Smokey Eye ခြယ်ချင်တဲ့ပျိုမေတွေအတွက် ခြယ်သပြင်ဆင်ပုံအသေးစိတ်နည်းလမ်း
mystylemyanmar.com
|
2019-11-01

Smokey Eye ခြယ်တာက မိန်းကလေးတွေကြားမှာ ရေပန်းစားတဲ့ မိတ်ကပ်လိမ်းနည်းတစ်မျိုးပါ။ ခြယ်တတ်ရင်လည်း အရမ်းလှသွားသလို မခြယ်တတ်ရင်လည်း ကြည့်ရဆိုးသွားစေပါတယ်။ တချို့ကျလည်း Smokey Eye Look ကိုပါးလွန်းပြီး မမြင်ရတာ၊ ထူလွန်းပြီး ပန်ဒါဝက်ဝံပုံစံဖြစ်သွားတာတွေ ရှိပါတယ်။ ဒီတော့ မျက်လုံးခြယ်တာကို အခုမှ စခြယ်မယ့်ပျိုမေတွေအနေနဲ့လည်း ဒီနည်းလမ်းတွေကို လုပ်ကြည့်ပါနော်။ ခုပြောပြထားတဲ့ နည်းလမ်းအသေးစိတ်အတိုင်းလုပ်ရင်တော့ တဖြည်းဖြည်းနဲ့ ပြည့်စုံတဲ့ Smokey Eye Look ကို ရလာမှာပါ။

အဆင့် ၁- အိုင်းရှဲဒိုး Primer




သင်ခြယ်ထားတဲ့ အိုင်းရှဲဒိုးကြာရှည်ခံဖို့ Primer သုံးရပါမယ်။

အဆင့် ၂- Concealer




Smokey look က မျက်လုံးပေါ်မှာ အနက်ဘက်သွားတာပါ။ ဒီတော့ သင့်မျက်လုံးအောက်ဘက် အိုင်းရှဲဒိုးရောက်ပြီး ညိုသွားတာမျိုးမဖြစ်သင့်ပါဘူး။ ဒီတော့ မျက်လုံးအောက်ညိုတာမျိုးမဖြစ်စေဖို့ Concealer သုံးပေးပါ။

အဆင့် ၃- Powder မှုန့်နဲ့ Setting ချပါ




ဖောင်ဒေးရှင်းလိမ်းပြီးနောက် မျက်နှာမွတ်မွတ်လေးဖြစ်ဖို့ Translucent powder ထပ်ပေးပါ။

အဆင့် ၄- အနက်ရောင်အိုင်းရှဲဒိုး




မျက်လုံးအပေါ်ကို အနက်ရောင်အိုင်းရှဲဒိုးပါးပါးလေးခြယ်ပေးပါ။ ပြီးနောက် မျက်လုံးအောက်ပါ ပါးပါးလေးခြယ်ပါ။ ဒီနေရာမှာ သင့်ရဲ့ ဉာဏ်ကွန့်ပြီး ခြယ်နိုင်ပါတယ်။ အိုင်းရှဲဒိုးအရောင်က အနက်ရောင်သုံးရမယ်ဆိုပြီး တသမတ်တည်းမရှိပါဘူး။ မိုးပြာရောင်၊ အညိုတောက်တောက်၊ မီးခိုးရောင်၊ တောအုပ်စိမ်းရောင်တွေ သုံးနိုင်ပါတယ်။

အဆင့် ၅- စခြယ်ပါ




အနက်ရောင်အိုင်းရှဲဒိုးခြယ်တဲ့အချိန် မျက်နှာရဲ့ တခြားနေရာတွေ စွန်းသွားတာမျုးမဖြစ်ဖို့ မှန်ကန်တဲ့ ဘရပ်ရှ်သုံးပေးရပါမယ်။ မျက်လုံးခြယ်တဲ့အချိန် စက်ဝိုင်းပုံစံလေးခြယ်ပေးပါ။ စက်ဝိုင်းဆွဲသလို ခြယ်တာကို ဆိုလိုပါတယ်။ ပြီးနောက် မျက်လုံးအောက်ကိုပါ ခြယ်ပါ။

