ဒီတစ်ခေါက်မှာတော့ အပြုံးချိုချိုလေးနဲ့ MC လေး Teresa Khine ရဲ့ အရောင်နုနုလေးတွေနဲ့ ချုပ်လုပ်ထားတဲ့ မြန်မာဝတ်စုံပုံရိပ်လေးတွေကို ဖော်ပြပေးသွားမှာပဲ ဖြစ်ပါတယ်။ သူမဟာ MC တစ်ယောက်ဖြစ်ရုံသာမက Fashion ပိုင်းမှာပါ အမြဲဂရုတစိုက်နဲ့ ပြင်ဆင်ဝတ်ဆင်တတ်သူလည်းဖြစ်ပါတယ်။ သူမဟာ ပွဲတိုင်းမှာ မတူတဲ့ ဖက်ရှင်တွေနဲ့ တမူထူးခြားနေသူလေးပါ။ ကဲ ဒီတော့သူမရဲ့ မြန်မာဝတ်စုံ ပုံရိပ်လေးတွေကို ကြည့်လိုက်ကြရအောင်နော်။
မိုးပြာရောင် ပိုးသားထမိန်ကို ဇာအကျီနဲ့ တွဲဖက်ဝတ်ဆင်ထားတဲ့ ဝတ်စုံလေးပါ။ ထမိန်ရဲ့အနားစကို ဇာနဲ့ ပြန်ကွတ်ထားတဲ့ဒီဇိုင်းက ဝတ်စုံရဲ့အလှကို ပိုပေါ်လွင်စေပါတယ်။
အပြာနုရောင်ချိတ်လေးကို အပေါ်က ပိုးသားအပြာပြောင်လေးနဲ့ တွဲဖက်ဝတ်ဆင်ထားပါတယ်။ အကျီၤရဲ့ လည်ပင်းပုံစံအဆန်းလေးနဲ့ ပဝါအပါးလေးက သူမရဲ့ အလှကို ပံ့ပိုးပေးထားပါတယ်။
မြန်မာဝတ်စုံဆိုပေမယ့် ပုံမှန်မြင်တွေ့နေကျဒီဇိုင်းမျိုးမဟုတ်ဘဲ အနောက်တိုင်းဆန်ဆန် ဒီဇိုင်းလေးကြောင့် သူမရဲ့ ဖက်ရှင်က တစ်မျိုးဆန်းပြီး ထူးထူးခြားခြားလေးဖြစ်နေပါတယ်။
အရိုးဆုံးက အလှဆုံးလို့ ဆိုသလိုပဲ ရိုးရိုးလေးနဲ့ ဖက်ရှင်ကျနေတဲ့ ပိတောက်ခြောက်ရောင်ဝတ်စုံလေးနဲ့ Teresa ပါ။ ချိတ်ဒီဇိုင်းကိုမှ ခရမ်းရောင်အခက်လေးတွေနဲ့ ပုံဖော်ထားတဲ့သူမရဲ့ ချိတ်ဒီဇိုင်းကလည်း ကျက်သရေရှိပြီး လှပနေပါတယ်။
အပြာရောင်က သူမရဲ့ Favourite colour လို့တောင်ပြောလို့ရပါတယ်နော်။ တည်ငြိမ်လှပတဲ့ အပြာရောင်လေးကို ရိုးရိုးယဉ်ယဉ်လေး ပုံဖော်ထားတဲ့ ဒီဇိုင်းကြောင့် သူမရဲ့ အလှကို တည်ငြိမ်ရင့်ကျက်တဲ့ အသွင်ကို ဖော်ဆောင်ပေးနေပါတယ်။
မြန်မာဝတ်စုံကို ဖက်ရှင်ကျကျနဲ့ အမြဲဝတ်ဆင်တတ်သူပီပီ Teresa က ဒီတစ်ခေါက်မှာတော့ ခဲရောင်ဝတ်စုံလေးကို ဒီဇိုင်းဆန်းဆန်းနဲ့ ဝတ်ဆင်ထားပြန်ပါတယ်။ ဒီဝတ်စုံလေးရဲ့ ထူးခြားချက်ကတော့ ညာဘက်လက်ဒီဇိုင်းပဲ ဖြစ်ပါတယ်။ ဒီ ဒီဇိုင်းလေးကြောင့်လည်း သူမကို ဖက်ရှင်ကျနေစေပါတယ်။