နှုတ်ခမ်းနီကို တစ်နေ့လုံး မပျက်စေဘဲ စွဲမြဲနေစေချင်ရင်
pissayanews.com
|
2019-10-18

သင်အသုံးပြုမယ့်၊ ဆိုးမယ့် နှုတ်ခမ်းနီက Long Lasting Lipstick ဖြစ်ဖို့လိုပါတယ်။ Product ရဲ့ အရည်အသွေးကလည်း သင် လိုချင်တဲ့ တစ်နေ့လုံး အရောင် မပျက်ပြယ်တဲ့ နှုတ်ခမ်းအလှကို ဖော်ဆောင်ပေးတဲ့နေရာမှာ အဓိကကျပါတယ်။

နောက်တစ်ဆင့်ကတော့ နှုတ်ခမ်းသားကို ရေဓာတ် ဖြည့်ပေးရမှာပါ။ ရေဓာတ်ဖြည့်ပေးတဲ့ Non-oily Lip balm ကို အရင်ဆိုးပေးပါ။ Wax free (ဖယောင်းပါဝင် မှု မရှိတာ)ကို ရွေးချယ်ဝယ်ယူပါ။ ဖယောင်းပါရင် နှုတ်ခမ်းနီဆိုးတဲ့အခါ ချော်ထွက်တာ၊ အရောင် မစွဲ တာ ဖြစ်တတ်လို့ပါ။

နှုတ်ခမ်းသားနဲ့ နှုတ်ခမ်းသားပတ်လည်ကို အောက်ခံ မိတ်ကပ်အနည်းငယ်နဲ့ ကွန်ဆီလာ လိမ်းပေးပါ။ ဒါက နှုတ်ခမ်းသားကို ဖူးကြွနေစေပါတယ်။ အကယ်၍ သင်ဟာ အသားညိုလွန်းသူဆိုရင် လိုချင်တဲ့ နှုတ်ခမ်း အရောင် အတိအကျရစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။

ဒီအဆင့်မှာတော့ နှုတ်ခမ်းကို ပုံအရင်ဖော်ရမှာပါ။ နှုတ်ခမ်းဘေးသားပတ်လည်ကို နှုတ်ခမ်းသားပုံဖော် ခဲတံနဲ့ ပုံဖော်ပေးပါ။ ဒီနေရာမှာ သုံးရမယ့်အရောင်ကို မိမိဆိုးမယ့် အရောင်ထက် တစ်ဆင့် ရင့်တဲ့အရောင် ကို ရွေးချယ်ပြီး ပုံဖော်ဆိုးပါ။

နှုတ်ခမ်းဘေးသားတွေကို ပုံဖော်ပြီးပြီဆိုရင်တော့ အတွင်းသားတွေကို ဖြည့်ဆိုးပေးမယ့် အဆင့်ပါ။ သင် ဆိုးမယ့် နှုတ်ခမ်းနီက Lip Stick ဖြစ်စေ၊ Lip Liquid ဖြစ်စေ၊ Lip gloss ဖြစ်စေ နှုတ်ခမ်းနီဆိုးတာနဲ့ နှုတ်ခမ်း သားအလယ်ကို ဗဟိုပြုပြီးမှ ဖြန့်ဆိုးပေးပါ။

ဆိုးပြီးသွားတဲ့အခါ အရောင် သိပ်သိပ်သည်းသည်း လေးနဲ့ တာရှည်ခံ စွဲမြဲစေဖို့ Tissue ပါးပါးလေး တစ်ရွက်ကိုယူ နှုတ်ခမ်းပေါ် အုပ်ထားပြီး သင်သုံး နေကျ Loose Powder ကို Brush နဲ့ တို့ယူကာ နှုတ်ခမ်းပေါ် အုပ်ထားတဲ့ တစ်ရှူးကို အသာ တို့ သုတ် လိမ်းပေးပါ။ ဒါက နှုတ်ခမ်းနီအရောင်ကို တော်ရုံနဲ့ မပျက်ဘဲ စွဲမြဲစေပါတယ်။

ပြီးရင်တော့ နှုတ်ခမ်းပေါ် ဖုံးထားတဲ့ တစ်ရှူးကို ဖယ်ပြီး နှုတ်ခမ်းကို အနားသားစွန်းပေးခြင်း ရှိ မရှိ စစ်ဆေးကာ နှုတ်ခမ်းဆိုးဆေးကို လိုတဲ့နေရာ ပြန်ဖြည့်ဆိုးပေးပါ။

