မိတ်ကပ်လိမ်းတဲ့ပျိုမေတိုင်း မဖြစ်မနေလေ့လာထားရမယ့် မိတ်ကပ်လိမ်းနည်း (၈) မျိုး
mystylemyanmar.com
|
2019-11-01

(Zawgyi Version)

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ မိတ်ကပ်လိမ်းနည်းတွေက အမြဲပြောင်းလဲနေပါတယ်။ အသစ်ဆန်းသစ်တဲ့ မိတ်ကပ်လိမ်းနည်းတွေရှိသလို အရင်က မိတ်ကပ်လိမ်းနည်းတွေကို ပြန်သုံးပြီး ပြန်ဆန်းသစ်လိုက်တာလည်းရှိပါတယ်။ အခုပြောမယ့်မိတ်ကပ်လိမ်းနည်းတွေကတော့ ရာသီမရွေးလိမ်းနိုင်ပြီး သိကိုသိထားရမယ့် မိတ်ကပ်လိမ်းနည်းတွေပါ။ ထသွားထလာလိမ်းနိုင်တဲ့ မိတ်ကပ်လိမ်းနည်းတွေလည်းဖြစ်ပါတယ်။ သင်က မိတ်ကပ်လိမ်းတတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ဒီနည်းလမ်း (၈) မျိုးကိုတော့ မဖြစ်မနေသိထားရပါမယ်။

၁။ Cat Eye Eyeliner




ကြောင်မျက်လုံးပုံစံ အိုင်းလိုင်နာဆွဲနည်းကို ပျိုမေတိုင်း လေ့လာထားသင့်ပါတယ်။ Cat Eye ကနေမှ ကိုယ်ဆွဲနိုင်စွမ်းရှိသလို အိုင်းလိုင်နာဆွဲတာတွေ ပြောင်းလဲလို့ရပါတယ်။

၂။ အနီရောင်နှုတ်ခမ်းနီ




မိန်းကလေးတိုင်းမှာ ဆောင်ထားရမယ့် နှုတ်ခမ်းနီကတော့ အနီရောင်နှုတ်ခမ်းနီပါ။ ပွဲသွားရင်ပဲဖြစ်ဖြစ် ကိုယ်က အနီရောင်ကြိုက်လို့ ဆိုးတာပဲဖြစ်ဖြစ် အနီရောင်နှုတ်ခမ်းနီကတော့ ပျိုမေတွေကြား ခေတ်အဆက်ဆက် ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။

၃။ နှင်းဆီဖူးရောင်ပါးနီ




နှင်းဆီဖူးရောင် (ပန်းဆီရောင်အနု) ပါးနီက သင့်ရဲ့ မိတ်ကပ်ပုံစံကို ကျန်းမာတက်ကြွတဲ့ ပုံသဏ္ဍာန်ပေးပါတယ်။ ရာသီမရွေးဒီအရောင်ကို ခြယ်နိုင်ပါတယ်။

၄။ Smokey Eye




Smokey Eye က ပွဲတက်တဲ့ပျိုမေတိုင်း ခြယ်ကိုခြယ်နိုင်ရမယ့် မျက်လုံးခြယ်နည်းပါ။ Smokey Eye Makeup Look က ပျိုမေတိုင်းနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။ သင်က ဒီမျက်လုံးခြယ်နည်းကို မသိရင် လေ့လာထားပါ။

၅။ Matte Skin




Matte Type လို့ပြောရင် မိတ်ကပ်နဲ့ မစိမ်းတဲ့ ပျိုမေတိုင်းသိပါတယ်။ ဒီအမျိုးအစားကတော့ ပြစ်မျိုးမဲ့မထင် မွတ်မွတ်လေးနဲ့ လှနေတာပါ။ Matte Type ရဖို့ အရင်ဆုံး အစိုဓာတ်ထိန်းခရင်လိမ်းပေးပါ။ ပြီးနောက် ဖောင်ဒေးရှင်းလိမ်းပါ။ Concealer လိမ်းပြီး ပေါင်ဒါပုတ်ပါ။ ဒီလိုဆို Matte Skin ကိုရပါပြီ။

