နှုတ်ခမ်းလှချင်တဲ့သူတွေအတွက် ပုံမှန်ပြုလုပ်ပေးရမယ့်အရာတွေနဲ့ ရှောင်ကြဉ်ရမယ့်အရာများ
mystylemyanmar.com
|
2019-11-07

(Zawgyi Version)

အထူးသဖြင့် မိန်းကလေးတွေအတွက် နှုတ်ခမ်းသားလေးလှပနေဖို့လိုပါတယ်။ နှုတ်ခမ်းညိုမဲနေတာမျိုး၊ ခြောက်သွေ့နေတာမျိုးဆိုရင် နှုတ်ခမ်းနီဆိုးလည်း အဆင်မပြေပါဘူး။ ဒါကြောင့် နှုတ်ခမ်းလှတာမျိုးလေး လိုချင်တယ်ဆိုရင်တော့ ပုံမှန်ဂရုစိုက်ပြီး ပြုလုပ်ပေးရမယ့်အရာတွေနဲ့ ရှောင်ကြဉ်ရမယ့်အရာတွေ ရှိပါတယ်။

ပုံမှန်လုပ်ပေးရမယ့်အရာများ

Exfoliate လုပ်ပါ

နှုတ်ခမ်းကို တစ်ရက်ခြားတစ်ခါ (သို့) နှစ်ရက်ခြားတစ်ခါလောက် Exfoliate လုပ်ပေးဖို့လိုပါတယ်။ Lip Scrub လေးတွေသုံးပြီး Exfoliate လုပ်ပေးရမှာပါ။ ဒါမှ ဆဲလ်သေတွေကွာကျမယ်၊ နှုတ်ခမ်းသားလည်းနူးညံ့ချောမွေ့မယ်၊ နှုတ်ခမ်အဖတ်လန်တာ၊ ခြောက်သွေ့တာတွေလည်း မရှိတော့မှာပါ။ Lip Scrub ကို အိမ်မှာကိုယ်တိုင်လုပ်လို့ရပါတယ်။ ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး နှုတ်ခမ်းမှာ ပွတ်ပေးရုံပါပဲနော်။

Lip Balm (or) Lip Mask နေ့တိုင်းဆိုးပါ

Lip Balm (or) Lip Mask ကို ညအိပ်ယာဝင်ခါနီးတိုင်း ဆိုးပြီးအိပ်ပါ။ ဒါမှ နှုတ်ခမ်းအဖတ်လန်တာမျိုးတွေ၊ နှုတ်ခမ်းခြောက်တာမျိုးတွေ မဖြစ်မှာပါ။ နေ့တိုင်းဆိုးပေးရင် လှပတဲ့နှုတ်ခမ်းလေးဖြစ်နေမှာပါ။

နှုတ်ခမ်းနီဆိုးပါ

နှုတ်ခမ်းနီဆိုးထားတဲ့မျက်နှာနဲ့ နှုတ်ခမ်းနီမဆိုးထားတဲ့မျက်နှာက အရမ်းကွာပါတယ်။ မိတ်ကပ်မပြင်ရင်တောင် နှုတ်ခမ်းနီလေးဆိုးလိုက်တာနဲ့ မျက်နှာလေးလင်းပြီး လှနေတာပါ။ ဒါကြောင့် နှုတ်ခမ်းနီ အဆီလေးတွေ၊ အရောင်တောက်တာလေးတွေကို ဆိုးပေးပါ။

ရှောင်ရမယ့်အရာများ

အရက်၊ ဘီယာ၊ ကော်ဖီ

အရက်၊ ဘီယာ နဲ့ ကော်ဖီသောက်တာက နှုတ်ခမ်းသားကို ခြောက်သွေ့စေတယ်၊ ညိုမဲစေပါတယ်။ ဒါကြောင့် ရှောင်ပေးဖို့လိုပါတယ်။ ကော်ဖီအရမ်းကြိုက်တယ်ဆိုရင်တောင် အများကြီး မသောက်သင့်ပါဘူး။ တစ်နေ့ တစ်ခွက်သောက်တာကတော့ ရပါတယ်။ ရေကိုတော့ များများသောက်ပေးပါ။

ဆေးလိပ်

ဆေးလိပ်သောက်တာက နှုတ်ခမ်းညိုမဲစေတယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ။ ဆေးလိပ်သောက်တာက နှုတ်ခမ်းအလှကို ပျက်စီးစေပါတယ်။

