
မင်္ဂလာပါနော်။ ရိုးရိုးရှင်းရှင်း ပေါ့ပေါ့ပါးပါးလေးနဲ့ သင့်ကိုလည်း ချစ်စရာကောင်းနေစေမယ့် ဆံပင်ပုံစံ ပြုလုပ်နည်းတစ်ခုကို မျှဝေပေးချင်ပါတယ်။
ဆံပင်ကို အမျိုးမျိုးလုပ်ရတာကြိုက်တဲ့သူတွေလည်း သဘောကျကြမယ်လို့မျှော်လင့်ပါတယ်။ ဒီဆံပင်ပုံစံလေးက ဆံပင်ရှုပ်တာမကြိုက်တဲ့သူတွေအတွက် သိပ်ကိုအဆင်ပြေမှာပါ။
ဆံပင်အရှည်အတွက်
အရင်ဆုံး သင့်ရဲ့ ခေါင်းကိုသေချာဖြီးလိုက်ပြီး ဆံပင်တွေကိုသေချာစည်းလိုက်ပါ။ စည်းတဲ့အခါမှာ အခုပုံမှာပြထားသလို အလုံးလေးဖြစ်အောင်စည်းလိုက်ပါ။
ကျန်တဲ့ဆံပင်တွေကို ခေါင်းစည်းကြိုးအောက်နားမှာ ပတ်ပြီး ကလစ်လေးနဲ့ နည်းနည်းသိမ်းလိုက်ပါ။
ပြီးရင်တော့ ဘီးကုပ်လှလှလေး ဆပ်ပေးလိုက်ပါ။ အရမ်းလှတဲ့ဆံပင်ပုံစံလေး ရပါပြီနော်။
ဆံပင်အတိုအတွက်
ဆံပင်အတိုလေးတွေကတော့ အခုပုံမှာပြထားသလို အသားကပ် ကျစ်ဆံမြီးကို ခပ်ပြေပြေလေးကျစ်ပေးလိုက်ပါ။
ပြီးရင်တော့ ကျစ်ဆံမြီးလေးကို နည်းနည်းလေး လိုက်ဖွပေးလိုက်ပါ။
ပြီးသွားရင် ကလစ်လေးပန်ပေးလိုက်ပါ
Photo Source: www.fashionguilt.blogspot.com
The post
ပေါ့ပေါ့ပါးပါးနဲ့ ၃ မိနစ်အတွင်းပြုလုပ်လို့ရတဲ့ ချစ်စရာ ဆံပင်ပုံစံပြုလုပ်နည်း
appeared first on
MyStyle Myanmar
.