မရှိသလောက် ရှားပါးပြီး လူတစ်ရပ်ကျော်တဲ့ ဆံပင်ရှည်ကြီးနဲ့ ပရိသတ်များစိတ်ဝင်စားခြင်း ခံနေရတဲ့ မြန်မာမိန်းမလှလေး
celegabar.com
|
2019-09-04



” မိန်းမတို့ ဘုန်း ဆံထုံး ” ဆိုတဲ့ ရှေးခေတ်စာဆိုများ မိန့်ဆိုခဲ့သလို မိန်းကလေးတစ်ယောက်ရဲ့ ကောင်းခြင်းအဖျာဖျာကို လေ့လာကြည်ရှူကြတဲ့အခါမှာ မိန်းမတို့ရဲ့ ဆံပင်သားကိုလည်း လေ့လာအကဲခတ်ကြပြန်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့အလှမှာ ဒုတိယမျက်နာဖြစ်တဲ့ ဆံပင်နဲ့ပတ်သက်လို့ ပိတုန်းရောင် ကဲ့သို့ မည်းနက်ပြီး ထူးပိန်း ဖြောင့်စင်းသော သဏ္ဍာန်ရှိတဲ့ ဆံသားကို ပိုင်ဆိုင်ထားသူ မိန်းကလေးဟာ ကောင်းခြင်းအလှဂုဏ် တစ်ခုနဲ့ ပြည့်စုံတယ်လို့ လည်း ဆိုနိုင်ပါတယ်။







မြန်မာ ရိုးရာယဉ်ကျေးမှုအရ ရှေးခေတ်အခါက မြန်မာမိန်းမ တွေ သာမကအမျိုးသားတွေပါ ဆံပင် ရှည်ထားခဲ့ကြသလိုအမျိုးသားများ ဆံပင်ရှည်ထုံးဖွဲ့မှုကို “သျှောင်” လို့ ခေါ်ဆိုကြပြီး ဒီနေ့ခေတ်မှာတော့အမျိုးသားများကို သျှောင်နဲ့ မြင်တွေ့ရခြင်း လုံး၀ မရှိတော့သလို ယနေ့ခေတ်အမျိုးသမီးများကိုလည်း ခါး ထက်ကျော်ပြီး ဆံပင်အရှည်ထားခြင်းကိုအတွေ့ရနည်းသွားကြပြီ ဖြစ်ပါတယ်။






လက်ရှိမှာတော့ တစ်ထောင်မှာတစ်ယောက် တောင် မတွေ့နိုင်တဲ့ ဆံကေသာနဲ့ မြန်မာမိန်းကလေးတစ်ယောက် လူမှုကွန်ရက်မှာ ပရိသတ်များရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပြီး ခေတ်သစ်ရီပန်ဇယ်လေး( ဆံပင်အရှည်ကြီးနဲ့ ကာတွန်းဇာတ်ကောင် မိန်းကလေး) လို့တောင် သူမကို တင်စားခေါ်ဝေါ်နေကြပါတယ်။ မျက်နာလေးကပါ ကြည်လင်လှပပြီး လူတစ်ရပ်ကျော်ဆံကေသာ ပိုင်ရှင်လေး မေသူဇာလွင်ဟာ မြန်မာဆန်ဆန်လေး ဝတ်ဆင်နေထိုင်ကာ မိတ်ကပ်မလိမ်းပဲ ကြည်လင်တဲ့မျက်နာကျနဲ့ ရှားရှားပါးပါး မိန်းမလှလေးလို့ ဆိုရမှာပါ။ လက်ရှိမှာတော့ သူမဟာ မိုးကုတ်မြို့ ၊ ရွာသာယာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာမလေးတစ်ဦးဖြစ်ပြီး သူမရဲ့ ဆံကေသာအလှနဲ့ မြန်မာဆန်ဆန်အလှပုံရိပ်လေးတွေကြောင့် လူမှုကွန်ရက်စာမျက်နာထက်မှာ လူသိများကာ စိတ်ဝင်စားလို့ နေတာပဲ ဖြစ်ပါတယ်။





Source:May Thuzar Linn
Khin Mi Mi- CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်




မရှိသလောက် ရှားပါးပြီး လူတစ်ရပ်ကျော်တဲ့ ဆံပင်ရှည်ကြီးနဲ့ ပရိသတ်များစိတ်ဝင်စားခြင်း ခံနေရတဲ့ မြန်မာမိန်းမလှလေး




