ဝက်ခြံ
ဆိုတာကြီးကြီးသေးသေး စိတ်ညစ်စရာကောင်းပြီး ပင်ကိုယ်အလှတွေကို ပျောက်ကွယ်သွားစေနိုင်တဲ့ ပြဿနာတစ်ခုပါ။ ဝက်ခြံပေါက်တတ်တဲ့ပြဿနာက သူတစ်ခုတည်းတင်မကဘူး။အများအားဖြင့် ဝက်ခြံရှိတဲ့သူတွေမှာ ချွေးပေါက်ကျယ်တဲ့ပြဿနာလည်းတစ်ခါတည်းပါနေတတ်တယ်။ ချွေးပေါက်ကျယ်တာနဲ့ ဝက်ခြံပေါင်းလိုနဂိုလှပတဲ့မျက်နှာလေးတောင် ကြည့်ရဆိုးသွားတတ်တယ်။
ဒီတော့ ဒီလိုပြဿနာတွေကို ဘယ်လိုရှင်းကြမလဲ။
ဘယ်လောက်ပဲ
မိတ်ကပ်
တွေမှုန်နေအောင် လိမ်းထားပါစေ ချွေးပေါက်ကျယ်ပြီးအဆီတွေပြန်နေတယ်၊ ဝက်ခြံပေါက်နေတယ် ဆိုရင် သိပ်ပြီးကြည့်မကောင်းပါဘူး။ ဒီတော့ မိတ်ကပ်ဒီပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုတာကတော့အသေအချာပါ။ ဒါ့ကြောင့် အသားအရေကို ထိန်းသိမ်းပေးတဲ့ skin care products တွေ ပေါ်ထွက်လာရတာဖြစ်ပါတယ်။အိမ်တစ်အိမ်အတွက်အရေးအကြီးဆုံးကအုတ်မြစ်ပါ။အုတ်မြစ်သေချာခိုင်မှအပေါ်ဆက်တက်လို့ရသလိုပဲ လှပပြီး ပြည့်စုံတဲ့မျက်နှာတစ်ခုပိုင်ဆိုင်ဖို့အရေးအကြီးဆုံးက မျက်နှာအသားအရေပါ။ ဒီတော့မျက်နှာအသားအရေကို ထိန်းသိမ်းဖို့အတွက်အသားအရေထိန်းသိမ်းမှုပစ္စည်းတွေ မှန်ကန်ရမှာပေါ့။
ဒီတော့ ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်လွယ်တဲ့အသားအရေရှိသူတွေအနေနဲ့အသားအရေ ဘယ်လိုထိန်းသိမ်းမလဲ။
မျက်နှာအသားအရေကို ထိန်းသိမ်းတဲ့အဆင့်မှာ
မျက်နှာသစ်
တာကနေ မိတ်ကပ်မလိမ်းခင်အဆင့်ထိအဆင့်တွေအများကြီးရှိတာဆိုတော့အဆင့်အလိုက်ကြည့်လိုက်ရအောင်။ ( ၁ )
မိတ်ကပ်
နဲ့ တခြားအညစ်အကြေးတွေကို သန့်စင်ပါ။- တစ်နေ့လုံးလိမ်းထားတဲ့ မိတ်ကပ်တွေ၊ ကပ်နေတဲ့ ဖုန်တွေနဲ့ မျက်နှာပေါ်ကအဆီပိုတွေကိုအသန့်ရှင်းပေးနိုင်ဆုံးကတော့ မိတ်ကပ်ဖျက်မျက်နှာသန့်စင်ဆေးရည်တွေပဲ ဖြစ်ပါတယ်။ မျက်နှာသစ်သန့်စင်ဆေးရည်တွေထဲမှာအရေပြားအနက်ရှိုင်းဆုံးအတွင်းပိုင်းထိသန့်စင်ပေးပြီး ပိုလျှံနေတဲ့အဆီတွေကိုဖယ်ရှားပေးတဲ့
Micellar water
အမျိုးအစားကို ပိုရွေးချယ်သင့်ပါတယ်။ ( ၂ )
မျက်နှာသစ်ဆေး
နဲ့ မျက်နှာသစ်ပါ။ -ဝက်ခြံတွေရဲ့အရင်းမြစ်က ချွေးပေါက်ကျယ်ပြီးအဆီပြန်တာဆိုတော့ ဒီပြဿနာကို ဖြေရှင်းပေးမယ့် မျက်နှာသစ်ဆေးအမျိုးအစားကို သုံးကိုသုံးပေးရမှာဖြစ်ပါတယ်။ ( ၃ )
း Pore Refiner သုံးပါ။ - Pore Refiner သုံးတဲ့အခါမှာအဆီပါဝင်မှုနည်းတာကိုရွေးချယ်ပေးပါ။ ဒါမှအဆီပြန်တာ နဲ့အဆီပြန်တာကြောင့်ဖြစ်တဲ့ ဝက်ခြံတွေဖြစ်တာကို တားဆီးနိုင်မှာပါ။ ( ၄ )အစိုဓာတ်ထိန်း ခရင်မ်လိမ်းပါ။-အစိုဓာတ်ထိန်း moisturizer တွေက ရေဓာတ်နဲ့အဆီဓာတ် မျှတအောင် ထိန်းပေးလို့အဆီပြန်တာကို သက်သာစေတဲ့အပြင်အသားခြောက်ပြီး ဆဲလ်သေတွေ ပုံထပ်လာခြင်းကို သက်သာစေတာကြောင့် ဝက်ခြံပြဿနာတွေကို ဖြေရှင်းပြီးသားဖြစ်မှာပါ။ (၅)
နေလောင်ကာခရင်မ်
