
ကျွန်မတို့အားလုံး မျက်နှာအသားအရေကို ဂရိုစိုက်ကြပါတယ်။ ဘာလို့လဲဆိုတော့ မှန်ကြည့်လိုက်တဲ့အခါ ကျွန်မတို့ ပထမဆုံး မြင်တွေ့ရတာဟာ ကျွန်မတို့ရဲ့ မျက်နှာဖြစ်နေလို့ပါပဲ။ ဒါပေမယ့် သင့်ခန္ဓာကိုယ်ရဲ့ အသားအရေဟာလည်း သင့်မျက်နှာအသားအရေနည်းတူ အရေးကြီးပါတယ်။ သဘာဝအတိုင်း ကျန်းမာ အားပြည့်တဲ့ အသားအရေကို ရရှိစေဖို့ ဆောင်ရန်၊ ရှောင်ရန် နည်းလမ်းကောင်းတွေကို မျှဝေပေးချင်ပါတယ်။
အစားအစာကိုဂရုစိုက်ပါ
ဆောင်ရန် – သင်စားမယ့် ထမင်းပန်းကန်ထဲ ထည့်မယ့် အစားအစာတွေကို အမြဲတမ်း မှတ်ထားပါ။ လတ်ဆတ်တဲ့ အသီးအရွက်တွေ၊ ပရိုတင်ဓာတ်နဲ့ ဗီတာမင်ကြွယ်ဝတဲ့ အစားအစာတွေကို စားပါ။
ရှောင်ရန် – ပူပူစပ်စပ်စားခြင်း၊ အငန်စာ၊ အချဉ်စား၊ အကြော်စာ စားခြင်းတွေကို ရှောင်ပါ။
ချွေးထွက်ပါစေ
ဆောင်ရန် – လေ့ကျင့်ခန်း ပုံမှန်လုပ်ပါ။ ခပ်ရွရွပြေးတာ၊ ယောဂလုပ်တာတို့လို သင့်ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှု ကောင်းမွန်စေတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးပါ။ ဒီလိုလေ့ကျင့်ခန်းလုပ်ပေးတာဟာ သင့်ခန္ဓာကိုယ်ကိုလည်း သန့်ရှင်းစေပါတယ်။ အခုလို လေ့ကျင့်ခန်းလုပ်ပေးပြီး သင့်အသားအရေ ကျန်းမာအားပြည့်လာတာကို သတိထားမိလာမှာပါ။
ရှောင်ရန် – လေ့ကျင့်ခန်းမလုပ်ခင်နဲ့ လုပ်ပြီးမှာ အသားအရေ ထိန်းသိမ်းမှုမလုပ်ခြင်းကို ရှောင်ပါ။
ရေဓာတ်ဖြည့်တင်းပါ
ဆောင်ရန်– သင့်ခန္ဓာကိုယ် ရေဓာတ်ဖြည့်ပေးဖို့လိုအပ်ပါတယ်။ ရေများများသောက်ပါ။ တစ်နေ့ကို အနည်းဆုံး ၈ ခွက်သောက်ပေးပါ။
ရှောင်ရန် -ဖရဲသီး၊ သခွားသီး၊ လိမ္မော်သီး၊ စတော်ဘယ်ရီသီး တို့လို ရေဓာတ်မြင့်မားတဲ့ အသီးအရွက်တွေ မစားခြင်းကို ရှောင်ပါ။
ကျန်းမာတဲ့ အလေ့အကျင့်ကောင်းတွေပျိုးထောင်ပါ
ဆောင်ရန် – သင့်ကိုယ်သင် အချိန်ပေးပါ။ စိတ်ဖိစီးမှုကို တတ်နိုင်သလောက် လျှော့ချပါ။ စိတ်ဖိစီးမှု များလာတဲ့အခါ သင့်ခန္ဓာကိုယ်ကနေ Cortisol ဆိုတဲ့ ဟော်မုန်းဓာတ်နဲ့ တခြားဟော်မုန်းဓာတ်တွေ ထုတ်ပေးပြီး သင့်အသားအရေကို အဆီပြန်စေကာ ယားယံစေပါတယ်။
ရှောင်ရန် – အသက်ရှုလေ့ကျင့်ခန်း၊ ကမ္မဌာန်းထိုင်ခြင်း၊ ယောဂကျင့်ခြင်းများလုပ်ဆောင်ဖို့ မပျင်းပါနဲ့။
နေရောင်ခြည်နဲ့ အသားအရေ
ဆောင်ရန် – နေရောင်ခြည်မှာ ပါဝင်တဲ့ UVA နဲ့ UVB တွေကို ကာကွယ်ပေးနိုင်တဲ့ Suncreen တွေလိမ်းပေးပါ။ နေရောင်ခြည်ထိတွေ့ခြင်းဖြင့် အရေးကြောင်းဖြစ်ခြင်း၊ အမည်းစက်တွေဖြစ်ခြင်းနဲ့ တခြား အရေပြားဆိုင်ရာ ပြဿနာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် နေရောင်ခြည်မှ သင့်အသားအရေကို ကာကွယ်ဖို့လိုအပ်ပါတယ်။
ရှောင်ရန် – ရာသီဥတုအေးနေတဲ့အခါမှာပဲဖြစ်ဖြစ် မိုးအုပ်တဲ့အခါမှာပဲဖြစ်ဖြစ် Suncreen မလိမ်းခြင်းကို ရှောင်ပါ။
Vaseline Healthy White Lotion
Vaseline Jelly အရည်စက်ကလေးများပါဝင်တဲ့ Vaseline Healthy White Lotion ပန်းရောင်ဟာ ပျက်စီးနေတဲ့ အသားအရေကို ကုသပေးနိုင်ပြီး Vitamin B3 ပါဝင်လို့ အသားအရေကို ပြန်လည်ဖြူဝင်းလာစေပါတယ်။ Vaseline Healthy White မှာပါဝင်တဲ့ Triple နေကာခရင်မ်ကလည်း နေရောင်ဒဏ်မှ ကာကွယ်ပေးနိုင်တဲ့အတွက် ကျန်းမာဖြူဝင်းတဲ့အသားအရေကို (၂) ပတ်အတွင်း ရရှိစေမှာဖြစ်ပါတယ်။ Vaseline Lotion ဟာ အရေပြားအတွင်းစိမ့်ဝင်မှုမြန်ပြီး စေးကပ်ခြင်းလုံးဝမရှိပါဘူး။
The post
ကျန်းမာအားပြည့်တဲ့ အသားအရေကို ပိုင်ဆိုင်နိုင်ဖို့ ဆောင်ရန်၊ ရှောင်ရန်အချက်လေးတွေ
appeared first on
MyStyle Myanmar
.