” မိန်းမတို့ ဘုန်း ဆံထုံး ” ဆိုတဲ့ ရှေးခေတ်စာဆိုများ မိန့်ဆိုခဲ့သလို မိန်းကလေးတစ်ယောက်ရဲ့ ကောင်းခြင်း အဖျာဖျာကို လေ့လာကြည်ရှူကြတဲ့အခါမှာ မိန်းမတို့ရဲ့ ဆံပင်သားကိုလည်း လေ့လာ အကဲခတ်ကြပြန်ပါတယ်။ မိန်းကလေးတစ်ယောက်ရဲ့ အလှမှာ ဒုတိယမျက်နာဖြစ်တဲ့ ဆံပင်နဲ့ပတ်သက်လို့ ပိတုန်းရောင် ကဲ့သို့ မည်းနက်ပြီး ထူးပိန်း ဖြောင့်စင်းသော သဏ္ဍာန်ရှိတဲ့ ဆံသားကို ပိုင်ဆိုင်ထားသူ မိန်းကလေးဟာ ကောင်းခြင်းအလှဂုဏ် တစ်ခုနဲ့ ပြည့်စုံတယ်လို့ လည်း ဆိုနိုင်ပါတယ်။

မြန်မာ ရိုးရာယဉ်ကျေးမှုအရ ရှေးခေတ်အခါက မြန်မာမိန်းမ တွေ သာမက အမျိုးသားတွေပါ ဆံပင် ရှည်ထားခဲ့ကြသလို အမျိုးသားများ ဆံပင်ရှည်ထုံးဖွဲ့မှုကို “သျှောင်” လို့ ခေါ်ဆိုကြပြီး ဒီနေ့ခေတ်မှာတော့ အမျိုးသားများကို သျှောင်နဲ့ မြင်တွေ့ရခြင်း လုံး၀ မရှိတော့သလို ယနေ့ခေတ်အမျိုးသမီးများကိုလည်း ခါး ထက်ကျော်ပြီး ဆံပင်အရှည်ထားခြင်းကို အတွေ့ရနည်းသွားကြပြီ ဖြစ်ပါတယ်။

လက်ရှိမှာတော့ တစ်ထောင်မှာတစ်ယောက် တောင် မတွေ့နိုင်တဲ့ ဆံကေသာနဲ့ မြန်မာမိန်းကလေးတစ်ယောက် လူမှုကွန်ရက်မှာ ပရိသတ်များရဲ့ စိတ်ဝင်စားခြင်းကို ခံနေရပြီး ခေတ်သစ်ရီပန်ဇယ်လေး( ဆံပင်အရှည်ကြီးနဲ့ ကာတွန်းဇာတ်ကောင် မိန်းကလေး) လို့တောင် သူမကို တင်စားခေါ်ဝေါ်နေကြပါတယ်။ မျက်နာလေးကပါ ကြည်လင်လှပပြီး လူတစ်ရပ်ကျော်ဆံကေသာ ပိုင်ရှင်လေး မေသူဇာလွင်ဟာ မြန်မာဆန်ဆန်လေး ဝတ်ဆင်နေထိုင်ကာ မိတ်ကပ်မလိမ်းပဲ ကြည်လင်တဲ့မျက်နာကျနဲ့ ရှားရှားပါးပါး မိန်းမလှလေးလို့ ဆိုရမှာပါ။ လက်ရှိမှာတော့ သူမဟာ မိုးကုတ်မြို့ ၊ ရွာသာယာမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျောင်းဆရာမလေးတစ်ဦးဖြစ်ပြီး သူမရဲ့ ဆံကေသာအလှနဲ့ မြန်မာဆန်ဆန် အလှပုံရိပ်လေးတွေကြောင့် လူမှုကွန်ရက်စာမျက်နာထက်မှာ လူသိများကာ စိတ်ဝင်စားလို့ နေတာပဲ ဖြစ်ပါတယ်။


Source:May Thuzar Linn
Khin Mi Mi- CeleGabar
ယူနီကုဒ်နဲ့ ဖတ်ရန်


#အလှ
#သျှောင်
#ကေသာ
#ဆံပင်
#ဆံပင်ရှည်

Some text some message..