အဆင့် ၆- အိုင်းလိုင်နာဆွဲပါ




Smokey Eye ရဖို့ အိုင်းလိုင်နာ မဆွဲလို့မရပါဘူး။ အိုင်းလိုင်နာဆွဲမှ သင့်ရဲ့ မျက်လုံးခြယ်ထားတာကို ပိုပေါ်လွင်စေမှာပါ။

အဆင့် ၇- Highlight ခြယ်ပါ




မျက်လုံးအရောင်လင်းဖို့ သင့်ရဲ့ မျက်လုံးထောင့်နဲ့ မျက်လုံးအပေါ်ကို Highlight ခြယ်ပေးရပါမယ်။

အဆင့် ၈- မျက်တောင့်ကော့တံနဲ့ မျက်တောင်ကော့ပါ




မျက်တောင်ကော့တံနဲ့ သုံးစက္ကန့်ကြာ မျက်တောင်ကော့ပေးရပါမယ်။ ကိုယ်လိုချင်တဲ့ မျက်တောင်အကော့ပုံစံရတဲ့အထိ ဆက်လုပ်ပေးပါ။ ပိုသိသာစေချင်ရင် မျက်တောင်ကော့တံကို Hair Dryer နဲ့ အပူပေးပြီး မျက်တောင်ကော့နိုင်ပါတယ်။

အဆင့် ၉- မျက်တောင်ကော့ပါ


သင့်ရဲ့ Smokey Eye ကို မျက်တောင်ကော့ဆေးနဲ့ အပြီးသတ်ပါ။ မျက်လုံးနက်နက်နဲ့ ဆွဲဆောင်မှုရှိတဲ့ အလှကို ရရှိစေမှာပါ။

အဆင့် ၁၀- မျက်လုံးအရောင်တောက်တဲ့ အမှုန့်လေးတွေ ခြယ်ပါ




Glitter လို့လည်းခေါ်နိုင်ပါတယ်။ ကိုယ့်ရဲ့ Smokey Eye Look ကို အပြီးသတ်အနေနဲ့ Sparkle Eyeshadow ကို လက်ကလေးနဲ့ ဖိပြီး ခြယ်သွားပါ။

(Unicode Version)

Smokey Eye ခြယ်တာက မိန်းကလေးတွေကြားမှာ ရေပန်းစားတဲ့ မိတ်ကပ်လိမ်းနည်းတစ်မျိုးပါ။ ခြယ်တတ်ရင်လည်း အရမ်းလှသွားသလို မခြယ်တတ်ရင်လည်း ကြည့်ရဆိုးသွားစေပါတယ်။ တချို့ကျလည်း Smokey Eye Look ကိုပါးလွန်းပြီး မမြင်ရတာ၊ ထူလွန်းပြီး ပန်ဒါဝက်ဝံပုံစံဖြစ်သွားတာတွေ ရှိပါတယ်။ ဒီတော့ မျက်လုံးခြယ်တာကို အခုမှ စခြယ်မယ့်ပျိုမေတွေအနေနဲ့လည်း ဒီနည်းလမ်းတွေကို လုပ်ကြည့်ပါနော်။ ခုပြောပြထားတဲ့ နည်းလမ်းအသေးစိတ်အတိုင်းလုပ်ရင်တော့ တဖြည်းဖြည့်နဲ့ ပြည့်စုံတဲ့ Smokey Eye Look ကို ရလာမှာပါ။

အဆင့် ၁- အိုင်းရှဲဒိုး Primer




သင်ခြယ်ထားတဲ့ အိုင်းရှဲဒိုးကြာရှည်ခံဖို့ Primer သုံးရပါမယ်။

အဆင့် ၂- Concealer




Smokey look က မျက်လုံးပေါ်မှာ အနက်ဘက်သွားတာပါ။ ဒီတော့ သင့်မျက်လုံးအောက်ဘက် အိုင်းရှဲဒိုးရောက်ပြီး ညိုသွားတာမျိုးမဖြစ်သင့်ပါဘူး။ ဒီတော့ မျက်လုံးအောက်ညိုတာမျိုးမဖြစ်စေဖို့ Concealer သုံးပေးပါ။

အဆင့် ၃- Powder မှုန့်နဲ့ Setting ချပါ




ဖောင်ဒေးရှင်းလိမ်းပြီးနောက် မျက်နှာမွတ်မွတ်လေးဖြစ်ဖို့ Translucent powder ထပ်ပေးပါ။

