ဆံသားခြောက်သွေ့ပြီးဖွာနေတဲ့သူတွေအတွက် အုန်းနို့ Hair Mask ပြုလုပ်နည်း
mystylemyanmar.com
|
2019-11-02

(Zawgyi Version)

ဆံသားခြောက်သွေ့ပြီး ဖွာနေရင် ဆံပင်အရမ်းကျွတ်တာမျိုး ဖြစ်လေ့ရှိပါတယ်။ ကြည့်လိုက်တာနဲ့လည်း ဆံပင်ကဖွာဖွာကြီးဖြစ်နေပြီး လုံးဝမလှပါဘူး။ မျက်နှာအသားအရေအတွက် Moisturizing ဖြစ်ဖို့လိုသလို ဆံပင်အတွက်လည်း လိုပါတယ်။ ဒါကြောင့် ဆံသားခြောက်သွေ့တဲ့သူတွေအတွက် ဆံကေသာကို Moisturizng ကောင်းကောင်းပေးနိုင်မယ့် အုန်းနို့ Hair Mask ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

လုပ်ရမယ့်နည်းလမ်းက အင်မတန် လွယ်ကူရိုးရှင်းတဲ့အပြင် ပါဝင်ပစ္စည်းကလည်း အုန်းနို့နဲ့ သံလွင်ဆီ နှစ်မျိုးပဲလိုတာဆိုတော့ အရမ်းအဆင်ပြေတယ်နော်။

Source: www.marieclaire.com

လုပ်ရမယ့်နည်းလမ်းကတော့ အုန်းနို့ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာနဲ့ သံလွင်ဆီ – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ပန်းကန်ထဲထည့်ပြီး ရောမွှေပါ။ သေချာမွှေပြီးတာနဲ့ ဆံပင်မှာ သေချာနှံ့အောင်လိမ်းပေးပါ။ ပြီးရင်တော့ မျက်နှာသုတ်ပုဝါနဲ့ မိနစ် ၂၀ ကြာအောင် ခေါင်းကိုပေါင်းထားရပါမယ်။ အချိန်ပြည့်ရင်တော့ ပုံမှန်အတိုင်း ခေါင်းလျှော်ချလိုက်ရုံပဲနော်။ နှစ်ပတ် တစ်ခါလောက်သာ ပုံမှန်လေးလုပ်ပေးသွားရင် ဆံသားလည်း မခြောက်တော့ပဲ လှပနေမှာပါ။

Source: www.typicoh.pw

(Unicode Version)

ဆံသားခြောက်သွေ့ပြီး ဖွာနေရင် ဆံပင်အရမ်းကျွတ်တာမျိုး ဖြစ်လေ့ရှိပါတယ်။ ကြည့်လိုက်တာနဲ့လည်း ဆံပင်ကဖွာဖွာကြီးဖြစ်နေပြီး လုံးဝမလှပါဘူး။ ဒါကြောင့် ဆံသားခြောက်သွေ့တဲ့သူတွေအတွက် ဆံကေသာကို Moisturizng ကောင်းကောင်းပေးနိုင်မယ့် အုန်းနို့ Hair Mask ပြုလုပ်နည်းကို မျှဝေပေးချင်ပါတယ်။

လုပ်ရမယ့်နည်းလမ်းက အင်မတန် လွယ်ကူရိုးရှင်းတဲ့အပြင် ပါဝင်ပစ္စည်းကလည်း အုန်းနို့နဲ့ သံလွင်ဆီ နှစ်မျိုးပဲလိုတာဆိုတော့ အရမ်းအဆင်ပြေတယ်နော်။

Source: www.marieclaire.com

လုပ်ရမယ့်နည်းလမ်းကတော့ အုန်းနို့ – ခွက်ရဲ့ လေးပုံ ပုံ တစ်ပုံစာနဲ့ သံလွင်ဆီ – လက်ဖက်ရည်ဇွန်း တစ်ဇွန်းစာတို့ကို ပန်းကန်ထဲထည့်ပြီး ရောမွှေပါ။ သေချာမွှေပြီးတာနဲ့ ဆံပင်မှာ သေချာနှံ့အောင်လိမ်းပေးပါ။ ပြီးရင်တော့ မျက်နှာသုတ်ပုဝါနဲ့ မိနစ် ၂၀ ကြာအောင် ခေါင်းကိုပေါင်းထားရပါမယ်။ အချိန်ပြည့်ရင်တော့ ပုံမှန်အတိုင်း ခေါင်းလျှော်ချလိုက်ရုံပဲနော်။ နှစ်ပတ် တစ်ခါလောက်သာ ပုံမှန်လေးလုပ်ပေးသွားရင် ဆံသားလည်း မခြောက်တော့ပဲ လှပနေမှာပါ။

Source: www.typicoh.pw

The post

ဆံသားခြောက်သွေ့ပြီးဖွာနေတဲ့သူတွေအတွက် အုန်းနို့ Hair Mask ပြုလုပ်နည်း appeared first on

MyStyle Myanmar .

#အုန်းနို့
#ဆံပင်
#နို့
#သံလွင်ဆီ
#ပုံ

Some text some message..