မျက်နှာအတွက် ဂျီးချွတ်နည်း(၃) နည်း
weddingguide.com.mm
|
2019-08-23

မျက်နှာကို ဂျီးချွတ်တဲ့အဆင့့်ဟာ Skin care လုပ်တဲ့နေရာမှာအရေးကြီးဆုံးအချက်ပဲဖြစ်ပါတယ်။


နည်းလမ်း (၁)


အိမ်မှာမနက်စာစားတဲ့အခါမှာလည်းအရမ်းကိုအာဟာရဖြစ်စေတဲ့အုတ်ဂျုံနဲ့ပျားရည်ပဲဖြစ်ပါတယ်။


အုတ်ဂျုံနဲ့ပျားရည်ကိုဆတူရောရမှာဖြစ်ပါတယ်။ ပြီးရင်ရောမွှေပြီးတော့ မျက်နှာကိုအသာအယာလိမ်းပေးရမှာ ဖြစ်ပါတယ်။


အုတ်ဂျုံဟာဆိုရင် မျက်နှာအသားအရေကိုသဘာဝအလျောက်သန့်ရှင်းပေးတယ်။အသားအရေကိုအစိုဓာတ်အပြည့်အဝပေးတယ်။


မျက်နှာပေါ်မှာရှိတဲ့ ဘတ်တီးရီးယားပိုးမွှားတွေကိုဖယ်ရှားပေးနိုင်တဲ့အတွက်ကြောင့် မျက်နှာပေါ်မှာဖြစ်လာမဲ့အဆီဖုတွေ၊


ဝက်ခြံတွေကိုလည်းကာကွယ်ပေးတယ်။


နည်းလမ်း (၂)


ဒီနည်းလမ်းလေးကတော့ Skin care လုပ်ရမှာအရမ်းပျင်းတဲ့သူတွေအတွက်အရမ်းကိုအဆင်ပြေတဲ့ နည်းလမ်းလေးဖြစ်ပါတယ်။


ဒီနည်းလမ်းလေးအတွက် သံပုသီးရယ်၊ သကြားရယ်၊ ပျားရည်ရယ်သုံးခုလိုပါမယ်။


သံပုရာသီးလေးကို စိတ်ပြီးတော့ သကြားလေးဖြူးလိုက်ပါမယ်။


ပြီးရင် ပျားရည်လေးကိုအရည်ဆန်းလိုက်ရပါမယ်။ ပြီးရင်တော့အဲ့သံပုရာခြမ်းလေးနဲ့ မျက်နှာကိုညင်သာစွာပွတ်ပေးရပါမယ်။


ဒီနည်းလမ်းကတော့ မျက်နှာပေါ်မှာအမဲစက်အရမ်းများတဲ့သူတွေရယ်၊


အဆီအရမ်းပြန်တဲ့သူတွေရယ်အတွက်အရမ်းကို သင့်တော်တဲ့ဂျီးချွတ်နည်းလေးပဲဖြစ်ပါတယ်။


နည်းလမ်း(၃)


ဒီနည်းအတွက်လိုအပ်တာကတော့ကော်ဖီကြမ်းနဲ့အုန်းဆီစစ်ပဲဖြစ်ပါတယ်။


အုန်းဆီစစ်စစ်မရှိဘူးဆိုရင်တော့ သံလွင်ဆီကိုအသုံးပြုရမှာပဲဖြစ်ပါတယ်။


ဒီပစ္စည်းနှစ်ခုကို ဆတူရောပြီးတော့ မွှေပေးရမှာပဲဖြစ်ပါတယ်။


မျက်နှာအရမ်းကိုအဆီပြန်တတ်တဲ့သူဆိုရင်တော့ သံပုရာသီးလေးကိုညှစ်ထည့်သင့်ပါတယ်။


ကော်ဖီဟာ မျက်နှာကအမဲစက်တွေကို သက်သာစေတယ်။အသားဖြူပြီးတော့ ကြည်လင်စေပါတယ်။


ဆားဝက်ခြံနဲ့ ဝက်ခြံတွေကိုလည်းပျောက်ကင်းစေပါတယ်။


ဂျီးချွတ်တော့မယ်ဆိုရင်တော့ပထမဆုံးမျက်နှာချွေးပေါက်တွေ ပွင့်သွားအောင် ရေနွေးလေးနဲ့မျက်နှာကိုသုတ်ပေးရမှာဖြစ်ပါတယ်။


ချွေးပါက်တွေပွင့်သွားပြီဆိုရင်တော့ စောစောကလုပ်ထားတဲ့ကော်ဖီတွေကိုလိမ်းပြီး Scrub တစ်ခုနဲ့ စက်ဝိုင်းပုံသဏ္ဍာန်ပွတ်ပေးရမှာဖြစ်ပါတယ်။


တစ်ခုသတိထားရမှာက မျက်နှာကို ငါးမိနစ်ထပ်ပိုပြီးတော့ မပွတ်ရပါဘူး။


ငါးမိနစ်လောက်ပွတ်ပြီးတာနဲ့ ငါးမိနစ်လောက်ထပ်ထားပြီးတော့ ရေနွေးနွေးလေးနဲ့မျက်နှာကိုသန့်ရှင်းအောင်လုပ်ပေးရမှာဖြစ်ပါတယ်။


မျက်နှာအသားအရေကအရမ်းကိုနူးညံ့တဲ့အတွက်အလွန်အကျွံလုပ်မိရင် မျက်နှာအသားအရေကိုထိခိုက်နိုင်ပါတယ်။


ဒါကြောင့် မျက်နှာဂျီးချွတ်တာကို တစ်ပတ်မှာ (၁)ကြိမ် (သို့) (၂) ကြိမ်သာလုပ်သင့်ပါတယ်။


မျက်နှာဂျေးချွတ်ပြီးတဲ့အချိန်မှာ မျက်နှာပေါ်ကဆဲလ်အသေတွေကို ဖယ်ရှားလိုက်တာဖြစ်တဲ့အတွက်ကြောင့် မျက်နှာပြင်ကချောမွတ်နေမှာပဲဖြစ်ပါတယ်။


မျက်နှာချွေးပေါက်တွေထဲမှာပိတ်မိနေတဲ့အညစ်အကြေးတွေကို ဖယ်ရှားပေးလိုက်တဲ့အတွက်ကြောင့် ချက်ချင်းကို မျက်နှာလေးကဝင်းလာမှာဖြစ်ပါတယ်။


မျက်နှာအမဲစက်တွေလည်း သိသိသာသာပျောက်ကင်းစေမှာဖြစ်ပြီး ဝက်ခြံတွေလည်းလျော့သွားမှာဖြစ်ပါတယ်။


မျက်နှာဂျီးချွတ်ပြီးပြီဆိုတဲ့အချိန်ကျရင် မျက်နှာကလုံးဝအထိခိုက်မခံတော့ပါဘူး။


ဒါကြောင့်မလို့ Toner လိမ်းပြီး တော့ Moisturizer ကိုချက်ချင်းလိမ်းပေးဖို့လိုပါတယ်။


နေပူထဲသွားတာကိုလည်းရှောင်ပေးရပါမယ်။ နေပူထဲမထွက်မဖြစ်ထွက်ရမယ်ဆိုရင်လည်း suncream ကိုလိမ်းပေးရပါမယ်။

Myanmar Wedding Guide

#မျက်နှာ
#ဝက်ခြံ
#ပျားရည်
#အမဲ
#နည်းလမ်း

Some text some message..