွဲစိတ်ဆရာဝန်တစ်ဦးမှပြောကြားလာပါတယ်။


Han Ye Seul




သရုပ်ဆောင် Han Ye Seul ဟာ သေးသွယ်လှပတဲ့ v shape မျက်နှာအချိုးအစားကို ပိုင်ဆိုင်ထားပြီး တောက်ပတဲ့ မျက်ဝန်းတစ်စုံကို ပိုင်ဆိုင်ထားတဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်။


Shim Eunha




မင်းသမီး Shim Eunha ကတော့ လေးထောင့်ကျတဲ့ မျက်နှာကျပုံကို ပိုင်ဆိုင်ပြီး သူမရဲ့ မျက်နှာကတော့ U ပုံသဏ္ဍာန်ရှိတာတွေ့ရမှာပါ။


Han Ga In

V Shape ပုံသဏ္ဍာန် မျက်နှာအချိုးအစားပိုင်ရှင် Han Ga In ဟာဆိုရင် သူမရဲ့ နဖူးက မဟာဆန်တဲ့အလှကို ပေါ်လွင်စေတာဖြစ်ပြီး နှာခေါင်းချွန်ချွန်လေးက လှပမှုတွေကို ပိုပြီးပြည့်စုံသွားစေတဲ့အဓိကအကြောင်းအရင်းပါပဲ။


Song Hye Kyo

တောင်ကိုးရီးယားနိုင်ငံရဲ့အလှဘုရင်မလို့ တင်စားခေါ်ဝေါ်ကြတဲ့ Song Hye Kyo ကတော့ သူမရဲ့ မျက်နှာဖွဲ့စည်းပုံဟာအပြစ်ပြောစရာတစ်ကွက်မှမရှိအောင်အချိုးကျ လှပနေတာကြောင့် ပြည်သူတွေကအလှဘုရင်မလို့တင်စားခေါ်ဝေါ်ခဲ့ကြတာဖြစ်ပါတယ်။


Lee Young Ae

ငြိမ်းချမ်းခြင်းရဲ့အလှပိုင်ရှင် မင်းသမီးကြီး လီယောင်အေးဟာဆိုရင် မြန်မာမှာ ချန်ဂင်ဆိုပြီး လူသိများကြပါတယ်။ ပြီးပြည့်စုံတဲ့ သူမမျက်နှာကအလှတရားတွေကို မြင်လိုက်တာနဲ့ စိတ်အေးချမ်းမှု တစ်ခုကို ရရှိသွားလို့ ငြိမ်းချမ်းခြင်းရဲ့အလှပိုင်ရှင်လို့ တင်စားခေါ်ဝေါ်ကြတာပဲဖြစ်ပါတယ်။


Suzy

အိမ်ခေါင်မိုး သဏ္ဍာန်ရှိတဲ့ မျက်ဝန်း၊ ရှည်လျားသွယ်လျတဲ့ နှာတံတို့ဟာ သူမပြီးပြည့်စုံရခြင်းရဲ့အဓိကအကြောင်းအရင်းဖြစ်လို့နေပါတယ်။

(ပိုပိုလေး)


#မျက်နှာ
#မင်းသမီး
#အလှ
#ကိုးရီးယား
#မဟာဆန်

Some text some message..