[Zawgyi]
မင်္ဂလာပါနော်။ မိန်းကလေးတိုင်းအတွက် နှုတ်ခမ်းနီက မရှိမဖြစ်ပါဘူး။ လူတိုင်းမှာ နှုတ်ခမ်းနီ အနည်းဆုံး တစ်ခုလောက်တော့ရှိကြမှာပါ။
အလှအပစိတ်ဝင်စားတဲ့မိန်းကလေးတွေကတော့ နှုတ်ခမ်းနီ ရောင်စုံ အမျိုးအစားစုံရှိတတ်ကြပါတယ်။
နှုတ်ခမ်းနီကို ပညာရှင်တစ်ယောက်လို ဘယ်လိုဆိုးရမလဲဆိုတာ မျှဝေပေးချင်ပါတယ်။
၁။ နှုတ်ခမ်းနီမဆိုးခင်အရင်ဆုံးပြင်ဆင်ပါ
ပထမဆုံး သင့်နှုတ်ခမ်းဟာ ခြောက်သွေ့အက်ကွဲနေတာမျိုး မဖြစ်ရပါဘူး။ နှုတ်ခမ်းကို အဆီတမျိုးမျိုးဆိုးထားပါ။ ပြီးရင် သွားတိုက်တံနဲ့ သေချာလေး ပွတ်တိုက်ပေးလိုက်ပါ။ ပြီးရင်တော့ ရေဆေးချလိုက်ပြီး နှုတ်ခမ်းနီ စဆိုးလို့ရပါပြီ။
၂။ အောက်ခံအရင်ဆိုးပါ
နှုတ်ခမ်းနီမဆိုးခင် အောက်ခံကို အရင်ဆိုးသင့်ပါတယ်။ Concealer ကို နည်းနည်းလေးယူပြီး သင့်နှုတ်ခမ်းကို အရင် လိမ်းပေးလိုက်ပါ။ အဲဒီလိုလုပ်ပေးတာဟာ နှုတ်ခမ်းကို ပိုပြီးတာရှည်ခံစေပါတယ်။
၃။ Lip Liner သုံးပါ
နှုတ်ခမ်းကို ပုံပေါ်စေဖို့ နှုတ်ခမ်းပုံဖော်တဲ့ Lip Liner ကိုသုံးပေးနိုင်ပါတယ်။ နှုတ်ခမ်းကို ပိုပြီးသဘာဝကျစေမှာပါ။ မိမိလိုချင်တဲ့ နှုတ်ခမ်းပုံလေးကို Lip Liner နဲ့ ပုံဖော်လိုက်ပါ။
၄။ နှုတ်ခမ်းနီဆိုးလိုက်ပါ
ပြီးရင်တော့ နှုတ်ခမ်းနီဆိုးလို့ရပါပြီနော်။ နှုတ်ခမ်းအတွင်းပိုင်းကို သေချာလေးဆိုးပေးရပါမယ်။
၅။ ပိုပြီးသိသာအောင်ဆိုးပါ
Concealer လိမ်းတဲ့ Brush ကိုသုံးပြီး နှုတ်ခမ်းသားတွေကို ပုံပေါ်အောင်လုပ်ပေးနိုင်ပါတယ်။ နှုတ်ခမ်းကို ဖူးဖူးလေးဖြစ်ချင်တယ်ဆိုရင်တော့ အပေါ်ကနေ Lip Gloss လေး ထပ်ဆိုးပေးလိုက်ပါ။
Featured Image Source: Beauty, Makeup tips and tricks
[Unicode]

The post
ဆွဲဆောင်မှုရှိတဲ့ နှုတ်ခမ်းပိုင်ရှင်လေးဖြစ်ဖို့အတွက် နှုတ်ခမ်းနီကို ဘယ်လိုဆိုးမလဲ
appeared first on
MyStyle Myanmar
.