ဘာမှမလိမ်းထားဘဲ သဘာဝအတိုင်း လှသလိုမျိုးလေး ဖြစ်နေစေမယ့် မိတ်ကပ်လိမ်းခြယ်နည်း
mystylemyanmar.com
|
2019-10-16

[Zawgyi]

မင်္ဂလာပါနော်။ နေ့စဉ်သွားလာလှုပ်ရှားရာမှာ မိတ်ကပ်သား အထူကြီးလိမ်းလို့မရပါဘူး။ မိတ်ကပ်အထူကြီးလိမ်းတာဟာ အသားအရေကို ထိခိုက်ပျက်စီးစေပါတယ်။ ဒါ့ကြောင့် သဘာဝကျကျနဲ့ မိတ်ကပ်ပါးပါးလေး လိမ်းနည်းကို မျှဝေပေးပါမယ်။

အဆင့်များ
Moisturizer
Primer
ဖောင်ဒေးရှင်း
Concealer ( ကိုယ့်မှာ အမည်းစက်တွေ၊ ဝက်ခြံတွေ ၊ မျက်ကွင်းညိုတာတွေမရှိရင် မသုံးလည်းရပါတယ်)
ပေါင်ဒါ
ပါးနီ
Eyeshadow (နေ့တိုင်းတော့ လိမ်းစရာမလိုပါဘူး)
Eyeliner
Mascara
နှုတ်ခမ်းနီ (သို့) Lip Gloss

မျက်နှာအတွက် သဘာဝကျတဲ့ မိတ်ကပ်

မိတ်ကပ်မလိမ်းခင်မှာ အရင်ဆုံး မျက်နှာသေချာသစ်ပါ။ ပြီးရင် Moisturizer လိမ်းပေးပါ။ လိုအပ်ရင် Suncreen လိမ်းပါ။ ပြီးသွားရင်တော့ Primer လိမ်းပေးလိုက်ပါ။ Primer ကတော့ မိတ်ကပ်တာရှည်ခံအောင်နဲ့ အဆီပြန်တာ သက်သာအောင် လိမ်းပေးတာဖြစ်ပါတယ်နော်။

ပြီးသွားရင်တော့ ဖောင်ဒေးရှင်းစလိမ်းလို့ရပါပြီ။ ဖောင်ဒေးရှင်းကို ခပ်ပါးပါးပဲလိမ်းပေးပြီး သေချာ Blend လုပ်ပေးလိုက်ပါ။

အဲဒီနောက် လိုအပ်ရင် Concealer သုံးနိုင်ပါတယ်။ မျက်လုံးအောက်နားတွေ၊ ဝက်ခြံကြောင့်ဖြစ်တဲ့အမှာရွတ်တွေကို ဖျက်နိုင်ပါတယ်။

ပြီးရင်တော့ ပေါင်ဒါကို အပေါ်ကနေ ထပ်အုပ်ပေးလိုက်ပါ။

ဒါဆိုရင်တော့ မိတ်ကပ်လိမ်းတဲ့အဆင့်က ပြီးပါပြီ။

ပါးနီဆိုးပါ

ပြီးသွားရင် ပါးနီ ဆိုးပေးလိုက်ပါ။ ပါးနီကို သဘာဝကျကျပဲဆိုးပါ၊ အရမ်းရဲအောင်မဆိုးပါနဲ့။

မျက်လုံးအတွက်

မျက်လုံးအတွက် အရင်ဆုံး Eye Primer (သို့) Concealer လိမ်းပေးလိုက်ပါ။ ပြီးသွားရင် Eyeshadow လိမ်းပေးလိုက်ပါ။ မိမိသဘောကျတာကို လိမ်းနိုင်ပါတယ်။

ပြီးရင်တော့ Eyeliner ဆွဲပေးလိုက်ပါ။

အားလုံးပြီးသွားရင် Mascara ဆိုးပေးလိုက်ပါ။

နှုတ်ခမ်းနီ

မိမိကြိုက်တဲ့နှုတ်ခမ်းနီမဆိုးခင် အရင်ဆုံးနှုတ်ခမ်းနီအဆီကို ဆိုးလိုက်ပါ။ ပြီးရင် သွားတိုက်တံနဲ့ သေချာလေး ပွတ်ပေးလိုက်ပါ။ အဲဒီနောက် အဝတ်စနဲ့ နှုတ်ခမ်းကို သုတ်ပေးလိုက်ပါ။

သဘာဝကျတဲ့မိတ်ကပ်မျိုးလိုချင်တာဆိုရင် နှုတ်ခမ်းနီကို အရာင်ဖျော့တာမျိုး သဘာဝအတိုင်း ပန်းရောင်သန်းတာမျိုးကို ရွေးချယ်ဆိုးသင့်ပါတယ်။ Lip Gloss လည်းဆိုးလို့ရပါတယ်နော်။

Featured Image Source: Preview Magazine

[Unicode]

The post

ဘာမှမလိမ်းထားဘဲ သဘာဝအတိုင်း လှသလိုမျိုးလေး ဖြစ်နေစေမယ့် မိတ်ကပ်လိမ်းခြယ်နည်း appeared first on

MyStyle Myanmar .

#မိတ်ကပ်
#နှုတ်ခမ်း
#အထူ
#သဘာဝ
#ပေါင်ဒါ

Some text some message..