ပျော်ရွှင်နေမှသာ လှနိုင်မယ်လို့ ကင်ထည်ဟီး ဖွင့်ဟ
mmtimes.com
|
2019-11-18



ပျော်ရွှင်နေမှသာ လှနိုင်မယ်လို့ ကင်ထည်ဟီး ဖွင့်ဟ

မြန်မာပရိသတ်က ခင်ဌေးရီ ရယ်လို့ ချစ်စနိုးနဲ့ ခေါ်ဆိုတာခံခဲ့ရတဲ့ တောင်ကိုရီးယားသရုပ်ဆောင် ကင်ထည်ဟီးက ပျော်ရွှင်မှသာ လှနိုင်မယ်လို့ ယူကျုဗီဒီယိုချန်နယ်တစ်ခုကနေ ပြောဆိုထားပါတယ်။

ကင်ထည်ဟီးဟာ အသားအရေထိန်းသိမ်းရေးပစ္စည်းတစ်ခုကြော်ငြာရင်း အဲ့လိုပြောဆိုခဲ့တာဖြစ်ပါတယ်။ သရုပ်ဆောင်ဟာ သူနှစ်ခြိုက်တဲ့ အလှကုန်ပစ္စည်းတွေအကြောင်းကိုသာမကဘူး သူ့အလှအပရဲ့ လျှို့ဝှက်ချက်ကိုလည်း ထုတ်ပြောခဲ့ပါသေးတယ်။

ကင်ထည်ဟီးဟာ တောင်ကိုရီးယားသရုပ်ဆောင်တွေထဲမှာ အလှဆုံးဆိုတာကို ငြင်းလို့ရမယ်မထင်ပါဘူး။ သူဟာ သူ့ခန္ဓာကိုယ်အတွက်သုံးမယ့် အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်ရင် စေ့စေ့စပ်စပ်ရွေးချယ်တတ်လို့လည်း အဲ့လိုလှနေတာပါလို့လည်း ပြောခဲ့ပါတယ်။

လူတိုင်းက ကိုယ့်အသားအရေကို အလေးထားမယ်ထင်တယ်၊ ကျန်းမာပြီး ကြည်လင်တဲ့ အသားအရေမျိုးပေါ့ရှင်၊ ကျွန်မသုံးတဲ့ အလှကုန်ပစ္စည်းတွေနဲ့ပတ်သက်ရင် ကျွန်မဟာ သိပ်ချေးများတာ၊ အလှကုန်ပစ္စည်းတစ်ခုမှာပါတဲ့ အမျိုးအမည်တွေကို တစ်ခုမကျန် စစ်ဆေးတော့တာပါပဲ၊ ဘေးကကြည့်နေရင် အတော်ကိုစိတ်ပျက်ကြမှာပါ၊ မျက်နှာအတွက် သုံးတဲ့ အလှကုန်ပစ္စည်းတွေကိုသာမကဘူး ဆံပင်၊ ခန္ဓာကိုယ်၊ လက်နဲ့ နှုတ်ခမ်းအတွက်သုံးတဲ့ ပစ္စည်းတွေကိုလည်း လျစ်လျူရှုမထားဘဲ စစ်ဆေးတတ်ပါတယ်ရှင် လို့ ကင်ထည်ဟီးက ပြောခဲ့ပါတယ်။

ဒါ့အပြင် ပျော်ရွှင်မှလည်း လှနိုင်မှာဖြစ်တယ်လို့လည်း သူကပြောပါတယ်။ စိတ်ဖိစီးမှုကို ဘယ်လိုကိုင်တယ်မယ်ဆိုတာ သူ့ရဲ့နေ့စဉ်စီမံရတဲ့ အလုပ်တစ်ခုပဲလို့လည်း ဆိုပါတယ်။ ကျွန်မက နမ်ဆန်တောင်နားမှာနေတော့ ရာသီဥတုကောင်းတဲ့အခါတိုင်း အပြင်ကိုထွက်ပြီး လေကောင်းလေသန့်လေးရှုလေ့ရှိတယ်၊ သစ်ပင်တွေကိုမြင်ရရင် ကျွန်မ သဘာဝကျကျကုသခံလိုက်ရသလိုပဲရှင် လို့လည်း သရုပ်ဆောင်က ဆိုထားပါတယ်။


#အလှကုန်ပစ္စည်း
#ထည်
#ကင်
#သရုပ်ဆောင်
#တောင်ကိုရီးယား

Some text some message..