source – Beauty Secrets

Unicode ဖြင့်ဖတ်ရန်

နှုတ်ခမ်းနီကို တစ်နေ့လုံး မပျက်စေဘဲ စွဲမြဲနေစေချင်ရင်

====================================

နှုတ်ခမ်းနီကို တစ်နေ့လုံး မပျက်စေဘဲ စွဲမြဲနေစေဖို့အတွက် ရွေးချယ်ပေးသင့်တဲ့ နည်းလမ်းတွေကို စုစည်းတင်ဆက်ပေးလိုက်ပါတယ်။
သင်အသုံးပြုမယ့်၊ ဆိုးမယ့် နှုတ်ခမ်းနီက Long Lasting Lipstick ဖြစ်ဖို့လိုပါတယ်။ Product ရဲ့ အရည်အသွေးကလည်း သင် လိုချင်တဲ့ တစ်နေ့လုံး အရောင် မပျက်ပြယ်တဲ့ နှုတ်ခမ်းအလှကို ဖော်ဆောင်ပေးတဲ့နေရာမှာ အဓိကကျပါတယ်။

နောက်တစ်ဆင့်ကတော့ နှုတ်ခမ်းသားကို ရေဓာတ် ဖြည့်ပေးရမှာပါ။ ရေဓာတ်ဖြည့်ပေးတဲ့ Non-oily Lip balm ကို အရင်ဆိုးပေးပါ။ Wax free (ဖယောင်းပါဝင် မှု မရှိတာ)ကို ရွေးချယ်ဝယ်ယူပါ။ ဖယောင်းပါရင် နှုတ်ခမ်းနီဆိုးတဲ့အခါ ချော်ထွက်တာ၊ အရောင် မစွဲ တာ ဖြစ်တတ်လို့ပါ။

နှုတ်ခမ်းသားနဲ့ နှုတ်ခမ်းသားပတ်လည်ကို အောက်ခံ မိတ်ကပ်အနည်းငယ်နဲ့ ကွန်ဆီလာ လိမ်းပေးပါ။ ဒါက နှုတ်ခမ်းသားကို ဖူးကြွနေစေပါတယ်။ အကယ်၍ သင်ဟာ အသားညိုလွန်းသူဆိုရင် လိုချင်တဲ့ နှုတ်ခမ်း အရောင် အတိအကျရစေဖို့ အထောက်အပံ့ဖြစ်စေပါတယ်။
ဒီအဆင့်မှာတော့ နှုတ်ခမ်းကို ပုံအရင်ဖော်ရမှာပါ။ နှုတ်ခမ်းဘေးသားပတ်လည်ကို နှုတ်ခမ်းသားပုံဖော် ခဲတံနဲ့ ပုံဖော်ပေးပါ။ ဒီနေရာမှာ သုံးရမယ့်အရောင်ကို မိမိဆိုးမယ့် အရောင်ထက် တစ်ဆင့် ရင့်တဲ့အရောင် ကို ရွေးချယ်ပြီး ပုံဖော်ဆိုးပါ။

နှုတ်ခမ်းဘေးသားတွေကို ပုံဖော်ပြီးပြီဆိုရင်တော့ အတွင်းသားတွေကို ဖြည့်ဆိုးပေးမယ့် အဆင့်ပါ။ သင် ဆိုးမယ့် နှုတ်ခမ်းနီက Lip Stick ဖြစ်စေ၊ Lip Liquid ဖြစ်စေ၊ Lip gloss ဖြစ်စေ နှုတ်ခမ်းနီဆိုးတာနဲ့ နှုတ်ခမ်း သားအလယ်ကို ဗဟိုပြုပြီးမှ ဖြန့်ဆိုးပေးပါ။

ဆိုးပြီးသွားတဲ့အခါ အရောင် သိပ်သိပ်သည်းသည်း လေးနဲ့ တာရှည်ခံ စွဲမြဲစေဖို့ Tissue ပါးပါးလေး တစ်ရွက်ကိုယူ နှုတ်ခမ်းပေါ် အုပ်ထားပြီး သင်သုံး နေကျ Loose Powder ကို Brush နဲ့ တို့ယူကာ နှုတ်ခမ်းပေါ် အုပ်ထားတဲ့ တစ်ရှူးကို အသာ တို့ သုတ် လိမ်းပေးပါ။ ဒါက နှုတ်ခမ်းနီအရောင်ကို တော်ရုံနဲ့ မပျက်ဘဲ စွဲမြဲစေပါတယ်။

ပြီးရင်တော့ နှုတ်ခမ်းပေါ် ဖုံးထားတဲ့ တစ်ရှူးကို ဖယ်ပြီး နှုတ်ခမ်းကို အနားသားစွန်းပေးခြင်း ရှိ မရှိ စစ်ဆေးကာ နှုတ်ခမ်းဆိုးဆေးကို လိုတဲ့နေရာ ပြန်ဖြည့်ဆိုးပေးပါ။

#နှုတ်ခမ်း
#နှုတ်ခမ်းသား
#အရောင်
#ရှူး
#အနားသား

Some text some message..