ကိုရီးယားမလေးတွေလို ခြေတံသွယ်လျလှပစေဖို့…
trend.com.mm
|
2019-07-05

ကိုရီးယားဇာတ်လမ်းတွဲတွေကြည့်တိုင်း ဖြူဖြူသွယ်သွယ်လေးနဲ့ လှနေတဲ့ ခြေတံလေးတွေမြင်ရင် မိန်းကလေးတိုင်းအားကျလိုချင်မိကြမှာအမှန်ပါပဲ။ဒါကြောင့် ကိုရီးယားမလေးတွေလို ခြေတံသွယ်သွယ်လှလှလေးပိုင်ဆိုင်ရဖို့ သူတို့ရဲ့ နည်းလမ်းလေးတွေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


Girls’ Generationအဖွဲ့ရဲ့5-3-2 လေ့ကျင့်ခန်း
Girls’ Generation ဆိုတာ မသိတဲ့သူရှားတဲ့ နာမည်ကျော်တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ပါ။မိန်းကလေးတွေချည်းသီးသန့်ဖွဲ့ထားတဲ့ကေပေါ့ပ်အဖွဲ့လေးဟာ သူတို့ခြေထောက်လေးတွေလှပနေတဲ့ နည်းလမ်းလေးအချို့ကိုပြန်လည်ပြောပြခဲ့ပါတယ်။5-3-2 ဆိုတဲ့လေ့ကျင့်ခန်းလေးပါ။
ဗီဒီယိုလေးဖော်ပြပေးလိုက်တယ်နော်။







APINKအဖွဲ့ဝင် Na Eun ရဲ့လေ့ကျင့်ခန်း
APINKအဖွဲ့ဝင် Na Eun ဟာဆိုရင်လည်း ခြေတံကျော့ရှင်းသွယ်လှသူလို့ နာမည်ကျော်ကြားပါတယ်။သူမကလည်း သူမလုပ်နေကျလေ့ကျင့်ခန်းလေးကိုပရိသတ်ကြီးအတွက်မျှဝေထားပါတယ်။သူမ ဘယ်လိုလုပ်လဲဆိုတာ ဗီဒီယိုလေးပြန်လည်ဖော်ပြပေးလိုက်ပါတယ်။







Girl’s Dayအဖွဲ့ဝင် Min Ah ရဲ့နည်းလမ်း
Girl’s Dayအဖွဲ့ဝင် Min Ah ကတော့ သူမရဲ့ ခြေထောက်သွေးလည်ပတ်မှုကောင်းစေဖို့ နှိပ်နယ်လေ့ရှိသလို မအိပ်ခင်မှာလည်း ခြေထောက်အကြောဆန့်တဲ့လေ့ကျင့်ခန်းကိုလုပ်ပေးတယ်လို့ သူမရဲ့ပရိသတ်ကြီးကို ပြောပြခဲ့ပါတယ်။သူမက ခြေထောက်ကိုနှိပ်နယ်ပေးပြီးအကြောဆန့်တယ်။ရေများများသောက်တယ်။ဆိုဒီယမ်ပါဝင်တဲ့အစားအစာတွေရှောင်တယ်လို့လည်းသိရပါတယ်။








ချေးချွတ်သန့်စင်
မျက်နှာကိုတင်မကပဲ ခြေထောက်လေးသွယ်လျလှပဖို့ ချေးချွတ်သန့်စင်ပေးဖို့လိုအပ်ပါတယ်။အဲ့ဒါမှ ဆဲလ်သေတွေကင်းစင်ပြီးအသားအရည်ဆဲလ်တွေအသစ်ပြန်ဖြစ်ကာ ချောမွေ့ကျန်းမာတဲ့ခြေတံလေးကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။သင့်အနေနဲ့ တစ်ပတ်တစ်ခါဖြစ်စေ၊နှစ်ခါဖြစ်စေလုပ်ပေးသင့်ပါတယ်။








