[Zawgyi]
မိတ်ကပ်တွေကို မျိုးစုံ ပြင်ဆင်ခြယ်သနေကြတဲ့အချိန်မှာ သူများတွေနဲ့မတူဘဲ ရိုးရိုးရှင်းရှင်းလေးနဲ့ မိတ်ကပ်မပါတဲ့မျက်နှာအလှမျိုးလေးနဲ့ လှပဖို့ဆိုရင် လွယ်ကူတဲ့နည်းလမ်းလေးတွေကို သိထားဖို့လိုအပ်ပါတယ်။ ဒါမှ ပိုပိုပြီး အလှတိုးပြီး လှနေတော့မှာပါ။ ဒါကြောင့် မိတ်ကပ်မပါဘဲလှနေစေဖို့အတွက်ဆိုရင် ဘယ်လိုအရာတွေနဲ့ ပြင်ဆင်ကြည့်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကို ဖော်ပြပေးချင်ပါတယ်။ အဓိကကတော့ မိတ်ကပ်အများကြီးမလိမ်းချင်တဲ့ ပျိုမေတို့အတွက် အကောင်းဆုံးနည်းလမ်းပဲပေါ့။
အသားအရေကို အရင်ကာကွယ်ပါ
Photo Source : skincare
အသားအရေလေးကကြည်လင်ပြီး ချောမွေ့နေမှလည်း သဘာဝဆန်ဆန်နဲ့လှပတဲ့ မျက်နှာမျိုးလေးကို ပိုင်ဆိုင်ရမှာပဲဖြစ်ပါတယ်။ ဒါကြောင့် ပျိုမေတို့ရဲ့အသားအရေနဲ့လည်း သင့်တော်တဲ့ အစိုဓာတ်ထိန်းခရင်မ်လေးကို အရင်လိမ်းပေးဖို့တော့လိုမယ်နော်။
Foundation အများကြီးလိမ်းတာကို စွန့်လွတ်ပါ
Photo Source : cosmo
Foundation တွေအများကြီးလိမ်းတာက သဘာဝဆန်ဆန်နဲ့လှတဲ့ပုံစံမျိုး မဖြစ်စေနိုင်တော့ပါဘူး။ ဒါပေမယ့်လည်း မျက်နှာကအပြစ်နာဆာတွေ အကုန်လုံးကိုဖုံးအုပ်သွားနိုင်ဖို့ဆိုတာက Foundation လေးလိမ်းပေးဖို့တော့လိုတာပေါ့။ ဒါကြောင့် နည်းနည်းလေးပဲလိမ်းပြီး ပြင်ဆင်မယ်ဆိုရင် သင့်တော်ပါပြီ။
ပါးနီရွေးချယ်ပါ
Photo Source : beauty.popbela.com
သဘာဝဆန်တဲ့အလှမျိုးနဲ့ လှဖို့ဆိုရင် ပါးနီလေးတော့လိုအပ်တယ်နော်။ ဒါပေမယ့် တစ်ခုသိထားရမှာက ပါးနီအရောင်ရွေးချယ်တဲ့အခါမှာ သဘာဝအတိုင်းဖြစ်နေမယ့် အရောင်လေးကိုရွေးချယ်တာက အကောင်းဆုံးပါပဲ။ ပန်းနုရောင်လေးတွေကို ပါးရိုးလေးပေါ်မှာ နည်းနည်းလေးပဲ အသုံးပြုပေးလိုက်လို့ရတာပေါ့။
မျက်တောင်ကော့ဆေး
Photo Source : Fragace Net
သင့်မှာ ရှည်လျားတဲ့ မျက်တောင်လေးတွေကို ပိုင်ဆိုင်ထားရတယ်ဆိုရင်တောင် မျက်တောင်ကော့ဆေးလေးကို အသုံးပြုပေးမယ်ဆိုရင် ပုံမှန်မျက်တောင်တွေထက် ပိုမိုရှည်လျားထူထပ်ပြီး ဆွဲဆောင်မှုရှိတဲ့မျက်လုံးမျိုးလေးကို ပိုင်ဆိုင်ရစေမှာပဲဖြစ်ပါတယ်။
နှုတ်ခမ်းနီ
Photo Source : Pinterest
အရောင်နုနုလေးတွေက သင့်ကိုပိုပြီးသဘာဝကျတဲ့ အလှမျိုးကို ပိုင်ဆိုင်ရစေနိုင်တာကြောင့် နှုတ်ခမ်းနီအရောင်ကိုလည်း အရောင်ဖျော့ဖျော့လေးတွေ ရွေးချယ်တာကပိုပြီး သဘာဝကျမယ်လို့ထင်ပါတယ်။
ဒီအချက်တွေကတော့ မိတ်ကပ်အများကြီးလိမ်းရတာမကြိုက်တဲ့ ပျိုမေတို့အတွက် အဆင်ပြေစေပြီး သဘာဝဆန်ဆန်လေးလှနေစေမှာ အမှန်ပါပဲ။
Featured Image Source: Hipwee
[Unicode]

The post
မိတ်ကပ်မလိမ်းထားတဲ့ သဘာဝမျက်နှာပုံစံမျိုးလေး လှနေစေမယ့် မိတ်ကပ်လိမ်းခြယ်နည်းများ
appeared first on
MyStyle Myanmar
.