Photo Source: www.wikihow.life

(Unicode Version)
အထူးသဖြင့် မိန်းကလေးတွေအတွက် နှုတ်ခမ်းသားလေးလှပနေဖို့လိုပါတယ်။ နှုတ်ခမ်းညိုမဲနေတာမျိုး၊ ခြောက်သွေ့နေတာမျိုးဆိုရင် နှုတ်ခမ်းနီဆိုးလည်း အဆင်မပြေပါဘူး။ ဒါကြောင့် နှုတ်ခမ်းလှတာမျိုးလေး လိုချင်တယ်ဆိုရင်တော့ ပုံမှန်ဂရုစိုက်ပြီး ပြုလုပ်ပေးရမယ့်အရာတွေနဲ့ ရှောင်ကြဉ်ရမယ့်အရာတွေ ရှိပါတယ်။

ပုံမှန်လုပ်ပေးရမယ့်အရာများ

Exfoliate လုပျပါ

နှုတ်ခမ်းကို တစ်ရက်ခြားတစ်ခါ (သို့) နှစ်ရက်ခြားတစ်ခါလောက် Exfoliate လုပ်ပေးဖို့လိုပါတယ်။ Lip Scrub လေးတွေသုံးပြီး Exfoliate လုပ်ပေးရမှာပါ။ ဒါမှ ဆဲလ်သေတွေကွာကျမယ်၊ နှုတ်ခမ်းသားလည်းနူးညံ့ချောမွေ့မယ်၊ နှုတ်ခမ်အဖတ်လန်တာ၊ ခြောက်သွေ့တာတွေလည်း မရှိတော့မှာပါ။ Lip Scrub ကို အိမ်မှာကိုယ်တိုင်လုပ်လို့ရပါတယ်။ ပျားရည် – လက်ဖက်ရည်ဇွန်း ၁ ဇွန်းနဲ့ သကြား – လက်ဖက်ရည်ဇွန်း ၁ ဇွန်းကို ရောမွှေပြီး နှုတ်ခမ်းမှာ ပွတ်ပေးရုံပါပဲနော်။

Lip Balm (or) Lip Mask နေ့တိုင်းဆိုးပါ

Lip Balm (or) Lip Mask ကို ညအိပ်ယာဝင်ခါနီးတိုင်း ဆိုးပြီးအိပ်ပါ။ ဒါမှ နှုတ်ခမ်းအဖတ်လန်တာမျိုးတွေ၊ နှုတ်ခမ်းခြောက်တာမျိုးတွေ မဖြစ်မှာပါ။ နေ့တိုင်းဆိုးပေးရင် လှပတဲ့နှုတ်ခမ်းလေးဖြစ်နေမှာပါ။

နှုတ်ခမ်းနီဆိုးပါ

နှုတ်ခမ်းနီဆိုးထားတဲ့မျက်နှာနဲ့ နှုတ်ခမ်းနီမဆိုးထားတဲ့မျက်နှာက အရမ်းကွာပါတယ်။ မိတ်ကပ်မပြင်ရင်တောင် နှုတ်ခမ်းနီလေးဆိုးလိုက်တာနဲ့ မျက်နှာလေးလင်းပြီး လှနေတာပါ။ ဒါကြောင့် နှုတ်ခမ်းနီ အဆီလေးတွေ၊ အရောင်တောက်တာလေးတွေကို ဆိုးပေးပါ။

ရှောင်ရမယ့်အရာများ

အရက်၊ ဘီယာ၊ ကော်ဖီ

အရက်၊ ဘီယာ နဲ့ ကော်ဖီသောက်တာက နှုတ်ခမ်းသားကို ခြောက်သွေ့စေတယ်၊ ညိုမဲစေပါတယ်။ ဒါကြောင့် ရှောင်ပေးဖို့လိုပါတယ်။ ကော်ဖီအရမ်းကြိုက်တယ်ဆိုရင်တောင် အများကြီး မသောက်သင့်ပါဘူး။ တစ်နေ့ တစ်ခွက်သောက်တာကတော့ ရပါတယ်။ ရေကိုတော့ များများသောက်ပေးပါ။

ဆေးလိပ်

ဆေးလိပ်သောက်တာက နှုတ်ခမ်းညိုမဲစေတယ်ဆိုတာကို သိပြီးသားဖြစ်မှာပါ။ ဆေးလိပ်သောက်တာက နှုတ်ခမ်းအလှကို ပျက်စီးစေပါတယ်။

Photo Source: www.wikihow.life

The post

နှုတ်ခမ်းလှချင်တဲ့သူတွေအတွက် ပုံမှန်ပြုလုပ်ပေးရမယ့်အရာတွေနဲ့ ရှောင်ကြဉ်ရမယ့်အရာများ appeared first on

MyStyle Myanmar .

#နှုတ်ခမ်း
#အရာ
#နှုတ်ခမ်းသား
#နှာ
#မဲ

Some text some message..