Unicode

ကိုရီးယားဇာတ်လမ်းတွဲတွေကြည့်တိုင်း ဖြူဖြူသွယ်သွယ်လေးနဲ့ လှနေတဲ့ ခြေတံလေးတွေမြင်ရင် မိန်းကလေးတိုင်းအားကျလိုချင်မိကြမှာအမှန်ပါပဲ။ဒါကြောင့် ကိုရီးယားမလေးတွေလို ခြေတံသွယ်သွယ်လှလှလေးပိုင်ဆိုင်ရဖို့ သူတို့ရဲ့ နည်းလမ်းလေးတွေပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


Girls’ Generation အဖွဲ့ရဲ ့5-3-2 လေ့ကျင့်ခန်း
Girls’ Generation ဆိုတာ မသိတဲ့သူရှားတဲ့ နာမည်ကျော်တောင်ကိုရီးယားကေပေါ့ပ်အဖွဲ့တစ်ဖွဲ့ပါ။မိန်းကလေးတွေချည်းသီးသန့်ဖွဲ့ထားတဲ့ကေပေါ့ပ်အဖွဲ့လေးဟာ သူတို့ခြေထောက်လေးတွေလှပနေတဲ့ နည်းလမ်းလေးအချို့ကိုပြန်လည်ပြောပြခဲ့ပါတယ်။5-3-2 ဆိုတဲ့လေ့ကျင့်ခန်းလေးပါ။
ဗီဒီယိုလေးဖော်ပြပေးလိုက်တယ်နော်။


APINK အဖွဲ့ဝင် Na Eun ရဲ ့လေ့ကျင့်ခန်း
APINK အဖွဲ့ဝင် Na Eun ဟာဆိုရင်လည်း ခြေတံကျော့ရှင်းသွယ်လှသူလို့ နာမည်ကျော်ကြားပါတယ်။သူမကလည်း သူမလုပ်နေကျလေ့ကျင့်ခန်းလေးကိုပရိသတ်ကြီးအတွက်မျှဝေထားပါတယ်။သူမ ဘယ်လိုလုပ်လဲဆိုတာ ဗီဒီယိုလေးပြန်လည်ဖော်ပြပေးလိုက်ပါတယ်။


Girl’s Day အဖွဲ့ဝင် Min Ah ရဲ ့နည်းလမ်း
Girl’s Day အဖွဲ့ဝင် Min Ah ကတော့ သူမရဲ့ ခြေထောက်သွေးလည်ပတ်မှုကောင်းစေဖို့ နှိပ်နယ်လေ့ရှိသလို မအိပ်ခင်မှာလည်း ခြေထောက်အကြောဆန့်တဲ့လေ့ကျင့်ခန်းကိုလုပ်ပေးတယ်လို့ သူမရဲ့ပရိသတ်ကြီးကို ပြောပြခဲ့ပါတယ်။သူမက ခြေထောက်ကိုနှိပ်နယ်ပေးပြီး အကြောဆန့်တယ်။ရေများများသောက်တယ်။ဆိုဒီယမ်ပါဝင်တဲ့အစားအစာတွေရှောင်တယ်လို့လည်းသိရပါတယ်။


ချေးချွတ်သန့်စင်
မျက်နှာကိုတင်မကပဲ ခြေထောက်လေးသွယ်လျလှပဖို့ ချေးချွတ်သန့်စင်ပေးဖို့လိုအပ်ပါတယ်။အဲ့ဒါမှ ဆဲလ်သေတွေကင်းစင်ပြီး အသားအရည်ဆဲလ်တွေအသစ်ပြန်ဖြစ်ကာ ချောမွေ့ကျန်းမာတဲ့ခြေတံလေးကို ပိုင်ဆိုင်ရမှာဖြစ်ပါတယ်။သင့်အနေနဲ့ တစ်ပတ်တစ်ခါဖြစ်စေ၊နှစ်ခါဖြစ်စေလုပ်ပေးသင့်ပါတယ်။

ဒီနည်းလေးတွေကတော့ ကိုရီးယားမလေးတွေ ခြေတံသွယ်လျနေခြင်း လျှို့ဝှက်ချက်လေးတွေပဲဖြစ်ပါတယ်။


#ခြေတံ
#ကိုရီးယား
#လေ့ကျင့်ခန်း
#ခြေထောက်
#ဗီဒီယို

Some text some message..