၆။ တိကျတဲ့မျက်ခုံးပုံစံ




မျက်ခုံးထင်းထင်းလေးနဲ့ ထင်ရှားနေချင်ရင် မျက်ခုံးရိတ်ရပါမယ်။ မျက်ခုံးမရိတ်တဲ့ပျိုမေတွေအနေနဲ့ ရိတ်ပါလို့ အကြံပေးချင်ပါတယ်။ ပြီးနောက် မျက်ခုံးခြယ်ပါ။

၇။ မျက်တောင်အတု




ကိုယ့်ရဲ့ မျက်နှာကို သိမ်သိမ်မွေ့မွေ့လေးနဲ့ လျို့ဝှက်ဆန်းကြယ်တဲ့ Look လေးရဖို့ မျက်တောင်တုကလည်း လုံးဝလိုအပ်ပါတယ်။ သင်က မျက်တောင်တုမတပ်တတ်ရင် ကျွမ်းကျင်သူနဲ့ တပ်ပါ။ သင့်ရဲ့ မျက်တောင်က ပိုထင်းနေပြီး အားလုံးကြားမှာ ပိုလှနေမှာပါ။ မျက်တောင်တုတပ်တာကလည်း ပျိုမေတွေ မဖြစ်မနေသိထားသင့်ပါတယ်။

၈။ No Makeup Look




မိတ်ကပ်လိမ်းထားတယ်လို့ မထင်ရအောင် လိမ်းတဲ့ပညာပါ။ ပါးနီဆိုးရင်လည်း ပါးပါးလေးနဲ့ ဖောင်ဒေးရှင်းကို ပါးပါးလေးလိမ်းပေးရပါမယ်။ ပြည့်စုံတဲ့ No Makeup Look ရဖို့ အသားအရေဂရုစိုက်ပေးရပါမယ်။

(Unicode Version)

မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ မိတ်ကပ်လိမ်းနည်းတွေက အမြဲပြောင်းလဲနေပါတယ်။ အသစ်ဆန်းသစ်တဲ့ မိတ်ကပ်လိမ်းနည်းတွေရှိသလို အရင်က မိတ်ကပ်လိမ်းနည်းတွေကို ပြန်သုံးပြီး ပြန်ဆန်းသစ်လိုက်တာလည်းရှိပါတယ်။ အခုပြောမယ့်မိတ်ကပ်လိမ်းနည်းတွေကတော့ ရာသီမရွေးလိမး်နိုင်ပြီး သိကိုသိထားရမယ့် မိတ်ကပ်လိမ်းနည်းတွေပါ။ ထသွားထလာလိမ်းနိုင်တဲ့ မိတ်ကပ်လိမး်နည်းတွေလည်းဖြစ်ပါတယ်။ သင်က မိတ်ကပ်လိမ်းတတ်တဲ့ မိန်းကလေးတစ်ယောက်ဆိုရင် ဒီနည်းလမ်း (၈) မျိုးကိုတော့ မဖြစ်မနေသိထားရပါမယ်။

၁။ Cat Eye Eyeliner


ကြောင်မျက်လုံးပုံစံ အိုင်းလိုင်နာဆွဲနည်းကို ပျိုမေတိုင်း လေ့လာထားသင့်ပါတယ်။ Cat Eye ကနေမှ ကိုယ်ဆွဲနိုင်စွမ်းရှိသလို အိုင်းလိုင်နာဆွဲတာတွေ ပြောင်းလဲလို့ရပါတယ်။

၂။ အနီရောင်နှုတ်ခမ်းနီ


မိန်းကလေးတိုင်းမှာ ဆောင်ထားရမယ့် နှုတ်ခမ်းနီကတော့ အနီရောင်နှုတ်ခမ်းနီပါ။ ပွဲသွားရင်ပဲဖြစ်ဖြစ် ကိုယ်က အနီရောင်ကြိုက်လို့ ဆိုးတာပဲဖြစ်ဖြစ် အနီရောင်နှုတ်ခမ်းနီကတော့ ပျိုမေတွေကြား ခေတ်အဆက်ဆက် ပျောက်ကွယ်သွားမှာမဟုတ်ပါဘူး။

