ငွေမကုန်အောင် အိမ်မှာကိုယ်တိုင်လုပ်လို့ရမယ့် Foot Spa ပြုလုပ်ပုံအဆင့်ဆင့်
mystylemyanmar.com
|
2019-10-05

(Zawgyi Version)

Foot Spa လုပ်ပေးခြင်းက အရမ်းကောင်းပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ချွေးပုပ်တွေထွက်ပြီး သွေးလည်ပတ်မှုကောင်းစေလို့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်။ ခြေထောက်လေးလည်း ပိုပြီးဖြူလာစေတယ်။ သန့်ရှင်းလာစေတယ်။ ဒါကြောင့် ဆိုင်မှာသွားလုပ်ပြီး ငွေကုန်မခံချင်ရင်တောင် အိမ်မှာ ကိုယ်တိုင်လုပ်လို့ရအောင် Foot Spa ပြုလုပ်ပုံအဆင့်ဆင့်ကို ပြောပြပေးလိုက်တယ်နော်။

အဆင့် ၁ – ဇလုံတစ်လုံးထဲကို ကိုယ်အပူဒဏ်ခံနိုင်သလောက် ရေနွေးပူထည့်ပါ။




အဆင့် ၂ – ဆားကြမ်း ထမင်းစားဇွန်း ၃ ဇွန်းနဲ့ ရေချိုးဆပ်ပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာထည့်လိုက်ပါ။




အဆင့် ၃ – ခြေထောက်ကို အဲ့ဇလုံထဲ (၁၀) မိနစ် ဒါမှမဟုတ် (၁၅) မိနစ်လောက်စိမ်ထားပါ။ ဆားနဲ့ ရေနွေးစိမ်ထားခြင်းက ချွေးပုပ်တွေထွက်သွားစေပါတယ်။




အဆင့် ၄ – စိမ်ထားတဲ့အချိန်မှာပဲ ခြေထောက်ကိုသေချာနှိပ်နယ်ပေးပါ။ ခြေထောက်အကြောပြေပြီး ညောင်းကိုက်တာတွေသက်သာစေပါတယ်။ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။




အဆင့် ၅ – ခြေထောက်ကိုထုတ်ပြီး Scrub အနုနဲ့ ဖြည်းဖြည်းချင်းစီ ပွတ်ပေးပါ။ ခြေထောက်မှာရှိတဲ့ချေးနဲ့ အညစ်အကြေးတွေပျောက်ပြီး အသားအရောင်မညီတာ သက်သာစေပါတယ်။




အဆင့် ၆ – ခြေထောက်ကို ရေဆေးချလိုက်ပါ။ ပြီးတာနဲ့ ခြေသည်းကြားထဲက ချေးတွေကို တံစဉ်းနဲ့ထုတ်ပါ။ ကိုယ်လိုချင်တဲ့အတိုင်း ခြေသည်းပုံသွင်းပါ။




အဆင့် ၇ – ခြေထောက်ကို အဝတ်နဲ့ဖွဖွလေး ရေသုတ်ပါ။




အဆင့် ၈ – ခြေထောကို Moisturizer တို့ Lotion တို့ သေချာပြန်လိမ်းပေးပါ။ နှိပ်နယ်ပြီး သေချာအသားထဲစိမ့်ဝင်အောင်လိမ်းပါ။ ဒီအဆင့် ၈ ဆင့်ပြီးရင်တော့ Foot Spa လုပ်တာပြီးသွားပါပြီ။

Photo Source: www.wikihow.com

(Unicode Version)

Foot Spa လုပ်ပေးခြင်းက အရမ်းကောင်းပါတယ်။ ခန္ဓာကိုယ်မှာရှိတဲ့ ချွေးပုပ်တွေထွက်ပြီး သွေးလည်ပတ်မှုကောင်းစေလို့ ကျန်းမာရေးအတွက်လည်း ကောင်းမွန်တယ်။ ခြေထောက်လေးလည်း ပိုပြီးဖြူလာစေတယ်။ သန့်ရှင်းလာစေတယ်။ ဒါကြောင့် ဆိုင်မှာသွားလုပ်ပြီး ငွေကုန်မခံချင်ရင်တောင် အိမ်မှာ ကိုယ်တိုင်လုပ်လို့ရအောင် Foot Spa ပြုလုပ်ပုံအဆင့်ဆင့်ကို ပြောပြပေးလိုက်တယ်နော်။

အဆင့် ၁ – ဇလုံတစ်လုံးထဲကို ကိုယ်အပူဒဏ်ခံနိုင်သလောက် ရေနွေးပူထည့်ပါ။




အဆင့် ၂ – ဆားကြမ်း ထမင်းစားဇွန်း ၃ ဇွန်းနဲ့ ရေချိုးဆပ်ပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်းစာထည့်လိုက်ပါ။




အဆင့် ၃ – ခြေထောက်ကို အဲ့ဇလုံထဲ (၁၀) မိနစ် ဒါမှမဟုတ် (၁၅) မိနစ်လောက်စိမ်ထားပါ။ ဆားနဲ့ ရေနွေးစိမ်ထားခြင်းက ချွေးပုပ်တွေထွက်သွားစေပါတယ်။




အဆင့် ၄ – စိမ်ထားတဲ့အချိန်မှာပဲ ခြေထောက်ကိုသေချာနှိပ်နယ်ပေးပါ။ ခြေထောက်အကြောပြေပြီး ညောင်းကိုက်တာတွေသက်သာစေပါတယ်။ သွေးလည်ပတ်မှုလည်း ကောင်းမွန်စေပါတယ်။




အဆင့် ၅ – ခြေထောက်ကိုထုတ်ပြီး Scrub အနုနဲ့ ဖြည်းဖြည်းချင်းစီ ပွတ်ပေးပါ။ ခြေထောက်မှာရှိတဲ့ချေးနဲ့ အညစ်အကြေးတွေပျောက်ပြီး အသားအရောင်မညီတာ သက်သာစေပါတယ်။




အဆင့် ၆ – ခြေထောက်ကို ရေဆေးချလိုက်ပါ။ ပြီးတာနဲ့ ခြေသည်းကြားထဲက ချေးတွေကို တံစဉ်းနဲ့ထုတ်ပါ။ ကိုယ်လိုချင်တဲ့အတိုင်း ခြေသည်းပုံသွင်းပါ။




အဆင့် ၇ – ခြေထောက်ကို အဝတ်နဲ့ဖွဖွလေး ရေသုတ်ပါ။



အဆင့် ၈ – ခြေထောကို Moisturizer တို့ Lotion တို့ သေချာပြန်လိမ်းပေးပါ။ နှိပ်နယ်ပြီး သေချာအသားထဲစိမ့်ဝင်အောင်လိမ်းပါ။
ဒီအဆင့် ၈ ဆင့်ပြီးရင်တော့ Foot Spa လုပ်တာပြီးသွားပါပြီ။

Photo Source: www.wikihow.com


The post

ငွေမကုန်အောင် အိမ်မှာကိုယ်တိုင်လုပ်လို့ရမယ့် Foot Spa ပြုလုပ်ပုံအဆင့်ဆင့် appeared first on

MyStyle Myanmar .


#ခြေထောက်
#ဇလုံ
#အဆင့်
#ခြေသည်း
#အနု

Some text some message..