အမြဲ Selfie ဆွဲနေတတ်တဲ့ ကောင်မလေးများအတွက် အမျိုးမျိုးသော ပို့စ်ပေးနည်းများ
mystylemyanmar.com
|
2019-10-20

အားလုံးပဲမင်္ဂလာပါနော်။ သူငယ်ချင်းတို့အားလုံး Selfie ရိုက်တာ ဝါသနာပါကြလားရှင့်။ ဒါဆိုရင်တော့ အကောင်းဆုံး Selfie ဓာတ်ပုံတစ်ပုံရဖို့ နည်းလမ်းကောင်းလေးတွေကို မျှဝေပေးချင်ပါတယ်နော်။

အလင်းရှိတဲ့နေရာရိုက်ပါ





ဓာတ်ပုံရိုက်တဲ့အခါ သင့်အသားအရောင်နဲ့ ဓာတ်ပုံထဲမှာ လှနေအောင်သဘာဝ အလင်းရောင်ရှိတဲ့နေရာမှာ ရိုက်ပေးနိုင်ပါတယ်။

Angle ကိုသိပါ




ဓာတ်ပုံရိုက်တဲ့အခါ သင့်မျက်နှာရဲ့ ဘယ်ဘက်ကနေရိုက်ရင်ပိုလှမလဲ ဆိုတာ စဉ်းစားပါ။




ပြီးရင်အဲဒီဖက်ကို မျက်နှာလေးနည်းနည်းစောင်းဖုန်းလေးကိုလည်း နည်းနည်းစောင်းလိုက်ပြီး ရိုက်ပေးပါ။

ကင်မရာကို မျက်လုံးနဲ့ တည့်တည့်ထားပြီးရိုက်ပါ




ဓာတ်ပုံရိုက်တဲ့အခါ ကင်မရာကို အရှေ့ မျက်လုံးနဲ့ တည့်တည့်ထားပြီးတော့လည်း ရိုက်နိုင်ပါတယ်။ အဲဒီလိုရိုက်တာလည်း သင့်ကိုအလှဆုံးဖြစ်စေမှာပါ။


အပေါ်ကနေရိုက်မယ်


ဓာတ်ပုံရိုက်တဲ့အခါ ဖုန်းကို အပေါ်မှာထားလိုက်ပြီး နည်းနည်းလေးစောင်းလိုက်ပါ။ မျက်နှာကိုလည်း လက်လေးနဲ့ဖွဖွလေးထောက်ပြီး နည်းနည်းလေးစောင်းပေးလိုက်ပါ။




အောက်ကနေ ပင့်ရိုက်မယ်





Selfie ရိုက်တဲ့အခါ ဖုန်းကို ပုခုံးအောက်နားလောက်မှာထားပြီး အပေါ်ကို နည်းနည်းလေးစောင်းလိုက်ကာရိုက်ပေးပါ။ ဖုန်းရှိတဲ့ဖက်ကိုမဟုတ်ဘဲ တခြားတစ်ဖက်ကို မျက်နှာလေး နည်းနည်းလှည့်ပေးလိုက်ကာ မျက်လုံးက ကင်မရာကို ဆွေကြည့်ပါ။

ဖုန်းကိုအောက်ချပြီး ဒူးပေါ်အောင်ရိုက်မယ်




ဖုန်းလေးကို အောက်နည်းနည်းချပြီး ဒူးနည်းနည်းပေါ်အောင် ရိုက်လို့ရပါတယ်။ မျက်နှာကိုလည်း နည်းနည်းလေး စောင်းပေးလိုက်ပါ။


မျက်နှာအမူအယာ






မျက်နှာအမူအယာကို အမျိုးမျိုးထားပြီးရိုက်ပါ။ လျှာထုတ်တာ၊ နှုတ်ခမ်းစူတာ၊ တည်တာ ၊ ပြုံးတာ၊ စသဖြင့်ရိုက်ပေးနိုင်ပါတယ်။




Photo: www.pinterest.com


The post

အမြဲ Selfie ဆွဲနေတတ်တဲ့ ကောင်မလေးများအတွက် အမျိုးမျိုးသော ပို့စ်ပေးနည်းများ appeared first on

MyStyle Myanmar .


#နှာ
#Selfie
#ဖုန်း
#ကင်မရာ
#အောက်

Some text some message..