ဘွဲ့ယူမယ့်သူတွေနဲ့ မင်္ဂလာဆောင်မယ့်သူတွေအတွက် လှပတဲ့ဆံထုံးဒီဇိုင်းများ
mystylemyanmar.com
|
2019-10-18

(Zawgyi Version)

အခုချိန်က ဘွဲ့ယူနေကျတဲ့အချိန်လည်းဖြစ်တယ်၊ ဝါလည်းကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်တွေလည်း လာတော့မယ်။ ဒါကြောင့် ဘွဲ့ယူမယ့်သူတွေနဲ့ မင်္ဂလာဆောင်မယ့်သူတွေအတွက် လှပတဲ့ဆံထုံးဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ သာမာန်ထုံးနေကျ ဆံထုံးပုံစံဒီဇိုင်းတွေနဲ့ ကွဲထွက်တာလေးတွေဖြစ်လို့ မိန်းကလေးတိုင်းကြိုက်ကြမယ်လို့ ထင်ပါတယ်။

ဒီဆံထုံးပုံစံလေးဆိုရင် ဆံပင်အုံထူတဲ့သူလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ဘွဲ့နဲ့လည်းလိုက်သလို မင်္ဂလာဆောင်နဲ့လည်း လိုက်ဖက်ပါတယ်။

ကျစ်ဆံမြီးကျစ်တာမျိုးကြိုက်တယ်ဆိုရင်တော့ ဒီလိုလေးကျစ်ဆံပြီး နောက်တွဲဆံထုံးထုံးလို့ရပါတယ်။ လူငယ်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။

ပန်းတွေပန်ရတာမျိုးမကြိုက်ဘူး၊ ရှင်းရှင်းကြီးဖြစ်နေတာလည်း မကြိုက်ဘူးဆိုရင်တော့ ဒီလိုနောက်တွဲလေးထုံးကြည့်ပါ။

ပန်းကြိုက်တဲ့သူလေးတွေဆိုရင်တော့ နောက်တွဲဆံထုံးကို ဒီလိုဒီဇိုင်းလေးထုံးကြည့်ပါ။ အရမ်းလှပါတယ်။

အနီရောင်ဝတ်မယ့်သူလေးတွေကတော့ ဒီလိုဆံထုံးလေးထုံးရင် အရမ်းလှပါတယ်။

ရိုးရိုးလေးနဲ့ ဒီဇိုင်းဆန်းတာလေးဆိုရင်တော့ ဒီဆံထုံးပုံလေးကို ကြိုက်မယ်ထင်ပါတယ်။

ဆံပင်ပါးတဲ့သူလေးတွေဆိုရင် ဒီလိုပုံစံနောက်တွဲဆံထုံးလေးနဲ့ အရမ်းလိုက်ပါတယ်။ ကပိုကရိုလေးနဲ့လှတာပေါ့။

ဆံပင်အနက်ဖြစ်နေလို့ ဆံထုံးထုံးရင် လူကြီးဆန်မယ်မထင်ပါနဲ့။ ဒီလိုနောက်တွဲဆံထုံးလေးတွေက လူကြီးမဆန်ပဲ အရမ်းလှပါတယ်။

Photo Source: www.pinterest.com

(Unicode Version)

အခုချိန်က ဘွဲ့ယူနေကျတဲ့အချိန်လည်းဖြစ်တယ်၊ ဝါလည်းကျွတ်ပြီဆိုတော့ မင်္ဂလာဆောင်တွေလည်း လာတော့မယ်။ ဒါကြောင့် ဘွဲ့ယူမယ့်သူတွေနဲ့ မင်္ဂလာဆောင်မယ့်သူတွေအတွက် လှပတဲ့ဆံထုံးဒီဇိုင်းလေးတွေကို မျှဝေပေးလိုက်ပါတယ်။ သာမာန်ထုံးနေကျ ဆံထုံးပုံစံဒီဇိုင်းတွေနဲ့ ကွဲထွက်တာလေးတွေဖြစ်လို့ မိန်းကလေးတိုင်းကြိုက်ကြမယ်လို့ ထင်ပါတယ်။

ဒီဆံထုံးပုံစံလေးဆိုရင် ဆံပင်အုံထူတဲ့သူလေးတွေနဲ့ အရမ်းလိုက်ဖက်ပါတယ်။ ဘွဲ့နဲ့လည်းလိုက်သလို မင်္ဂလာဆောင်နဲ့လည်း လိုက်ဖက်ပါတယ်။

ကျစ်ဆံမြီးကျစ်တာမျိုးကြိုက်တယ်ဆိုရင်တော့ ဒီလိုလေးကျစ်ဆံပြီး နောက်တွဲဆံထုံးထုံးလို့ရပါတယ်။ လူငယ်လေးတွေနဲ့ အရမ်းလိုက်ပါတယ်။

ပန်းတွေပန်ရတာမျိုးမကြိုက်ဘူး၊ ရှင်းရှင်းကြီးဖြစ်နေတာလည်း မကြိုက်ဘူးဆိုရင်တော့ ဒီလိုနောက်တွဲလေးထုံးကြည့်ပါ။

ပန်းကြိုက်တဲ့သူလေးတွေဆိုရင်တော့ နောက်တွဲဆံထုံးကို ဒီလိုဒီဇိုင်းလေးထုံးကြည့်ပါ။ အရမ်းလှပါတယ

အနီရောင်ဝတ်မယ့်သူလေးတွေကတော့ ဒီလိုဆံထုံးလေးထုံးရင် အရမ်းလှပါတယ်။

ရိုးရိုးလေးနဲ့ ဒီဇိုင်းဆန်းတာလေးဆိုရင်တော့ ဒီဆံထုံးပုံလေးကို ကြိုက်မယ်ထင်ပါတယ်။

ဆံပင်ပါးတဲ့သူလေးတွေဆိုရင် ဒီလိုပုံစံနောက်တွဲဆံထုံးလေးနဲ့ အရမ်းလိုက်ပါတယ်။ ကပိုကရိုလေးနဲ့လှတာပေါ့။

ဆံပင်အနက်ဖြစ်နေလို့ ဆံထုံးထုံးရင် လူကြီးဆန်မယ်မထင်ပါနဲ့။ ဒီလိုနောက်တွဲဆံထုံးလေးတွေက လူကြီးမဆန်ပဲ အရမ်းလှပါတယ်။

Photo Source: www.pinterest.com

The post

ဘွဲ့ယူမယ့်သူတွေနဲ့ မင်္ဂလာဆောင်မယ့်သူတွေအတွက် လှပတဲ့ဆံထုံးဒီဇိုင်းများ appeared first on

MyStyle Myanmar .

#ဆံထုံး
#ထုံးပုံ
#ထုံး
#မင်္ဂလာဆောင်
#ဒီဇိုင်း

Some text some message..