မှန်တင်ခုံရှေ့ရောက်ပြီဆိုတာနဲ့ တစ်နေ့တာ လှပနေအောင်၊ ကိုယ်လိမ်းခြယ်ထားတဲ့ မိတ်ကပ်အပြင်အဆင်က တစ်နေ့တာ
တာရှည်ခံပြီး ကြည့်ကောင်းနေအောင် ပြင်ရဆင်ရတာ တာဝန်တစ်ခုပါ။
ဒီလို ပြင်ဆင်ခြယ်သတဲ့အခါမှာ ကိုယ်သုံးတဲ့နည်း၊ ကိုယ်ရွေးချယ်လိုက်တဲ့ အလှကုန်၊ ဒါ့အပြင် သုံးပုံသုံးနည်းတွေက မှန်ကန်နေဖို့လိုအပ်ပါတယ်နော်။
ဒါ့ကြောင့်ဒီနေ့လေးမှာတော့ မင်မင်က Myanmar Wedding Guide မိတ်ကပ်လိမ်းခြယ်မှုအပိုင်း၊ မျက်နှာပြင်ဆင်မှုအပိုင်းနဲ့
ပတ်သက်ပြီး မပြုလုပ်သင့်တဲ့ နည်းလမ်းအမှားတွေကို ပြောပြပေးချင်ပါတယ်။
၁။ဖောင်ဒေးရှင်းလိမ်းရာမှာ ဘရက်ရှ်အပြားကို သုံးပြီးလိမ်းခြင်း
မျက်နှာကို ဖောင်ဒေးရှင်းလိမ်းတဲ့အခါ ဘယ်လိုဘရက်ရှ်မျိုးကို သုံးသင့်သလဲဆိုပြီး Google မှာရှာကြည့်လိုက်ရင် ဘယ်လိုဘရက်ရှ်နဲ့လိမ်းပါ
ဆိုပြီး တိတိကျကျညျွှန်းဆိုထားတာ မရှိပါဘူး။ ဒါပေမယ့် ဘယ်လိုဘရက်ရှ်နဲ့မဆို လိမ်းလို့ရသလားဆိုတော့လည်း ဒါမဟုတ်ပြန်ပါဘူး။
အထူးသဖြင့် ဘရက်ရှ်အပြားတွေနဲ့ လိမ်းမယ်ဆိုရင် ဘရက်ရှ်အရာ၊ အစင်းတွေ၊ အရာတွေ ထင်သွားပါလိမ့်မယ်။
တကယ်လို့ ဘရက်ရှ်နဲ့ပဲ မဖြစ်မနေလိမ်းချင်တယ်ဆိုရင်တော့ အပြားမဟုတ်ဘဲ နည်းနည်းလုံးတဲ့ ဖိုင်ဘာဘရက်ရှ်မျိုးကိုသာ ရွေးချယ်သင့်ပါတယ်။
မိတ်ကပ်သားတွေကို မျက်နှာပေါ် အစက်ကလေးတွေ ချချပြီး အဝိုင်းပုံသဏ္ဍာန်လိမ်းပေးလိုက်ပါ။
၂။မျက်လုံးခြယ်သတဲ့ ဘရက်ရှ်ကို သီးသန့်မသုံးခြင်း
မျက်လုံးခြယ်သတဲ့အခါ အထူးသဖြင့် smokey eye ခြယ်သတော့မယ်ဆိုရင် ဟိုနေရာလည်းသုံး ၊ဒီနေရာလည်းသုံးထားတဲ့ ဘရက်ရှ်မျိုးနဲ့
ခြယ်သမယ်ဆိုရင် ချစ်တို့ရဲ့smokey eye ခြယ်သမှုဟာ အဆုံးသတ်မလှမပဖြစ်သွားပါလိမ့်မယ်။
ဒါ့ကြောင့် သန့်ရှင်းတဲ့ဘရက်ရှ်မျိုးနဲ့သာ ဒီလိုခြယ်သမှုမျိုးလုပ်ပါ။
၃။ဆံပင်အရောင်နဲ့ မျက်ခုံးမွှေးအရောင်ကို အတူတူထားခြင်း
အရင်တုန်းက လူကြီးတွေ ပြောနေကြတဲ့ ဆံပင်အရောင်အတိုင်း မျက်ခုံးမွှေးဆွဲတဲ့ခေတ်မရှိတော့ပါဘူး။
အဲ့ဒီလို တစ်ရောင်တည်းခြယ်သခြင်းဟာ ဘာဆွဲဆောင်မှုမှမရှိဘူးလို့ အလှအပရေးရာ ပညာရှင်တွေက မှတ်ချက်ပေးလာကြပါတယ်။
