Skin Type (၅) မျိုးအကြောင်း
weddingguide.com.mm
|
2019-08-05

မိန်းကလေးများ မိမိအသားအရေအမျိုးအစားကို နားလည်ကာ မိမိနှင့်ကိုက်ညီသော skin care သုံးနိုင်ဖို့အသားအရေ ခွဲခြားနည်းလေး တင်ပြပေးလိုက်တယ်နော်


အသားအရေအမျိုးအစားခွဲခြင်း



၁ ) ပုံမှန်အသားအရေ



၂ )အဆီပြန်သောအသားအရေ



၃ ) ခြောက်သွေ့သောအသားအရေ



၄ ) ပေါင်းစပ်အသားအရေ



၅ ) ထိခိုက်လွယ်သောအသားအရေ


၁ ) ပုံမှန်အသားအရေ



အရေပြားနူးညံ့ချောမွေ့မှုရှိခြင်းအဆီပြန်ခြင်း သို့မဟုတ်အရေပြားအဖတ်များဖြစ်နေမှုမရှိခြင်းချွေးပေါက်များ ပုံမှန်အတိုင်းရှိခြင်း။


(၂ )အဆီပြန်သောအသားအရေ


အရေပြားအဆီပြန်ကာ ပြောင်လက်နေခြင်းနူးညံ့မှုမရှိဘဲအရေပြားမာကာကြမ်းတမ်းခြင်းချွေးပေါက်များ ပုံမှန်ထက် ကျယ်နေခြင်းမျက်နှာပေါ်တွင်အမည်းစက်အသေးလေးများနှင့် ဝက်ခြံဖြစ်လွယ်ခြင်း။


၃ ) ခြောက်သွေ့သောအသားအရေ



အရေပြားတွင်စိုစွတ်မှုမရှိဘဲ မာကြောကြမ်းတမ်းခြင်းမျက်နှာပေါ်တွင်အရေပြားအဖတ်များဖြစ်ပေါ်ခြင်း (အထူးသဖြင့် မျက်နှာသစ်ပြီးစအချိန်တွင်ပိုမိုဖြစ်ပေါ်သည်) နှင်းခူနှင့်အရေးကြောင်းများဖြစ်လွယ်ခြင်းချွေးပေါက်ကျဉ်းခြင်း။


၄ ) ပေါင်းစပ်အသားအရေ



မိန်းကလေးအများစုတွင် ပေါင်းစပ်အသားအရေ တွေ့ရများသည်ပုံမှန်|အဆီပြန်| ခြေက်သွေ့အသားအရေ များတွင်တွေ့ရသည့် လက္ခဏာများပေါင်းကာတွေ့ရလေ့ရှိသည်T- zone တွင်အဆီပြန်ကာ ကျန်နေရာများတွင် ပုံမှန် သို့မဟုတ် ခြောက်သွေ့နေတတ်သည်။


၅ ) ထိခိုက်လွယ်သောအသားအရေ



အသားရေ နီခြင်း| ယားယံခြင်း| ပူလောင်ခြင်း| ခြေက်သွေ့ခြင်း များဖြစ်လွယ်သည်အများစုမှာ cosmetic products များသုံးပြီးချိန်တွင်အဖြစ်များသည်မိမိနှင့် ဓတ်မတည့်သောအလှပြင်ပစ္စည်းများ|အစားအစာများ စားပြီးချိန်တွင်ပိုမိုတွေ့ရတတ်သည်။


မိန်းကလေးများ မိမိအသားအရေအမျိုးအစားကို သိရှိကာ မိမိနှင့်ကိုက်ညီသော skin care များအသုံးပြုနိုင်ကြပါစေ။


Source -အလှအပရေးရာ

Myanmar Wedding Guide

#အရေပြား
#အဖတ်
#ခြင်း
#အမျိုးအစား
#မိန်းကလေး

Some text some message..