ဝက်ခြံဟာ အရေပြားပြဿနာ Acne Vulgaris ရောဂါဖြစ်တယ်။ ကြီးကောင်ဝင်စအရွယ်နဲ့ ငယ်ရွယ်သူများလူ ငယ်တွေမှာပိုပြီး တွေ့ရတတ်တယ်။
အချို့မီးဖိုချောင်သုံးအသီးအနှံ၊ အဆီ၊ အခွံတွေနဲ့ ဝက်ခြံမထွက်အောင် ကြိုတင်ကာကွယ်ထားကြတယ်။
ဥပမာသခွားသီးလှီးပြီး ယင်းအစေးနဲ့ပေါင်းတင်ခြင်း၊ ဟင်းသီးဟင်းရွက်များများစားခြင်း၊
ဝမ်းချုပ်မခံခြင်း၊ အချဉ်စားပေးခြင်းတို့က ဝက် ခြံမှုကာကွယ်နိုင်ပါတယ်။
ဝက်ခြံဟာအရေပြားမှာတွေ့မြင်နေကျဖြစ်ပြီး အသက်အရွယ်မရွေးဖြစ်နိုင်ပါတယ်။
ဆယ်ကျော်သက်တွေမှာ ဟော်မုန်းပြောင်းလဲမှုနှင့်အတူ ဝက်ခြံဖြစ်လာတယ်။
အိပ်ရေးပျက်ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ မပျော်ရွှင်တဲ့ဘဝ၊ အသားစားများခြင်း၊ ဟင်းသီးဟင်းရွက်အစားနည်းခြင်းတို့က ဝက်ခြံဖြစ်စေတယ်။
ဒါတွေရှိနေရင် မျက်နှာ၊ ရင် ဘတ်စတဲ့အရေပြားတွေမှာ ဝက်ခြံပေါက်လိမ့်မယ်။ဝက်ခြံပုန်းဟာ မျက်နှာမှာဖြစ်ရင်အခံရခက်ဆုံးဖြစ်တယ်။
ဝက်ခြံပုန်းဟာပျော့အိပြီး အရည်အချို့နဲ့ပြည့်နေကာအကျိတ်ငယ်လေးအဖြစ် အရေပြားပေါ်မှာရှိနေတယ်။
ဝက်ခြံပုန်းပေါက်သွားရင် နာကျင်မှု၊ အရေပြားပျက်စီးမှု၊ အရေပြားအမာရွတ်ထင်ကျန်မှုတို့ ကြုံရနိုင်ပါတယ်။ ဝက်ခြံတိုင်း ဂရုစိုက်ဖို့လိုပါတယ်။
ဦးရေပြားဝက်ခြံဟာ မျက်နှာ၊ ခန္ဓာကိုယ်အခြားအစိတ်အပိုင်းက ဝက်ခြံများလို ဖြစ်ပေါ်တတ်ပါတယ်။
ယင်းဝက် ခြံကြောင့်လူငယ်ရော၊ လူကြီးတွေပါစိတ်အနှောင့်အယှက်တွေ့ရပါတယ်။
ဆံပင်ပေါက်တဲ့ ဦးရေပြားကနေ အဆီ ထွက်တဲ့နေရာမှာ ဝက်ခြံမဖြစ်ဘဲ၊ ပိတ်နေတဲ့နေရာမှာဝက်ခြံဖြစ်တယ်။
လက်မသန့်ရှင်းတဲ့ ပစ္စည်းနဲ့ညှစ်ယူ၊ ဖိယူ မယ်ဆိုရင် ယင်းလက်များမှ ဘက်တီးရီးယားကဝင်ရောက်ကာ နာကျင်မှုဖြစ်စေတယ်။
Source: ဒေါက်တာလွင်သန့် (ondoctor)

Myanmar Wedding Guide