နှုတ်ခမ်းနီနဲ့ပတ်သက်ပြီး မိန်းကလေးအများစု လုပ်မိနေတဲ့အမှားများ
yoyarlay.com
|
2019-11-14



နှုတ်ခမ်းနီက မိန်းကလေးတိုင်းရဲ့အိတ်ထဲမှာ အမြဲတမ်းရှိနေတဲ့ အရေးကြီးတဲ့အလှကုန်ပစ္စည်းတွေထဲက တစ်ခုပါပဲ။ သင် ဘယ်လောက်ပဲပင်ပန်းနေတဲ့ရုပ်ဖြစ်နေပါစေ၊ နှုတ်ခမ်းနီဆိုးလိုက်တာနဲ့ သင်ဟာ ကြည့်ကောင်းနေမှာပါ။ နှုတ်ခမ်းနီဆိုးရတာ လွယ်ကူတယ်လို့ ထင်ရပေမယ့် မိန်းကလေးတော်တော်များများလုပ်မိနေတဲ့အမှားတွေရှိပါတယ်။ ကဲ…သိချင်မိသွားပြီမလား။ ဘယ်လိုအမှားတွေများလုပ်မိနေလဲဆိုတာကို ဆက်လက်ဖတ်ရှုကြည့်လိုက်ပါနော်…။

ခြောက်သွေ့ကွဲအက်နေတဲ့နှုတ်ခမ်းပေါ်မှာ နှုတ်ခမ်းနီဆိုးခြင်း



သင့်နှုတ်ခမ်းက ခြောက်သွေ့ကွဲအက်နေမယ်ဆိုရင် နှုတ်ခမ်းနီဆိုးလိုက်တာက သင့်နှုတ်ခမ်းအရောင်ကို အကွက်ကွက်တွေ ဖြစ်စေပါလိမ့်မယ်။ ခြောက်သွေ့တဲ့နေရာတွေက နှုတ်ခမ်းနီကို ညီညာမှုမရှိဖြစ်စေတဲ့ အတွက်ကြောင့်ပါ။ ဒီလိုမဖြစ်အောင် ရှောင်ရှားဖို့ဆိုရင် ကိုယ့်ကိုယ်ကို ရေဓာတ်ပြည့်ဝအောင်နေပြီး သင့်နှုတ်ခမ်းကို ခြောက်သွေ့ကြမ်းတမ်းမှုမဖြစ်အောင် ဆေးနှုတ်ခမ်းနီကို ဆိုးပေးပြီး နှုတ်ခမ်းကို ဆီလိမ်းပေးသင့်ပါတယ်။

နှုတ်ခမ်းကို ဘယ်တော့မှ ပေါင်းမတင်ခြင်း



သင့်နှုတ်ခမ်းကို ပေါင်းတင်ပေးတာက မျက်နှာကို scrub လုပ်သလိုပဲ အရေးကြီးပါတယ်။ နှုတ်ခမ်းကို ပေါင်းတင်ပေးတာက နှုတ်ခမ်းက ဆဲလ်အသေတွေကို ဖယ်ရှားပေးသလို နှုတ်ခမ်းသားကိုလည်း ချောမွေ့သွားအောင် ကူညီပေးပါတယ်။

နှုတ်ခမ်းလိုင်နာ (Lip Liner) ကို မသုံးခြင်း



နှုတ်ခမ်းလိုင်နာကို သုံးပေးတာက သင့်နှုတ်ခမ်းသားနဲ့ နှုတ်ခမ်းနီကို တစ်သားတည်းဖြစ်စေသလို အချိန်အကြာကြီးခံအောင်လည်း ကူညီပေးပါတယ်။ ဒီအဆင့်ကို ကျော်လိုက်တာက သင့်နှုတ်ခမ်းနီကို မြန်မြန်ကုန်သွားစေနိုင်ပါတယ်။

နှုတ်ခမ်းနီအရောင်အရွေးမှားခြင်း



အောက်ခံမိတ်ကပ်လိုပဲ နှုတ်ခမ်းနီအရောင်ကို ရွေးချယ်တဲ့အခါ သင့်အသားရေနဲ့ လိုက်ဖက်မှုရှိတဲ့ အရောင်ကို ရွေးချယ်ဖို့လိုပါတယ်။ နှုတ်ခမ်းနီအရောင်အရွေးမှားမယ်ဆိုရင် သင့်အသားရေနဲ့ မလိုက်ဖက်တဲ့အခါ အရမ်းကြီးဖြူဖတ်သလိုဖြစ်နေစေပါတယ်။ သင့်နဲ့လိုက်ဖက်တဲ့နှုတ်ခမ်းနီရောင်ကို ဆိုးမယ်ဆိုရင် သင့်မျက်နှာကို လင်းနေစေမှာဖြစ်ပါတယ်။

နှုတ်ခမ်းနီကို အများကြီးဆိုးခြင်း



နှုတ်ခမ်းနီအရမ်းများသွားရင် သင့်သွားတွေနဲ့ အင်္ကျီတွေကို အလွယ်တကူပေကျံသွားစေမှာပါ။ သင် နှုတ်ခမ်းနီဆိုးတဲ့အခါ နှုတ်ခမ်းနီအထူကြီးမဖြစ်ဖို့အတွက် တစ်ရှုးစကေို အသုံးပြုပေးသင့်ပါတယ်။

နှုတ်ခမ်းနီဖျက်ဖို့ မေ့ခြင်း



နှုတ်ခမ်းမှာ နှုတ်ခမ်းနီမရှိတော့ရင် နှုတ်ခမ်းနီဖျက်စရာမလိုဘူးလို့ ထင်ကြမှာပါ။ တကယ်တော့ အဲဒီလိုဖြစ်နေရင်တောင် နှုတ်ခမ်းနီဖျက်ပေးဖို့ လိုအပ်နေပါသေးတယ်။ နှုတ်ခမ်းမှာ ကျန်ရှိနေတဲ့နှုတ်ခမ်းနီတွေက သင့်နှုတ်ခမ်းကို ခြောက်သွေ့ကြမ်းတမ်းစေနိုင်ပါတယ်။ ဒါကြောင့် နှုတ်ခမ်းနီဆိုးတဲ့အခါ ညဘက်ကျရင် ဖျက်ပေးဖို့မမေ့သင့်ပါဘူးနော်။

Ref: 6 lipstick mistakes you’re probably making

WL (ရိုးရာလေး)


#နှုတ်ခမ်း
#အရောင်
#နှုတ်ခမ်းသား
#သားရေ
#အမှား

Some text some message..