လူးပါ။ -အဆီပြန်တဲ့အသားအရေမှာ နေလောင်တာကြောင့် ထပ်ပြီးရောဂါမတိုးစေဖို့ဆိုရင် နေလောင်ကာခရင်မ်ကိုလူးပေးရမှာပါ။ ဒါမှ ခရမ်းလွန်ရောင်ခြည်ကြောင့်အသားအရေထိခိုက်ပျက်စီးတာကို ကာကွယ်ရာရောက်မှာပါ။
Skin care products တွေကို ဘယ်လိုရွေးချယ်ကြမလဲ ။ ။
ဝက်ခြံအတွက်အဆီပြန်တဲ့သူတွေအတွက် ထုတ်ထားတဲ့ skin care products တွေကအများကြီးဆိုတော့ ကောင်းမယ်ထင်တာ ဝယ်သုံးကြည့်လိုက်တယ်။ မပျောက်တဲ့အပြင် ကိုယ်နဲ့ မတည့်လို့ဆိုပြီး မျက်နှာပေါ်က ဝက်ခြံတွေ ပိုဆိုးသွားတဲ့သူတွေကလည်း တစ်ပုံကြီးပါ။ ဒီတော့ ကိုယ့်အသားအရေနဲ့ တည့်မယ့် skin care productsအမျိုးအစားကို ရွေးချယ်ဖို့ ဒီအချက်တွေသိထားဖို့ လိုတယ်နော်။ Alcoholအများကြီးပါတဲ့အမျိုးအစားတွေကို ရှောင်ရပါမယ် - alcohol များလေလေ
အသားခြောက်
လေလေဖြစ်ပြီး ခြောက်သွားတဲ့ ဆဲလ်အသေတွေ ပုံထပ်လာနိုင်တာကြောင့် ဝက်ခြံပိုပေါက်စေတတ်ပါတယ်။ Non co medogenic ဆိုတဲ့ စာတန်းလေးကိုလိုက်ရှာပါ- Non comedogenic ဆိုတာက ချွေးပေါက်တွေကို ပိတ်ဆို့စေတာမျိုးမရှိစေဘူးဆိုတဲ့အဓိပ္ပါယ်ပါ။ ဒီစာတန်းပါတဲ့အသားအရေထိန်းသိမ်းတဲ့ ပစ္စည်းလေးတွေက ချွေးပေါက်လေးတွေကိုအသက်ရှုချောင်စေပြီး ဝက်ခြံတွေကို သက်သာစေမှာအသေအချာပါ။ glycerin and hyaluronic acid ပါတဲ့အမျိုးအစားတွေကိုအဓိက ရွေးချယ်ပါ။ - glycerin and hyaluronic acid တို့ဟာ ချွေးပေါက်ပိတ်တာမျိုးတွေမဖြစ်စေလို့အဆီဖုတွေ ကင်းရှင်းစေမယ့်အပြင်အသားအရေရဲ့
အစိုဓာတ်
ကိုပါ ထိန်းပေးဦးမှာပါ။အရေပြားဆရာဝန်တွေရဲ့ ထောက်ခံချက်ရပြီးသား၊ FDAအသိအမှတ်ပြူရပြီးသား skin care products တွေဖြစ်ဖို့လည်းအရေးကြီးပါသေးတယ်။ နောက်အရေးကြီးတာတစ်ခုကတော့ dermatologically tested ဆိုတာပါ။ ဆိုလိုတာကအရေပြားတွေမှာ သေချာစမ်းသပ်ပြီးပြီ ဘာဆိုးကျိုးမှ မဖြစ်စေဘူးဆိုတာကိုအာမခံထားတာပေါ့။ ချွေးပေါက်ကျယ်ပြီး ဝက်ခြံပေါက်တဲ့အသားအရေတစ်ခုကိုအဆင့်ဆင့် ဘယ်လိုထိန်းသိမ်းရတယ်၊ skin care products တွေကို ဘယ်လိုရွေးဝယ်ရမယ်ဆိုတာ သိပြီးတော့ နောက်ထပ် ခေါင်းစားရတာတစ်ခုကအဲဒါတွေအကုန်လုံးကို ဘယ်မှာသွားရှာရမလဲ။
BIODERMA
ရဲ့ Sebiumအမျိုးအစားပစ္စည်းတွေကို သုံးကြည့်ဖို့အကြံပေးပါရစေ။ ချွေးပေါက်ကျယ်ပြီးအဆီပြန်ကာ ဝက်ခြံပေါက်နေတဲ့အသားအရေအတွက်အဓိကထုတ်ထားတာဖြစ်ပြီး ထိန်းသိမ်းတဲ့အဆင့်အလိုက်အမျိုးအစားတွေ ခွဲပြီး ထုတ်ထားတာဖြစ်လို့ တစ်နေရာတည်းမှာအစုံရနိုင်မှာလည်းဖြစ်ပါတယ်။ FDAအသိအမှတ်ပြုလည်းဖြစ်၊ ဓာတ်မတည့်တာမျိုးကို မဖြစ်စေဘူးဆိုတဲ့အရေပြားဆရာဝန်တွေရဲ့ ထောက်ခံချက်လည်း တညီတညွတ်တည်းရထားတာကြောင့် သင့်ရဲ့မျက်နှာပေါ်က ဝက်ခြံ နဲ့အဆီပိုတွေကို
BIODERMA
နဲ့အပြီးတိုင်နှုတ်ဆက်လိုက်နိုင်ပါတယ်။
Hello Health Group
သည် ဆေးပညာဆိုင်ရာအကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