ခြယ်သရမှာက ဆံပင်အရောင်နဲ့ မတူညီတဲ့အရောင်ကိုပါပဲ။ ဥပမာ ဆံပင်က အနက်ဆိုရင် မျက်ခုံးမွှေးကို ကာလာနည်းနည်းဖျော့တာရွေးလိုက်ပါ။
ဒါမှမဟုတ် ဆံပင်အရောင်က အဖျော့ဆိုရင်တော့ မျက်ခုံးမွှေးကို နက်နက်ကလေး ဆွဲလိုက်ရုံပဲပေါ့။
၄။မိတ်ကပ်သား ကြာရှည်ခံအောင် ပေါင်ဒါမှုန့်နဲ့ ပုတ်ပုတ်ပေးခြင်း
တစ်နေ့တာလုံး မိတ်ကပ်သား ကြာရှည်ခံအောင်၊ အဆီမပြန်အောင်ဆိုပြီး ပေါင်ဒါမှုန့်တွေ သိပ်ပေး၊ ပုတ်ပေးခြင်းဟာ ချွေးပေါက်တွေကို ပိတ်စေပြီး
၀က်ခြံနဲ့ အခြား မလိုလားအပ်တဲ့ အရေပြားပြသနာတွေကို ဖြစ်စေပါတယ်။
၅။အဖြူရောင်လိုင်နာဟာ မျက်လုံးအိမ်ကို ပိုကြီးသယောင်ဖြစ်စေတယ်လို့ ယူဆပြီး သုံးခြင်း
မျက်လုံးသားကို ရှိရင်းစွဲထက် ပိုကြီးသယောင်ဖြစ်စေဖို့ လိုင်နာထဲမှာ အဖြူရောင်လိုင်နာကို သုံးလာကြပါတယ်။
ဒါဟာ မှားပါတယ်။ လိုင်နာအဖြူကိုသုံးပြီး ကိုယ့်ပြင်ဆင်ခြယ်သမှုကို ကြည့်လိုက်ရင် သဘာဝမကျပဲ
ပြူးထွက်နေသလိုကြီး ဖြစ်နေတာကို သင်မြင်တွေ့ရမှာပါ။ ဒါ့ကြောင့် မက်မွန်သီးရောင်လို လိုင်နာမျိုးကို ရွေးချယ်သင့်ပါတယ်။
ဒါဟာ ချစ်တို့ရဲ့အကြည့်တွေကို ဆွဲဆောင်မှုရှိအောင် ပံ့ပိုးပေးမှာဖြစ်တဲ့အပြင် သဘာဝလည်း ပိုကျပါတယ်။
Credit : Trend Myanmar

ဝက်ခြံနဲ့ အခြား မလိုလားအပ်တဲ့ အရေပြားပြသနာတွေကို ဖြစ်စေပါတယ်။
၅။အဖြူရောင်လိုင်နာဟာ မျက်လုံးအိမ်ကို ပိုကြီးသယောင်ဖြစ်စေတယ်လို့ ယူဆပြီး သုံးခြင်း
မျက်လုံးသားကို ရှိရင်းစွဲထက် ပိုကြီးသယောင်ဖြစ်စေဖို့ လိုင်နာထဲမှာ အဖြူရောင်လိုင်နာကို သုံးလာကြပါတယ်။
ဒါဟာ မှားပါတယ်။ လိုင်နာအဖြူကိုသုံးပြီး ကိုယ့်ပြင်ဆင်ခြယ်သမှုကို ကြည့်လိုက်ရင် သဘာဝမကျပဲ
ပြူးထွက်နေသလိုကြီး ဖြစ်နေတာကို သင်မြင်တွေ့ရမှာပါ။ ဒါ့ကြောင့် မက်မွန်သီးရောင်လို လိုင်နာမျိုးကို ရွေးချယ်သင့်ပါတယ်။
ဒါဟာ ချစ်တို့ရဲ့အကြည့်တွေကို ဆွဲဆောင်မှုရှိအောင် ပံ့ပိုးပေးမှာဖြစ်တဲ့အပြင် သဘာဝလည်း ပိုကျပါတယ်။
Credit : Trend Myanmar
Myanmar Wedding Guide