၃။ နှငး်ဆီဖူးရောင်ပါးနီ


နှင်းဆီဖူးရောင် (ပန်းဆီရောင်အနု) ပါးနီက သင့်ရဲ့ မိတ်ကပ်ပုံစံကို ကျန်းမာတက်ကြွတဲ့ ပုံသဏ္ဍာန်ပေးပါတယ်။ ရာသီမရွေးဒီအရောင်ကို ခြယ်နိုင်ပါတယ်။

၄။ Smokey Eye




Smokey Eye က ပွဲတက်တဲ့ပျိုမေတိုင်း ခြယ်ကိုခြယ်နိုင်ရမယ့် မျက်လုံးခြယ်နည်းပါ။ Smokey Eye Makeup Look က ပျိုမေတိုင်းနဲ့ လိုက်ဖက်ပြီး ဆွဲဆောင်မှုရှိစေပါတယ်။ သင်က ဒီမျက်လုံးခြယ်နည်းကို မသိရင် လေ့လာထားပါ။

၅။ Matte Skin


Matte Type လို့ပြောရင် မိတ်ကပ်နဲ့ မစိမ်းတဲ့ ပျိုမေတိုင်းသိပါတယ်။ ဒီအမျိုးအစားကတော့ ပြစ်မျိုးမဲ့မထင် မွတ်မွတ်လေးနဲ့ လှနေတာပါ။ Matte Type ရဖို့ အရင်ဆုံး အစိုဓာတ်ထိန်းခရင်လိမ်းပေးပါ။ ပြီးနောက် ဖောင်ဒေးရှင်းလိမ်းပါ။ Concealer လိမ်းပြီး ပေါင်ဒါပုတ်ပါ။ ဒီလိုဆို Matte Skin ကိုရပါပြီ။

၆။ တိကျတဲ့မျက်ခုံးပုံစံ


မျက်ခုံးထင်းထင်းလေးနဲ့ ထင်ရှားနေချင်ရင် မျက်ခုံးရိတ်ရပါမယ်။ မျက်ခုံးမရိတ်တဲ့ပျိုမေတွေအနေနဲ့ ရိတ်ပါလို့ အကြံပေးချင်ပါတယ်။ ပြီးနောက် မျက်ခုံးခြယ်ပါ။

၇။ မျက်တောင်အတု


ကိုယ့်ရဲ့ မျက်နှာကို သိမ်သိမ်မွေ့မွေ့လေးနဲ့ လျို့ဝှက်ဆနး်ကြယ်တဲ့ Look လေးရဖို့ မျက်တောင်တုကလည်း လုံးဝလိုအပ်ပါတယ်။ သင်က မျက်တောင်တုမတပ်တတ်ရင် ကျွမ်းကျင်သူနဲ့ တပ်ပါ။ သင့်ရဲ့ မျက်တောင်က ပိုထင်းနေပြီး အားလုံးကြားမှာ ပိုလှနေမှာပါ။ မျက်တောင်တုတပ်တာကလည်း ပျိုမေတွေ မဖြစ်မနေသိထားသင့်ပါတယ်။

၈။ No Makeup Look


မိတ်ကပ်လိမ်းထားတယ်လို့ မထင်ရအောင် လိမး်တဲ့ပညာပါ။ ပါးနီဆိုးရင်လည်း ပါးပါးလေးနဲ့ ဖောင်ဒေးရှင်းကို ပါးပါးလေးလိမ်းပေးရပါမယ်။ ပြည့်စုံတဲ့ No Makeup Look ရဖို့ အသားအရေဂရုစိုက်ပေးရပါမယ်။

Source: Herbeauty.co

By MyStyle Myanmar


The post

မိတ်ကပ်လိမ်းတဲ့ပျိုမေတိုင်း မဖြစ်မနေလေ့လာထားရမယ့် မိတ်ကပ်လိမ်းနည်း (၈) မျိုး appeared first on

MyStyle Myanmar .


#ခုံး
#မိတ်ကပ်
#မြ
#နှုတ်ခမ်း
#အနီရောင်

Some text some message..