
များသောအားဖြင့် လူတွေက စကားပြောတဲ့အခါ မျက်လုံးချင်းဆုံပြီးပြောလေ့မရှိကြပါဘူး။လေ့လာချက်တွေအရဆို မျက်လုံးချင်းဆုံပြီးစကားပြောကြတာက ၃၀ ရာခိုင်နှုန်းကနေ ၆၀ ရာခိုင်နှုန်းအထိပဲရှိတယ်လို့သိရပါတယ်။တကယ်တော့ ၆၀ ကနေ ၇၀ရာခိုင်နှုန်းလောက်ထိ
မျက်လုံးချင်းဆုံပြီး စကားပြောသင့်ပါတယ်။ဘာလို့မျက်လုံးချင်းဆုံပြီးစကားပြောသင့်တာလဲ?
*ဆွဲဆောင်မှုပိုရှိစေတယ်

မျက်လုံးချင်းဆုံပြီး စကားပြောတာက တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပိုပြီးရင်းနှီးနွေးထွေးသွားစေသလို စိတ်လည်းလှုပ်ရှားစေပါတယ်။အပြုံးဟာ ဆွဲဆောင်မှုရှိသလို မျက်လုံးချင်းဆုံပြီးစကားပြောတာကလည်း တစ်ဖက်သားအတွက်ဆွဲဆောင်မှုရှိစေတဲ့အရာတစ်ခုဖြစ်ပါတယ်။
*ကိုယ်ပြောတဲ့စကားတွေကိုပိုပြီးမှတ်မိလွယ်စေတယ်

ဒီတိုင်းမကြည့်ပဲပြောတာထက်မျက်လုံးချင်းဆုံပြီးပြောတာက ကိုယ်ပြောတဲ့စကားတွေကို တစ်ဖက်လူပိုပြီးမှတ်မိလွယ်စေပါတယ်။ဒါကြောင့်အရေးကြီးစကားတွေပြောတဲ့အခါ မျက်လုံးချင်းဆုံပြီးပြောသင့်ပါတယ်။
*ကိုယ့်ကိုလူတွေသတိထားမိပြီး ပိုမှတ်မိစေတယ်
သူစိမ်းတွေဆိုရင်တောင် မျက်လုံးချင်းဆုံပြီးစကားပြောဖြစ်တဲ့သူကို ပိုပြီးမှတ်မိတတ်ကြပါတယ်။သတိလည်းထားမိပြီး ပြောစရာရှိတဲ့အခါအဲ့ဒီလူနဲ့ပဲ မျက်လုံးချင်းဆိုင်ပြီး ပြောဖြစ်သွားတတ်ပါတယ်။
*လူလိမ်လူညာတွေကိုလည်းရိပ်မိနိုင်

လူလိမ်လူညာတွေက မျက်လုံးချင်းဆုံပြီး စကားမပြောရဲကြပါဘူး။အကြည့်လွှဲတတ်ပါတယ်။ဒါပေမဲ့ သူတို့ကို မျက်လုံးချင်းမဆုံဆုံအောင်ကြည့်ပြီးစကားပြောမယ်။မေးမြန်းမယ်ဆိုရင် သူတို့ဆက်ပြီးမလိမ်ညာနိုင်ပါဘူး။သူတို့လိမ်ညာနေမှန်းလည်း သိသာသွားပါတယ်။
*အချစ်မှာပျော်ဝင်သွားစေနိုင်
အကြည့်ချင်းဆုံတာနဲ့ရင်ခုန်သွားတယ်။ချစ်မိသွားတယ်ဆိုတဲ့အဖြစ်တွေ ကြုံဖူးကြားဖူးကြမှာပါ။တစ်ယောက်နဲ့တစ်ယောက်အကြည့်ချင်းဆုံမိတဲ့အခါ စိတ်လှုပ်ရှားရင်ခုန်ကြတယ်။လေ့လာချက်တွေအရဆို အမျိုးသားတစ်ယောက်က အမျိုးသမီးတစ်ယောက်ကို ၈စက္ကန့်ကျော်ကျော်လောက်စိုက်ကြည့်မယ်ဆိုရင် အဲ့ဒီအမျိုးသမီးကို ချစ်မိသွားနိုင်ချေပိုများတယ်လို့သိရပါတယ်။
*အလေးထားမှုနဲ့လေးစားမှုကိုပြသတဲ့အရာတစ်ခု

တစ်ခြားသူတွေစကားပြောနေချိန်မှာလည်း သူတို့ပြောတဲ့စကားကို မျက်လုံးချင်းဆုံပြီးနားထောင်မယ်ဆိုရင်ဒါက တစ်ဖက်လူပြောတဲ့စကားကိုဂရုစိုက်တယ်။အလေးထားတယ်ဆိုတဲ့သဘောပါပဲ။အကြည့်လွှဲပြီး ကိုယ်လုပ်ချင်ရာလုပ်နေမယ်ဆိုရင် ဒါက မလေးစားရာရောက်နေပါတယ်။
အခြေအနေနဲ့အချိန်အခါကိုကြည့်ပြီး မျက်လုံးချင်းဆုံကာ စကားပြောသင့်ပါတယ်။