
ချစ်တို့ရေ ဝက်ခြံဆိုတဲ့အမျိုးကလေ ထွက်ပြီးရုံနဲ့မပြီးဘူးနော်။အမွေအနေနဲ့မျက်နှာပေါ်မှာ အမာရွတ်တွေ၊အမဲစက်တွေလည်းထားခဲ့တတ်သေးတယ်။
အဲ့လိုအမာရွတ်၊အမဲစက်လေးတွေကို ကုန်ကျစရိတ်သက်သက်သာသာနဲ့ပျောက်ကင်းနိုင်ဖို့အတွက်
ဒီနေ့မှာ အိမ်တွင်ကုထုံးလေးတွေကို ဝေမျှပေးချင်ပါတယ်။
၁။ အာလူး
အာလူးကိုကျိတ်ချေပါ။ပြီးရင်အရည်ညှစ်ပါ။ရလာတဲ့အရည်ကို ချစ်တို့ရဲ့မျက်နှာမှာလိမ်းထားပါ။
မိနစ် ၂၀ လောက်ထားပြီးခြောက်သွားပြီဆိုရင်တော့မျက်နှာသစ်ချလိုက်ရုံပါပဲနော်။
နှစ်ရက်ခြားတစ်ခါလောက်ပုံမှန်လုပ်ပေးမယ်ဆို သိသာတဲ့ရလဒ်တစ်ခုရလာမှာပါနော်။
၂။ ရှားစောင်းလက်ပတ်
ချစ်တို့ရဲ့မျက်နှာလေးတွေကို ရှားစောင်းပင်ရဲ့ အနှစ်အစစ်ကို တစ်နေ့ နှစ်ကြိမ်လိမ်းပါ။
တစ်ပတ်နေရင် အမဲစက်နဲ့ဝက်ခြံအမာရွတ်တွေ သိသာစွာ ပျောက်ကင်းလာပါတယ်နော်။
မျက်နှာ အစက်အပျောက်ကင်းစင်ပြီးအသားအရည်လှပဖို့အတွက်ကတော့ ရှားစောင်းလက်ပတ်က မရှိမဖြစ်ပါပဲနော်။
၃။ သင်္ဘောသီးမှည့်
အရင်ဆုံးသင်္ဘောသီးမှည့်ကိုကျိတ်ချေပါ။ပြီးရင်ပျားရည်နဲ့ရောစပ်ကာမျက်နှာမှာမိနစ်၂၀လောက်လိမ်းထားပေးပါ။
ခြောက်လောက်ပြီဆိုရင်ရေလေးနဲ့ဆေးချပေးလိုက်ရုံပါပဲ။နေ့တိုင်းလုပ်ပေးလို့ရတာကြောင့်တစ်ပတ်လောက်နေရင်သိသာလာမှာပါနော်။
၄။ နွားနို့
နွားနို့နဲ့ဆနွှင်းကို ရောစပ်ကာတစ်နေ့နှစ်ကြိမ် အမာရွတ်ပေါ်လိမ်းပေးပါ။
တစ်ပတ်နေ ဝက်ခြံအမာရွတ်နဲ့ အမဲစက်တွေ ပျောက်ကင်းသက်သာလာတာကိုတွေ့ရမှာပါနော်။
၅။ သံပုရာသီးရည်
နေ့စဉ် အမာရွတ်နဲ့အမဲစက်ရှိတဲ့နေရာပေါ်မှာ သံပုရာရည်တစ်စက်စီလောက်တို့ထားပါ။
၁၅မိနစ်ထား ပြီးရင်ရေဆေးချပေးပါ။အမာရွတ်တွေလျော့ပါးပြီး အသားအရည်ကြည်လင်လာတာကိုတွေ့ရမှာပါနော်။
၆။ ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကရတဲ့အရည်ကို မျက်နှာပေါ်မှာ လိမ်းထားပြီး ဆယ်မိနစ်လောက်နေရင် ရေဆေးချလိုက်ပါ။
တစ်ပတ်အတွင်း အမဲစက်တွေ ဝက်ခြံအမာရွတ်တွေ ပျောက်ကင်းပါတယ်နော်။
Myanmar Wedding Guide