အဆင့် ၄- အနက်ရောင်အိုင်းရှဲဒိုး




မျက်လုံးအပေါ်ကို အနက်ရောင်အိုင်းရှဲဒိုးပါးပါးလေးခြယ်ပေးပါ။ ပြီးနောက် မျက်လုံးအောက်ပါ ပါးပါးလေးခြယ်ပါ။ ဒီနေရာမှာ သင့်ရဲ့ ဉာဏ်ကွန့်ပြီး ခြယ်နိုင်ပါတယ်။ အိုင်းရှဲဒိုးအရောင်က အနက်ရောင်သုံးရမယ်ဆိုပြီး တသမတ်တည်းမရှိပါဘူး။ မိုးပြာရောင်၊ အညိုတောက်တောက်၊ မီးခိုးရောင်၊ တောအုပ်စိမ်းရောင်တွေ သုံးနိုင်ပါတယ်။

အဆင့် ၅- စခြယ်ပါ




အနက်ရောင်အိုင်းရှဲဒိုးခြယ်တဲ့အချိန် မျက်နှာရဲ့ တခြားနေရာတွေ စွန်းသွားတာမျိုးမဖြစ်ဖို့ မှန်ကန်တဲ့ ဘရပ်ရှ်သုံးပေးရပါမယ်။ မျက်လုံးခြယ်တဲ့အချိန် စက်ဝိုင်းပုံစံလေးခြယ်ပေးပါ။ စက်ဝိုင်းဆွဲသလို ခြယ်တာကို ဆိုလိုပါတယ်။ ပြီးနောက် မျက်လုံးအောက်ကိုပါ ခြယ်ပါ။

အဆင့် ၆- အိုင်းလိုင်နာဆွဲပါ




Smokey Eye ရဖို့ အိုင်းလိုင်နာ မဆွဲလို့မရပါဘူး။ အိုင်းလိုင်နာဆွဲမှ သင့်ရဲ့ မျက်လုံးခြယ်ထားတာကို ပိုပေါ်လွင်စေမှာပါ။

အဆင့် ၇- Highlight ခြယ်ပါ




မျက်လုံးအရောင်လင်းဖို့ သင့်ရဲ့ မျက်လုံးထောင့်နဲ့ မျက်လုံးအပေါ်ကို Highlight ခြယ်ပေးရပါမယ်။

အဆင့် ၈- မျက်တောင့်ကော့တံနဲ့ မျက်တောင်ကော့ပါ




မျက်တောင်ကော့တံနဲ့ သုံးစက္ကန့်ကြာ မျက်တောင်ကော့ပေးရပါမယ်။ ကိုယ်လိုချင်တဲ့ မျက်တောင်အကော့ပုံစံရတဲ့အထိ ဆက်လုပ်ပေးပါ။ ပိုသိသာစေချင်ရင် မျက်တောင်ကော့တံကို Hair Dryer နဲ့ အပူပေးပြီး မျက်တောင်ကော့နိုင်ပါတယ်။

အဆင့် ၉- မျက်တောင်ကော့ပါ




သင့်ရဲ့ Smokey Eye ကို မျက်တောင်ကော့ဆေးနဲ့ အပြီးသတ်ပါ။ မျက်လုံးနက်နက်နဲ့ ဆွဲဆောင်မှုရှိတဲ့ အလှကို ရရှိစေမှာပါ။

အဆင့် ၁၀- မျက်လုံးအရောင်တောက်တဲ့ အမှုန့်လေးတွေ ခြယ်ပါ




Glitter လို့လည်းခေါ်နိုင်ပါတယ်။ ကိုယ့်ရဲ့ Smokey Eye Look ကို အပြီးသတ်အနေနဲ့ Sparkle Eyeshadow ကို လက်ကလေးနဲ့ ဖိပြီး ခြယ်သွားပါ။

Source: Herbeauty.co

By MyStyle Myanmar


The post

Smokey Eye ခြယ်ချင်တဲ့ပျိုမေတွေအတွက် ခြယ်သပြင်ဆင်ပုံအသေးစိတ်နည်းလမ်း appeared first on

MyStyle Myanmar .


#Highlight
#လေးခွ
#အဆင့်
#အနက်ရောင်
#တော

Some text some message..